Friday, April 12, 2013

ဂုဏ်ပြုမှတ်တမ်းများ


သီရိလင်္ကာနိုင်ငံတွင် လာရောက်ပညာသင်ကြားနေကြသော စာသင်သားရဟန်းတော်များ မပင်မပန်း ချမ်းသာစွာဖြင့် မိမိတို့အလိုရှိသော ပညာရပ်များသင်ကြားနိုင်စေရန်ရည်ရွယ်၍ ဘ၀တစ်ပါးပြောင်းသွားသော ခမည်းတော်ကြီး ဦးသောင်းအားရည်စူးပြီး မယ်တော်ကြီး ဒေါ်နှင်း (သား) အရှင်အာစိဏ္ဍ္ဂ ( မျိုးဆက်သစ်အရှင်) မှ (USD-100) အားလှူဒါန်းခဲ့ပါတယ်။ ၄င်းနောက် မိမိ၏ ရဟန်းဒကာ- ဦးမင်းအောင်+ရဟန်းဒါယိကာမ - ဒေါ်ရီရီစန်းတင့်မိသားစု၊ ၄င်းနောက် ရဟန်းဒကာ (ကံထပ်) ဦးအောင်နိုင်+ ရဟန်းဒါယိကာမ (ကံထပ်) ဒေါ်ရီရီမြင့် (အဖေ့ခြေရာ-မြတ်) ပန့် ဆီဆိုင်မိသားစု ၊ ၄င်းနောက် မိမိအား ငယ်ရွယ်စဉ်အခါ စာသင်သားဘ၀ ကတည်းကလိုအပ်သည်များကို တတ်နိုင်သလောက်ထောက်ပံပေးခဲ့ကြသော တစ်ဝမ်းကွဲ အမများဖြစ်ကြသည့် (ဦးအောင်သန်း) + ဒေါ်စိန်မေ ၊ ဒေါ်မြသန်း (သမီး) မဇင်ဇင်မိုးတို့မှလည်း အသီးသီး (USD-100)ကို သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ ၊ မကုဋာရာမမြန်မာကျောင်း နာယကဆရာတော် ( မန္တလေး) အထံသို့ အလှူရှင်များကိုယ်စား လှူဒါန်းပေးခဲ့ပါတယ်။

ယနေ့ယခု ပြုခဲ့သမျှသော ကုသိုလ်ကောင်းမှု  အစုစုကို မျိုးဆက်သစ်အရှင် ဘလော့ဂ်သို့  လာရောက်လည်ပတ်ကြသော အားလုံးသော စာဖတ်ပရိသတ်များနှင့်တကွ အားလုံးသော ပုဂ္ဂိုလ်သတ္တ၀ါများ အကျွန်ုပ်နှင့် ထပ်တူထပ်မျှ ကုသိုလ်ရရှိပါစေခြင်းအကျိုးငှာ ကုသိုလ်ကောင်းမှု့၏ အဖို့ဘာဂဟူသမျှကို အမျှပေးဝေအပ်ပါတယ်။ သာဓု ခေါ်ဆိုနိုင်ကြပါစေသတည်း။ ။ 

အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများဖြင့် ဂုဏ်ပြုအပ်ပါသည်။

မျိုးဆက်သစ်အရှင် ၏ အလှူတော် ( သာဓု ခေါ်ဆိုနိုင်ပါစေရန်)
ရဟန်းဒါယကာ-ဦးမင်းအောင်+ရဟန်းဒါယိကာမ-ဒေါ်ရီရီစန်းတင့်မိသားစုအလှူတော်
(ဦးအောင်သန်း)+ဒေါ်စိန်မေ၊ဒေါ်မြသန်း (သမီး) မဇင်ဇင်မိုး-  အလှူတော်
ရဟန်းဒါယကာ-ဦးအောင်နိုင်+ရဟန်းဒါယိကာမ-ဒေါ်ရီရီမြင့်မိသားစု အလှူတော်

No comments:

Post a Comment