Monday, December 26, 2011

ဘ၀နှစ်ခုနဲ့လူ



ဘ၀နှစ်ခုကိုပိုင်ဆိုင်သူကား တစ်ခြားမဟုတ်ပါ။

နာမည်အရင်းက ဥတ္တရာ ဟုခေါ်ပါသည်။
အလုပ်အကိုင်က ဥတေနမင်းကြီး၏မိဖုရား သာမာဝတီ ကိုနေ့စဉ် ပန်းဆက်သခြင်း။
သာမာဝတီမိဖုရားအားပန်းဆက်သရန် ဥတေနမင်းထံမှ နေ့စဉ် အသပြာ ရှစ်ကျပ်ကိုယူပြီး တကယ်တမ်းပန်းဆက်သသောအခါ လေးကျပ်ဖိုးမျှသာ။

ဥတ္တရာ၏ထူးခြားသောအမှတ်အသားက ခါးကုန်းခြင်း ။ ထို့ကြောင့် ခါးကုန်းမဥတ္တရာဟုသာလူသိများကြ၏။

တစ်နေ့ --  --  --  --
ပန်းဆိုင်တွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်မြတ်တို့အား ဆွမ်းကပ်လှူပွဲရှိသဖြင့် ဝေယျာဝစ္စပြုလုပ်  ရင်းတရားနာသောအခါ သောတာပန်တည်သွားလေ၏။

 ထိုအချိန်မှစပြီး မတရားမှုမှန်သမျှကို ဘယ်သောအခါမှ မလုပ်တော့ပေ။ 

 အော်  -  -  -  -တရားတစ်ပုဒ်ကိုနာယူလိုက်ခြင်းက ဘာမျှအချိန်မကြာလိုက်ပေမဲ့ ဘ၀တစ်ခုပြောင်းလဲခြင်းက သိသာလှပေ၏။ 

  ``ဓမ္မစကား ၊ နေ့တိုင်းကြားက ၊ စိတ်ထားဖွေးလက် ၊ သိဥာဏ်ထက်၏´´

 တရားအသိနဲ့ ဘ၀ကို လျှောက်လှမ်းသွားခဲ့တဲ့လူတွေရဲ့ဖြစ်စဉ်တိုင်းဟာ     နောင်လာနောက်သားတွေအတွက် အတုယူစရာလမ်းစဉ်ဖြစ်သလို  အေးချမ်းမှုကိုပြတဲ့မြေပုံတစ်ခုလဲဖြစ်ပါတယ်။
အခုတော့ ဥတ္တရာဘ၀ပြောင်းလဲသွားပြီလေ ။ အရင်က သူခိုး အခုတော့ သူတော်ကောင်းမ။

 ဆိုလိုရင်းကတော့ လူသားတိုင်း တရားနာသင့်တယ်ဆိုတာပါဘဲ။
တရားတစ်ပုဒ်နာလိုက်ရတာဟာ အဲသလောက်တောင်ပြောင်လဲသွားတာဆိုရင် လူတွေဖမ်းပြီး အပြစ်ပေးနေမဲ့အစား စိတ်ဓာတ်တွေပြောင်းလဲသွားအောင် လူနေမှုဘ၀တွေအဆင့်တန်းမြင့်လာအောင် ဘာတွေလုပ်သင့်တယ်ဆိုတာ ဘယ်လိုလုပ်ရမယ်ဆိုတာ သဘောပေါက်တဲ့လူတိုင်းက နာလည်ပြီးဖြစ်နေလိမ်မယ်ဆိုတာကို တင်ပြရင်း  -  -  -  -  -  -  -။

 (တရားပွဲပိတ်ခြင်းများကို ရည်ရွယ်ပါသည်)

No comments:

Post a Comment