Thursday, December 29, 2011

သုံးယောက်နဲ့တစ်ယောက်

``ကျောင်းထိုင်ဆရာတော်လူထွက်သွားပြီ ´´ တဲ့။

ကြားလိုက်ရတဲ့သတင်းကြောင့် တစ်ရွာလုံးတုန်လှုပ်ချောက်ခြားသွားလေတော့၏။
ငိုသူတွေကငိုလို့  ကြေကွဲဝမ်းနည်းသူက ၀မ်းနည်းလို့ မတည်မြဲတဲ့ လောကသဘာဝကို ဥပေက္ခာပြုထားသူတွေ။
တကယ်တော့ ဘုန်းကြီးတစ်ပါး လူထွက်သွားတာဟာ ကိုးကွယ်သူများအတွက် ကမ္ဘာကြီးပျက်သလို မိုးပြိုသလို ဖြစ်ကောင်းဖြစ်ပေမဲ့
ကာယကံရှင်ကိုယ်တိုင်အတွက်တော့ သူရွေးချယ်တာမှန်တယ်လို့ဘဲ သဘောပိုက်ထားမည်လားမသိ။

ရပ်ထဲရွာထဲမှာတော့ ထိုလေးငါးရက်အတွင် တစ်ခြားသတင်းက ၀င်ရောက်မထိုးဖောက်နိုင်ချေ။
ဘာကြောင့်လူတွေ ဒီလောက်ဝမ်းနည်းနေကြသလဲ ။ စဉ်းစားမိပါသည်။
အော်  -  -  -  - သာသနာတော်ကို တန်ဘိုးထားလို့ပေါ့   -  - ဟုသာကောက်ချက်ပြုချင်ပါတော့သည်။

ဇာတ်လမ်းကားထိုမျှနှင့် မပြီးသေး။
လူဘ၀ရောက်ပြီဆိုတော့ လူသားသဘာဝ အိမ်ထောင်ပြု သားကျွေးမှု မယားကျွေးမှုတွေလဲရှိလာပြီလေ။
ဘ၀ကံအကျိုးပေးကောင်းချင်တော့ သားယောက်ျားလေး ၃ ယောက် သမီးလေး  ၁ ယောက်ဖြင့်လူ့ဘ၀ဇာတ်ခုံမှာ
လောကဓံကိုအံတုလို့ ပေါ့။

ပါရမီကောင်းတဲ့သားတွေလို့ဘဲ ပြောရမလား အဖေ့သွေးပါတယ်ဘဲဆိုရလေမလားမပြောတတ်ပါ။
သားသုံးယောက်လုံး သင်္ကန်းဝတ်လျှက်သာ စာပေများကိုသင်ကြားရင် နောက်ဆုံး ကျောင်းထိုင်ဆရာတော်ကြီးဖြစ်သူဖြစ် ၊
တရားဟောသူက ဟော ၊ စာချသူက စာချ လို့ ၊

အခုတော့လည်း ပြောစမှတ်ပြုစရာ စကားလေးတစ်ခွန်းထွက်ပေါ်လာခဲ့ပြီလေ။
``လူထွက်တာကို အပြစ်မမြင်ပါနဲ့ ၊ ဦးဇင်း အဖေဆိုရင် သုံးယောက်နဲ့ တစ်ယောက် လဲသွားတာလေ´´ တဲ့။

(ကာယကံရှင်၏ ခွင့်ပြုချက်ဖြင့် ရေးသားတင်ပြလိုက်ပါသည်)

No comments:

Post a Comment