Monday, December 26, 2011
သူတို့လေးတွေလို
တစ်နေ့   -  -  -   -
 (၅) ကျောင်းသူလေးများ လက်ထဲတွင် သပြေပန်းစည်းနှင့်
 နှင်းဆီပန်းများကို ယူဆောင်လာပြီး ဆရာတော်ကျောင်းသို့
 ရှိခိုးနေစဉ်  -  -  -
 ``ဟေ့    --  -- သမီးတို့ ၊ ဘာလဲ  အိမ်က ယတြာချေခိုင်း
 လိုက်လို့လား  -  -ဟင်´´
``မဟုတ်ပါဘူး ဘုန်းဘုန်းဘုရား´´
 `` အော်   ဒါဆို ဆရာမ လှူခိုင်းလိုက်တာလားဟေ့´´
 ``အဲဒါလဲ မဟုတ်ပါဘူးဘုရား ၊ ဒါက တပည့်တော်တို့ သူငယ်ချင်းတွေစုပြီး မုန့်ဘိုးထဲက ၀ယ်လှူတာပါ
   ဘုရား´´
 ``အောင်မလေး   လေး ၊ တော်လိုက်တာဗျာ ၊  သာဓု  သာဓု သာဓု´´
 ``ဒါနဲ့  သမီးတို့က   တစ်ရက်ကို မုန်းဘိုးဘယ်လောက်ရလဲ´´
 ``တပည့်တော်က နှစ်ရာရပါတယ်ဘုန်းဘုန်း´´
 ``တပည့်တော်က တစ်ရာ့ငါးဆယ် ပါဘုရား´´
    စသည်  စသည်ဖြင့် မိမိတို့ပါလာသော မုန့်ဘိုးများကိုလျှောက်ထားရာ နှစ်ရာကျပ်သာအများဆုံးဖြစ်၏။
 ``အေး  သမီးတို့ ၊ ပန်းလှူရင် ဘာအကျိုးရတယ်ဆိုတာ သိရဲ့လား´´
 ``မသိပါဘူးဘုန်းဘုန်း´´
 ``မှတ်ထားကွဲ့  ၊  သမီးတို့နားလည်အောင်ပြောရရင် ပန်းလှူတဲ့သူက ဘ၀ဆက်တိုင်း ဆက်တိုင်း
     ရုပ်ချောတယ်နော်   ဟုတ်ပြီလား´´
 ``မှတ်မိလား    ပြန်ပြောပြစမ်း ၊  သမီးတို့ရေ    ပန်းလှူရင် ဘာဖြစ်တယ်  -´´
 ``ရုပ်ချောပါတယ်ဘုရား´´ ဟုပြိုင်တူ လျှောက်ထားကြလေ၏။
     ထို့နောက်ဆရာတော်သည် ကျောင်းသူလေးများကို အန္တရာယ်ကင်းဂါထာတော်ပါ ကဒ်ပြားလေးများ
     ပေးပြီး ``အေး   သမီးတို့   စာကြိုးစားကြနော် ၊  ကဲ  ကဲ  ကျောင်းတက်တော့မယ်ထင်တယ်´´
    ထိုအခါ ကျောင်းသူလေးတစ်ယောက်က  -
 ``ဘုန်းဘုန်း  ပေးဖို့တစ်ခုကျန်သေးတယ်လေ´´
 ``ဟေ့     ၊  ဘာများလဲ သမီးရဲ့ ´´
 ``ဆုပေးဖို့လေ  ဘုန်းဘုန်း´´
 ``အော်  ၊ အေး  အေး  အေး ၊ ကဲ ကဲ ယခုလိုပန်းလှူရသောအကျိုးအားကြောင့် ဖြစ်လေရာ ဘ၀တိုင်း 
    ဘ၀တိုင်း  ပန်းလိုလှလို့ မွှေးနိုင်ကြပါစေဗျာ၊ ပညာတတ် သူတော်ကောင်းသူဌေးမကြီးများဖြစ်ပြီး 
    သာသနာတော်ကိုလဲ ဒီထက်မက လှူနိုင်ကြပါစေ´´
 ``ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ဘုန်းဘုန်း´´
     ထို့နောက် ဆရာတော်အားရှိခိုးကန်တော့ ပြီးအတန်းကျောင်းသို့ပြန်သွားချိန် ဆရာတော်ရင်ထဲမှာ -
     အော် သမီလေးတွေ တော်လိုက်တာ ၊ သူတော်ကောင်းဓာတ်ခံပါလာကြတာကိုး ၊ သူတော်ကောင်း 
    လေးတွေပါလား ၊ ဒီလိုမျိုးများများသာပေါ်ထွန်းလာရင်တော့ ဒို့ဒီမှာ သာသနာပြုရကျိုးနပ်တာပေါ့။
    ဘေးရန်ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းကြပါစေ၊ သူတို့လေးတွေလိုများ -  -  -  -  -
   သူတို့အရွယ်တွေ သူတို့လေးတွေလိုစိတ်ထားလေးတွေ ထာဝစဉ်သာကိန်းပါစေတော့ -  -  -  - -  - - ။
 (ငါးတန်းကျောင်းသူ မနွယ်နီဦး နှင့် သူငယ်ချင်းများကို ဂုဏ်ပြုလျှက် -  -  )
No comments:
Post a Comment