Sunday, December 25, 2011

ရလာဒ်

    

    အိမ်ခြေ ၁၅၀၀ ၀န်ကျင်လောက်ရှိသော ရွာတစ်ရွာတွင် ကြီးကျယ်ခန်းနားသော ဓမ္မာရုံတစ်ခု   ဆောက်လုပ်လျှက်ရှိရာ ရန်ပုံငွေလိုအပ်သဖြင့် တရားပွဲကျင်းပကြလေ၏။
တရားနာလာရောက်ကြသော ပရိသတ်မှာလဲ အလွန်တရာမှစည်းကားလှ၏။
တရားပွဲပြီးဆုံးသွားပြီးနောက် တကာ ၊ တကာမများက ၀မ်းသာအားရဖြင့်ဆရာတော်ကို လာရောက်လျှောက်ထားကြရာ  -  -  -  -  -  -

`` ဆရာတော်ဘုရား  ၊ တရားဟောတဲ့ဦးဇင်းလေးတွေက တကယ်တော်ကြပါတယ်ဘုရား။
   တကယ်ကို နာမည်ကြီး ဓမ္မကထိက ကြီးဟောနေတဲ့အတိုင်းပါဘဲဘုရား။´´

``ဟုတ်ပါတယ်ဘုရား ၊ တစ်ချို့တရားနာပရိသတ်ဆို မျက်ရည်တောင်ကျတယ်ဘုရား ´´

`` ဟုတ်တယ်ဆရာတော် ၊ ဦးဇင်းလေးက အစွဲအငင်ကောင်းကောင်းနဲ့ဟောလိုက်တာ     တပည့်တော်တို့ရင်ထဲတောင် စို့တက်လာပြီး ၀မ်းနည်းသလိုလိုတောင်ဖြစ်တယ်ဘုရား´´

``အော် အော်  တရားပွဲရလာဒ်က ဘယ်လိုဖြစ်တာပါလိမ့် ၊ ဘုရားရဲ့တရားတော်တွေဟာ  ရူးနေတဲ့ ပဋာစာရီတောင်မှ အရူးရောဂါပျောက်သေးတယ် ၊ အခုဟာက ကောက်ချက်မှားနေပြီထင်တယ်´´

``တကာ တကာမတို့ ၊  တရားနာတယ်ဆိုတာ ရင်ထဲမှာရှိနေတဲ့အပူတွေငြိမ်းရမယ်လေ ၊  ဘယ်လိုဖြစ်လို့အပူတွေတိုးလာရတာလဲ´´

`` ဓမ္မကထိကရဲ့ တရားနာပရိသတ်အပေါ်မှာ ထားတဲ့နှလုံးသွင်းက ဘာများပါလိမ့် ၊  ဇာတ်ကောင်ကို နာအောင်ဖန်တီးပြီး သူနာမည်ကြီးအောင်များဟောလိုက်တာလား ၊ ဘ၀နာနေတဲ့ လူသားတွေကို ဘာသာတရားရဲ့ ငြိမ်းအေးမှုအရိပ်အောက်ကို ပို့ချင်တာမှဟုတ်ရဲ့လား ၊ အော်  ဒါကလဲ ဓမ္မကထိက ကိုယ်တိုင်သာသိပါလိမ့်မယ် ၊ ကိုယ်လိုချင်တာက အေးချမ်းမှု့ သူပေးနေတာက -  -  - ဘုရား ဘုရား  သာသနာကိုတကယ်တန်ဘိုးထားသူများသာ အောင်မြင်ကြပါစေ´´ ဟုသာ ဆုတောင်းရင်း  ကျောင်းထိုင် ဆရာတော်မှာ ရင်မောလျှက် ။  ။  ။

(တကယ့်ဖြစ်ရပ်လေးကိုအခြေခံလျှက် -  -  -)

No comments:

Post a Comment