Sunday, December 18, 2011

တရားဟောကောင်းလိုက်ပုံက



တစ်ခါတုန်းက  တရားဟောရာမှာ အလွန်ကောင်းတဲ့ ဆရာတော်ကြီးတစ်ပါးရှိသတဲ့။
တစ်နေ့ တော့ တရားပွဲ တစ်ပွဲမှာ မိဘမေတ္တာ အကြောင်းဟောပါတယ်။

တရားနာပရိသတ် များကလဲ စူးစူးစိုက်စိုက်နာ ကြပါတယ် ။ ဆရာတော် က နောက်ပိုင်းမင်းသားကြီး ပမာအစွဲအငင်ကောင်းကောင်း အသံသာသာနဲ့ ဟောတော့ တစ်ချို့ တရားနာပရိသတ်များ ဈာန်ဝင်ပြီး မျက်ရည်များတောင် ကျတဲ့လူတွေရှိပါတယ်။
ဒီလိုနဲ့ တရားပွဲပြီးလို တရားနာပရိသတ်များ ပြန်သွားကြတဲ့အခါ ဒကာမကြီးတစ်ယောက်က ဓမ္မာရုံနားမှာ ၀ဲလည်ဝဲလည်နဲ့  မျက်နှာမှာလဲ မျက်ရည်တွေထွက်ကျနေပါတယ်။

အဲဒါကို တရားဟောဆရာတော်က မြင်တော့ အားပေးနှစ်သိမ့်တဲ့သဘောနဲ့ အနားသွားပြီ  --  --  --
``အော်  ဒကာမကြီးကလဲ  ၀မ်းနည်းတတ်လိုက်တာ၊  ဒီလိုမှန်းသိရင် ဘုန်းကြီး နည်းနည်း လျှော့ဟောပါတယ် ၊ မငိုပါနဲ့ဒကာမကြီးရယ် ၊  တိတ် တိတ် ၊ ကဲ ကဲ အိမ်ပြန်တော့လေ ။ မိုးချုပ်နေပြီ ´´ဆိုပြီး ဆရာတော်က အားပေးရှာသတဲ့။။

အဲဒီတော့ ဒကာမကြီးက ပြန်ပြောလိုက်တာက --   --   -  -  -
``သူများမှ ဖိနပ်ပျောက်လို့ ငိုပါတယ်ဆိုမှ ဒီကိုယ်တော်ကတစ်မျိုး ´´ တဲ့

No comments:

Post a Comment