Saturday, April 28, 2012

သာသနာပြု သြ၀ါဒ အပိုင်း ( ၁ )



ဦးဇင်းတို့ သာသနာပြုတဲ့နေရာမှာဘဲဖြစ်ဖြစ် ဘယ်နေရာမှာဘဲရောက်ရောက် ဦးဇင်းတို့တွေ လိုက်နာသင့်တာ စောင့်ထိမ်းသင့်တာတွေထဲက အဓိကကျတာလေးကို တပည့်တော် သတိ
ပေးလိုက်မယ်။

အဲဒါ ဘာလဲဆိုရင် ရဟန်းတော်တွေ ဦးဇင်းတွေဘက်ကကြည့်ရင်   ကုလမစ္ဆရိယပေါ့ဘုရား
လူတွေဘက်က ကြည့်ရင် ပုဂ္ဂိုလ်စွဲပေါ့ဘုရား။  အဲဒါလေးတော့သတိထားကြပါအရှင်ဘုရား
တို့။

လူတွေဟာ ဓမ္မအသိကို ရှာဖွေရမည့် အရွယ်မှာ မရှာဘဲ သံယောဇဉ်တွေကိုဘဲ အားကိုးနေ
တတ်ကြတယ်။ အဲဒီတော့ ဘုရားတရားသံဃာဆိုတဲ့   ရတနာ ၃ ပါးကိုတောင် သံယောဇဉ်
အနေနဲ့ ချဉ်းကပ်လာတတ်ကြတယ်။

ရဟန်းတော်တွေဘက်ကလဲ ကုလမစ္ဆရိယတွေက ဖြစ်လာပြီဆိုရင်တော့ ဘာပြောကောင်း
မလဲဘုရား ဒီဆရာတပည့်တွေမှ ငရဲမရောက်ရင် ဘယ်သူတွေရောက်မလဲ။   ဦးဇင်းတို့က
အဲဒါမျိုးတွေဆို သတိကြီးစွာထားကြရမယ်။

တကယ်ဆို ရဟန်းတွေက ဒကာ ဒကာမတွေကို ဓမ္မအသိဘဲပေးရမယ်။ ဘုရားက ပေးစေ
ချင်တာလဲ အဲဒါဘဲ။ လူတွေအလွန်ပြောတတ်ကြပါတယ် ။ ဘာတဲ့  - - - ။ သံယောဇဉ်ကြိုး
က သိပ်ခိုင်တာတဲ့။ ဟုတ်တာပေါ့ သိပ်ကို ဟုတ်တယ် ။ ခိုင်လွန်းလို့ အပါယ်လေးပါးကနေ
ဘယ်မှကို သွားလို့မရဘူး။ အေး  ဦးဇင်းတို့   ဒကာ ဒကာမတွေကို    ဓမ္မအသိမပေးဘဲနဲ့
သံယောဇဉ်တွေ ပေးလို့ကတော့ ဒီကနေကို တက်မှာမဟုတ်ဘူး။ စိတ်သာချကြဘုရား။

အမယ် တစ်ချို့က လာသေးတယ်။ ဘာတဲ့ - - - ``မယ်တော်ကြီး´´တဲ့။      ဟုတ်လား။
အေး  တို့ကတော့ ငရဲသွားမဲ့ သားအမိတွေဘဲ ။ ဒီလိုဘဲမြင်တယ်ကွဲ့။

တို့သာသနာမှာ ဓမ္မအသိဥာဏ်အားကြီးတဲ့သူက လူကြီးပဲ။      အသက်ကြီးလို့ ငါလူကြီး
ဖြစ်မယ်မကြံနဲ့။ ဦးဇင်းတို့ စဉ်းစားကြည့်လေ။       အနာထပိဏ်ကျောင်းဒကာကြီးကို သူ့
သမီးက သေခါနီးမှာ  ဘယ်လိုခေါ်လိုက်လဲ။ သိကြလား။ မောင်လေးလို့ ခေါ်တာဗျ ဦးဇင်း
တို့ရေ။

အဲဒါသေချာစဉ်းစားကြည် သမီးဖြစ်တဲ့သူက ဖအေကို မောင်လေးလို့ခေါ်တာ   ဓမ္မအသိ
ဘက်မှာ သူ့ထက် အဆင့်နိမ့်သေးလို့အဖေဖြစ်သော်လဲ မောင်လေး လို့ ဒီလိုခေါ်တာ။

တို့လူတွေကတော့ ဟုတ်ပေါင်ဗျာ။   ဘာမှမသိသေးတဲ့ လူကိုလဲ သံယောဇဉ်တွေပေးပြီး
မယ်တော်ခေါ်လို့ခေါ်     ဟိုး ဘာမှမသိတဲ့  ဒကာတွေ ဒကာမတွေကလဲ အဲဒါလေးကိုဘဲ
သာယာပြီးတော့  ဘာမှမသိတဲ့နေရာဘဲရောက်ကြရတော့မယ်။ အေး လူတွေကလဲ တယ်
ခက်တယ်ကိုး။ အဲလိုလေး သံယောဇဉ် အရိပ်လေး ပြလိုက်ရင် ဒီကိုယ်တော်လေးကတော့
တို့အပေါ် သံယောဇဉ်ရှိတယ်။ ဒီလို ဒီလို ဂုဏ်ယူနေတာလေ။    ကြာလာတော့ ပုဂ္ဂိုလ်စွဲ
ဖြစ်မှန်းမသိဖြစ်လာတာ ဒါကိုသူတို့က မသိရှာဘူး။ အေး တို့ကတော့ သိပ်သနားတယ်။

ဒါ့ကြောင့် ဘုရားက    သူတော်ကောင်းတရား  နာရဖို့ဆိုတာ အလွန်ခက်တယ်တဲ့။ ဟုတ်
ကဲ့လားကွဲ့။

ဒကာ ဒကာမတွေက ရဟန်းတော်တွေ တွေ့တိုင်း သူတော်ကောင်းတရားနာရမယ်မထင်နဲ့။
ဝေးသေးဗျာ။   ကိုယ့်လူတွေကလဲ တရားဟောဖို့ ပြောဖို့ ဝေးစွ။  တောင်စဉ်ရေမရတာတွေ
ပြောပြီး နေလိုက်ကြတာ    သူတော်ကောင်းဟန်သာရှိပြီး   ဓမ္မအဆံမရှိတဲ့ကိုယ်တော်တွေနဲ့
တွေ့ပြီးသူတို့ကို သူတို့ကတော့တကယ့်ဘာသာရေးကိုဘဲလုပ်နေသလိုလို ပတ်ဝန်းကျင်ကို
များပြောလိုက်ရင် တို့က ဘုရားနဲ့ တရားနဲ့ နေတာ။  ဘာညာ အမယ် လာသေးတယ် ပြော
လိုက်တဲ့ စကားတွေက။

အေး ယနေ့ခေတ်မှာတော့ ဦးဇင်းလေးတွေက   စာမေးပွဲလေးတွေအောင်တယ်ဆိုရင်ဘဲ
ရဟန်းကိစ္စပြီးသလိုလို    ဒကာ ဒကာမတွေက ဘွဲ့ထူး ဂုဏ်ထူးတွေရှိရင် အဲဒီကိုယ်တော်
ကို ပညာရှိ ပညာတတ် သူတော်ကောင်းအနေနဲ့ တယ်လဲ ကိုးကွယ်ချင်ကြတယ်။

စာသိသာရှိပြီး ဥာဏ်ပညာသိမရှိတဲ့      ကိုယ်တော်လေးတွေက          ကိုးကွယ်သူဒကာ
ဒကာမတွေ များလာတော့ မာန်တွေတက်    အရိုသေတွေမဲ့နဲ့   ငရဲသွားမဲ့ လူတစ်စုတော့
လက်မှတ်တွေ တိုးဖြတ်နေတာလို့ဘဲ တို့ကမြင်တယ်ကွယ်။

ဦးဇင်းတို့   ဘုရားကို တကယ်ကြည်ညိုရင်     သာသနာကို    တကယ်တန်ဘိုးထားတယ်
ဆိုရင်     ဒကာ ဒကာမတွေနဲ့တွေ့တဲ့အခါ      အရှင်မဟာကဿပ တို့    ကျင့်သလိုသာ ကျင့်နိုင်အောင်ကြိုးစားကြကွဲ့။

အေး  အတက်လမ်းက ပင်ပန်းတာတော့မှန်တယ်။    မတက်ဘဲနေရင်တော့  ဒီထက်ဆိုးရုံ
ဘဲရှိတော့တယ်။ ဆက်လက်ကြိုးစားသာသနာပြုနိုင်ကြပါစေကွယ်။

`` သာဓု ၊ သာဓု ၊ သာဓု ´´ 
                                                                    (  သြ၀ါဒမှတ်စုများ )

Sunday, April 22, 2012

သတိ သတိ သတိရှိကြပါကုန်



အကြောင်းအရာ။         ။ နေရာရွှေ့ပြောင်းသွားခြင်း။

အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သတ်၍ လူအများကို  ဒုက္ခကောင်းကောင်းပေးနေသော
 တစ္ဆေ သရဲ သဘက် ဘီလူး မှင်စာ ရက္ခိုသ် မြေဖုတ်   ကျွတ် စသောမကောင်းဆိုးဝါးများသည်
လက်ရှိနေရာမှာ   နေရေးထိုင်ရေး  ဒုက္ခပေးခြင်း  စသောအကြောင်းအရာများ  အဆင်မပြေပါ
သဖြင့် နေရာသစ်သို့ ပြောင်းရွှေ့  လုပ်ကိုင်ကာ  ဒုက္ခ ဆက်လက်ပေးတော့မည်ဖြစ်ပါကြောင်း
မကောင်းသတင်းပါးလိုက်ပါသည်။

ယခုပြောင်းရွှေ့မည့်နေရာမှာ တစ်ခြားမဟုတ် facebook , G-talk , blog ,   vzo,   skype ,
စသည်တို့တည်ရှိရာ  internet   ပေါ်တွင်သာ   24 hour    ဆက်လက်တည်ရှိနေမည်ဖြစ်ပါ
ကြောင်း ပြည်သူအပေါင်းတို့အား အသိပေးကြေငြာအပ်ပါသည်။

အွန်လိုင်းသရဲ ဟုသာ ဆက်လက်အသိမှတ်ပြုပေးကြပါရန်။

                                                                                  ပုံ/
                                                                      --------------------။

Saturday, April 14, 2012

သူတော်ကောင်းဓာတ်ခံ အားနည်းခြင်း


      
   ``သူတော်ကောင်းတရား ကြားနာဖို့ဆိုတာ အလွန်တရာမှ ခဲယဉ်းလှပေ၏။´´
                                                                                              ( ဗုဒ္ဓ )

ကံကောင်းထောက်မလို့ သူတော်ကောင်းတရားနာကြားခွင့်ကြုံတွေ့သော်လည်း စိတ်ဝင်စားမှု
ရှိရန် သာလွန်ပြီး ခဲယဉ်လှမည်ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော်ယနေ့မျက်မှောက်ခေတ်
တွင် သူတော်ကောင်းတရား ကျင့်ကြံပွားများ အားထုတ်မှုတို့   အလွန်နည်းပါးသောကြောင့်ဟု
ပင် ပြောရမလို။

မြတ်ဗုဒ္ဓ၏ တရားဓမ္မကို ပါရမီဓာတ်ခံရှိသော သူတို့သည်သာ ကောင်းမွန်စွာ နားလည်နိုင်ကြ
သဘောပေါက်နိုင်ကြလေ၏။

ငယ်စဉ်အခါ စာသင်သားဘ၀တွင် အဖြစ်အပျက်လေးတစ်ခုကို သတိရမိပါသည်။ ညစဉ်ဘုရား
ဝတ်တက်ပြီးသောအခါတိုင်း ဆရာတော်သည် အမြဲတမ်း သြ၀ါဒပေးလေ့ရှိ၏။   အဆုံးအမပေး
သော်လည်း မိမိ၏စိတ်ကူးအယူအဆကိုပြောသည်မဟုတ် ဘုရားရှင်ဟောတော်မူသော   ပါဠိ
တော်လာ ဂါထာများကို ပြန်လည် ဆုံးမခြင်းသဘောဖြစ်ပါသည်။

သို့သော် ငယ်ရွယ်သောကြောင့်လားမသိပေ ထိုတရားဓမ္မများကို စိတ်ဝင်စားခြင်းထက် သြ၀ါဒ
မြန်မြန်ပြီးဆုံးခြင်းကိုသာတောင့်တတတ်၏။ တကယ်တမ်းတော့အရွယ်ကိုဘဲလွှဲချလိုက်ခြင်းပါ။
အကယ်၍များ   ဘုရားဝတ်တက်ပြီး သြ၀ါဒမပေးဘဲ   ပြန်လွှတ်လိုက်သောနေ့ဆိုလျှင်  ခါတိုင်း
ထက်ပိုပြီး ပျော်သည်ထင်ရသည်။

တကယ်တမ်း စဉ်းစားကြည့်သောအခါတွင်  မိမိသန္တာန်မှာ  သူတော်ကောင်းတရားကိန်းဝပ်နိုင်
သော ဓာတ်ခံ မရှိခြင်း အားနည်းခြင်းဟုသာ သဘောပေါက်မိပါသည်။

လူသားတစ်ယောက်သည် သူတော်ကောင်းတရားကို နာယူခြင်း လေ့လာခြင်းထက် အေးဆေး
သက်သာစွာနေထိုင်ခြင်း ( ဖာသိဖာသာ နေခြင်း )    ကိုပိုပြီး နှစ်ခြိုက်သောသဘောရှိသည်ဟု
ထင်မိပါသည်။

အပေါ်ယံလေ့လာမှုသည် စစ်မှန်သော အေးချမ်းမှုကို မဖြစ်စေနိုင်ခြင်းသဘောကို သတိထား
မိဟန်မတူပါ။

ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် သေချာသည်ကတော့ မိမိသန္တာန်မှာ သူတော်ကောင်းဓာတ်
ခံအားနည်းနေသေးသည်ကိုပဲ တွေးမိပါတော့သည်။

ထို့ကြောင့် ကုသိုလ်ပါရမီများ ဆက်လက်ဖြည့်ဆည်းရန်သာလိုနေပါသေးသည်ဟု မိမိကိုယ်ကို
ကိုယ်ကောက်ချက်ချမိပါသည်။