သိချင်ယောင်ဆောင်ထားသော မသိခြင်းကို ဖော်ထုတ်လိုက်သောနေ့။
တကယ်တော့ လူသားတိုင်း တွေ့နေ မြင်နေလို့ တော့ သိနေကြပါတယ်။ ဒါပေမဲ့ မသိသလိုနေုသူတွေဘဲများပါတယ်။ ထိုအရာသည် ဘ၀အတွက်အရေးမပါလို့ဘဲ မေ့ထားလေသလားဟု စဉ်းစားမိပါသည်။ အရေးပါတာမှ ဘယ်လိုမှပင်ရှောင်လို့မရအောင် ကို အရေးပါခြင်း ဖြစ်ပါသည်။
အတ္တကိုအရင်ခံပြီး ရှင်သန်လာသူများအတွက် ရှောင်ဖယ်ခြင်း ဆင်ခြေပေးခြင်းက ထာဝရ အလုပ်တစ်ခုဖြစ်နေလေတော့ ကိုယ်မှတစ်ပါး အခြားသောသူများအတွက် နေရာမပေးမိတာကို အပြစ်လို့တော့ မဝေဘန်ပါဘူး။
ပတ်ဝန်းကျင်တစ်ခုကို မင်းမူနေရရင် ပြီးပြည့်စုံသွားပြီဟု ထင်နေသူများက လောကကြီးကို မထီမဲ့မြင်ပြုနေခြင်းဖြင့် ဘ၀တစ်ခုကို ဖြတ်သန်းနေလေတော့ သူတို့ဘ၀မှာ ထိုအရာများကို မေ့ဖျောက်ခြင်းသည်ပင် စိတ်ဖြေရာတစ်ခုဖြစ်လေမလားဟုပင် သံသယ၀င်မိပါရဲ့။
တကယ်ဆို မေ့တတ်တဲ့သဘောတရားဟာ အကုသိုလ်လုပ်ရမှာ ၊ ပတ်ဝန်ကျင်ကလက်မခံတဲ့ လောကဆိုးကျိုးကိုဖြစ်ပေါ်စေတတ်တဲ့အရာတွေကို လုပ်ဖို့မေ့နေတာက ကောင်းပေမဲ့ မမေ့သင့်တာတွေကို မေ့နေတာဆိုရင်တော့ အဲဒါဟာ ဘ၀ရှင်သန်မှုမှာတော့ အနှုတ် လက္ခဏာဖြစ်တယ်ဆိုတာ သတိထားစေခြင်ပါတယ်။
မိတ်ဆွေတစ်ယောက် (သို့) အိမ်နီးခြင်းတစ်ဦး သေဆုံးသွားတာကိုတွေ့တော့ ရင်ထဲမှာ သိပ်မသိသာပေမဲ့ သွေးသားတော်စပ်သူဆိုရင် ၀မ်းနည်းဖို့ နှလုံးမသာယာဖို့ စိတ်မကောင်းဖြစ်ဖို့ကို နှိုးဆွပေးလိုက်တာက တရားခံဘယ်သူလဲ။ ပဟေဠိတစ်ခုမဟုတ်ပေမဲ့
အဖြေညှိဖို့ခက်လို့ပြစ်ထားတာလေလား ၊ ဒါမှမဟုတ် အကျင့်သားရနေလို့လား။
ဘ၀အတွက် မပြောပလောက်တဲ့ အခွင့်အရေးလေးရဖို့ကိုတောင် အပြင်အထန်ကြိုးစားနေတဲ့
လူတွေဟာ တကယ်အရေးပါတာကို မေ့တာမဖြစ်နိုင်ပါဘူး။
တကယ်တော့ - - - စဉ်းစားစရာတစ်ခုအဖြစ် ၊ သတိထားစရာတစ်ခုအနေနဲ့ သိထားတာ မဟုတ်လို့ဘဲထင်ပါတယ်။
အဲဒါကိုထုတ်ပြောခဲ့သူရှိခဲ့ပြီလေ။
တစ်ခြားတော့ မဟုတ်ပါဘူး ။ ဗုဒ္ဓ ဘဲပေါ့။
``လူသားတွေရထားတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ သေခြင်းသဘောရှိတဲ့အတွက် ဧကန်မုချ သေကြရမယ်ဆိုတာ မမေ့ကြနဲ့´´
ဥပမာတစ်ခုပြောရရင် - စာမေးပွဲဖြေတဲ့ ကျောင်းသားတစ်ယောက်က အောင်စာရင်းမထွင်ခင် အခြေနေကိုကြိုတင်သိနိုင်ပါတယ်။ မဖြေနိုင်မှန်းသိတဲ့သူက ကျမယ်ဆိုတာ တွက်ထားပြီးသား ဖြစ်တဲ့အတွက် အောင်စာရင်းထွက်လို့ ကျတယ်ဆိုလဲ ထူးခြားတဲ့ဝမ်းနည်းမှုမဖြစ်တော့ပါဘူး။
ငါ သေမှာပါလားလို့ သိနေတဲ့သူအတွက် သေဘေးနဲ့ကြုံတွေ့သော်လည်း သေမှာကြောက် တဲ့စိတ်ကတော့ လျှော့သွားတာပေါ့။
ဘုရားပြောတဲ့ စကားလေးကတော့ - - -
လက်နက်ပါတဲ့လူက အန္တရာယ်ကို မမှုဘူးဆိုတဲ့ သဘောသက်ရောက်မှုရှိပါတယ်။
တွေးထားတဲ့သူတွေအတွက်တော့ ရင်ဆိုင်ရတဲ့အခါ သက်လုံကောင်းကောင်းနဲ့ ခုခံနိုင် ပါလိမ့်မယ်။
အမှန်အားဖြင့်တော့ ကိုယ်လဲဘဲသေရဦးမှာမို့ -
မှန်ရှေ့မှာမတ်တပ်ရပ် ၊ ကိုယ်မျက်နှာကိုကိုယ် သေချာကြည့် ၊ လက်ငြှိးငေါ့ငေါ့ထိုးပြီး အားမနာတမ်း ပြောလိုက်စမ်းပါ။
``သေရဦးမယ် ၊ သတိထား ´´လို့။
ရှင်ခြင်းမမြဲ ၊ သေခြင်းမြဲ၏။
ငါသည်မုချ သေရမည် ၊ အချိန်ပိုင်းသာလိုတော့သည်။
No comments:
Post a Comment