တစ်ယောက်ထဲတောင်
တည့်အောင်နေဖို့ အခက်သားလားနော်။ ဒီတော့ ပတ်ဝန်းကျင်ကို
ပြဿနာရှာနေတာလဲ တကယ်တော့ မဆန်းပါဘူး။
တစ်ခါတစ်လေတော့လဲ - “သြော် - လောက လောက” လို့တောင်ငြီးလိုက်မိတယ်။ မဆီမဆိုင်ပါပဲလေ။
တကယ်တော့ လောကထဲမှာရှိတဲ့လူတွေကပဲဖြစ်နေတာပါ။ ဒါကြောင့် ( သြော်- လောက လောက ) ဟုတ်တော့ဘူး။
“သြော်- လူတွေလူတွေ ”လို့ပဲ ပြောင်းငြီးရုံပဲပေါ့။ ကိုယ့်ကိုအလိုလိုက်
အကြိုက်ဆောင်မှ သူ့ကိုသဘောကျတာကိုး။ ဒါပေမဲ့ - သူ့အကြိုက်ကို ကိုယ့်ဘက်က လိုက်ပေးဖို့ကျတော့
(အဟင်းးးးး) အင်..တင်..တင်။
အင်း ဒုက္ခ
ဒုက္ခ။
လောကဓံတရားကြီးက
ဒုတ်ကနဲမြည်အောင် ရိုက်ချလိုက်တော့မှ ပတ်ဝန်းကျင်ကို ခယဖို့ သတိရတော့တယ်။ ဒီလိုဆိုတော့လဲ
ဒုက္ခရောက်ပြီးသွားမှ အပိုးကျိုးသွားတာကိုး။
(ဟိ . ဟိ) ရယ်တော့ ရယ်ရသားဗျ။ ဒါပေမဲ့ တစ်ချို့ကျတော့ ဒုက္ခရောက်ပြီးတာလဲ သံဝေဂမရ။
“သန်းခေါင်ယံထက် ဥာဥ့်မနက်တော့ဘူး”ဆိုပြီး ဆက်၍ မိုက်မြဲ မိုက်လျှက် မိုက်ဇာတ်ကနေတုန်းပါပဲလား။
မိုက်နိုင်သူတွေ
မိုက်ကြပါစေ။ နောက်ဆုံးတော့ ကိုယ်စတဲ့ဇာတ် ကိုယ်ပဲပြီးအောင်ကရမှာလေ။ မိုက်ဇာတ်ရှည်ခဲ့သမျှ
ကိုယ်ပဲခံရမှာကိုး။
ဆိုတော့ကား
-(ဆိုတော့ကား) မိုက်တယ်ဆိုတာကလဲ ကိုယ့်ရဲ့စိတ်ကိုအလိုလိုက်မှုတစ်ခုပဲ မဟုတ်လား။ စိတ်ထဲရှိတိုင်းမိုက်၍ ပတ်ဝန်းကျင်အရွဲ့တိုက်နေမည်
ဆိုလျှင်တော့ဘယ်သောအခါမှ အေးချမ်းကြလိမ့်မည် မဟုတ်ပေ။
သြော် - လူတွေ
လူတွေ တစ်ယောက်ထဲတောင်တည့်အောင်မနေနိုင်ကြတာ
ပြဿနာတွေမီးထွန်းရှာနေတာလဲ တကယ်တော့ မဆန်းပါဘူးလေ။
အင်း
- ဒါဆို လျှာရှည်ပြီးရေးနေမိတာကိုက ငါပဲ မှားနေလားမသိ။
No comments:
Post a Comment