Saturday, December 17, 2011

သတိထားတတ်ရင် အသိတရားထွက်ပါတယ်


လူရယ်လို့ဖြစ်လာရင် လောကဓံတရားတွေနဲ့ ရင်ဆိုင်ကြုံတွေရတာဟာ သဘာဝပါဘဲ။
တကယ်တော့ အကဲ့ရဲ့ခံရတာဟာ ကြောက်စရာမဟုတ်ပါဘူး။
ကိုယ်က သူများကိုကဲ့ရဲ့မိမှာကိုပဲ ကြောက်ဖို့လိုတာပါ။

ပြုသူအသစ်ဖြစ်သူအဟောင်းဆိုကို မမေ့သင့်ဘူးလေ။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်တောင်မှ ကဲ့ရဲ့မှု၊ ပြစ်တင်မှု၊ ဝေဘန်မှုတွေ ခံခဲ့ရသေးတာဘဲ။
တစ်ခြားသောလူများဆို ပြောဖွယ်ရာမရှိပါဘူး။
လောကမှာ ကိုယ့်ထက် သီလ သမာဓိ ပညာ စတဲ့တရားတွေ သာလွန်တဲ့လူတွေ မြောက်များစွာရှိနေပါလိမ့်မယ်။
ဒါ့ကြောင့်  ကိုယ်ပြစ်မှား စော်ကားမိလိုက်တဲ့သူက ကိုယ့်ထက် သူတော်ကောင်းတရားတွေကို ပိုပြီးကျင့်ကြံနေတာဆိုရင်  သံသရာမှာ ကိုယ်ဘဲပိုပြီးနစ်နာသွားနိုင်တယ်လေ။

ဆုံးရှုံးမှုတွေကို မလိုချင်ပေမဲ့ စဉ်းစာမှုမရှိတဲ့အခါ ၀င်လာတတ်တဲ့သဘောရှိတယ်လေ။
သတိထားတတ်ရင် အသိတရားထွက်ပါတယ်။






No comments:

Post a Comment