စာသင်တိုက်များပြန်ဖွင့်နေပြီဖြစ်သည့်အတွက် ယခုနှစ်မှ အသစ်ရောက်လာသော စာသင်သား ကိုရင်များရော မနှစ်ကတည်းကရှိနေသော စာသင်သားများပါ အားလုံးစုပေါင်း စာကျက်နေကြ
ပါသည်။ စာမေးပွဲ
အောင်စာရင်းများလဲထွက်သွားလေပြီ။ အောင်သူအောင် ကျသူကျ စာမေးပွဲ
သဘာဝက
ဆုံးဖြတ်ပေးသည့်အတိုင်း မိမိတို့အတန်းဆိုင်ရာစာများကိုသာ ကျက်နေရဆဲဖြစ်ပါ
သည်။
ကိုရင်တိက္ခတို့ အဖွဲ့ထဲမှာလဲ ( D ) သုံးလုံးရတဲ့သူတွေသာများပါသည်။
( D ) သုံးလုံးဆိုလို့
တက္ကသိုလ်ဝင်တန်းတွေ ရတဲ့ Distinction လို့ခေါ်တဲ့ ( D ) တော့မဟုတ်
ပေ။ အောင်မြင်သူတွေအတွက်
( D ) ပါသလို ကျတဲ့လူတွေအတွက်လဲ ( D )ပါတယ်လို့ပြော
ရမယ်ထင်ပ။ အဲဒါတွေကတော့
-
( D ) နှစ်မှာလဲ
( D ) စာတွေကိုဘဲ
ကျက်ပြီး
( D ) စာချဆရာတွေနဲ့ဘဲ
ပြန်တွေ့ရဦးမယ်။
ဒါကတော့ အောင်တဲ့လူရော
ကျတဲ့လူပါရှိလို့ သုံးလုံးဖြစ်တာလေ။ တစ်ခါတစ်လေ အခြေနေ မကောင်းလို့ ဂေဇက်ဝိမုတ် (အောင်တဲ့လူတစ်ယောက်မှ
မရှိတဲ့)အခါတော့ ( D ) လေးလုံး
ပေါ့လေ။ ( D )
သူငယ်ချင်းတွေပါ ထပ်ထည့်လိုက်ရုံဘဲ။
ကိုရင်တိက္ခတို့
အတွက်တော့ စာမေးပွဲကျတာ သိပ်တော့မထူးဆန်းတော့ဘူးဟုပြောရမလိုပင်။
အဘယ့်ကြောင့်ဆိုသော် ( ၃
) ကြိမ်မြောက် ( D ) ရခြင်းမဟုတ်ပါလား။
ဘောလုံးသမားတွေ
အတွက်တော့ တစ်ပွဲတည်း
သုံးဂိုးသွင်းရင် ဟက်ထရစ်ရသလို တိက္ခတို့ကတော့အလတ်တန်း
တစ်တန်း တည်းကို ( ၃ )
ခါ ပြန်ကျတဲ့အတွက် ကျရှုံးခြင်း
ဟက်ထရစ် ရထားတဲ့သူဟု
ပြောရမလို။
ဥပါဒါန်ကြောင့်
ဥပါဒ်ရောက်တယ်လို့ဘဲ
ပြောရမလားတော့မသိပေ ။ ကိုရင်တိက္ခ စာမေးပွဲ မဖြေခင်က ခဏခဏပြောလေ့ရှိသော စကားလေးတစ်ခွန်းရှိပါသေးသည်။ အဲဒါလေးက-
`` စာမေးပွဲကြီး
နီးလို့လာပြီ ၊ မေးချင်တာမေး ၊ ရမ်းလို့ဖြေမည် ၊ ဒီနှစ်ကျ နောက်နှစ်ကျန်
သေးသည်´´တဲ့။
ဘာပဲဖြစ်ဖြစ်
ဒီဆရာနဲ့ပြန်တွေ့လို့ကတော့ မိအေး နှစ်ခါနာတဲ့ကိန်းဆိုက်မှာတော့ လန့်နေ
မိတာအမှန်ပါ။
ကြုံတုန်းလေးပြောပြလိုက်ပါဦးမယ် မိအေးနှစ်ခါနာတဲ့ကိန်းဆိုတာလေးကိုပေါ့။
အတန်းတူ သူငယ်ချင်း ၈
ပါးနှင့်အတူ ကစ္စည်းသဒ္ဒါကြီး စာဝါတက်တော့ဘယ်ကနေဘယ်လို
ရောက်သွားတယ်တော့မမှတ်မိတော့ပါဘူး။ မနုဿ ဆိုတဲ့ပုဒ်ကိုဂိုဏ်းစဉ်ခိုင်းပါတော့တယ်။
ဘယ်သူမှ မရတဲ့ အဆုံးတော့
တိက္ခတို့အလှည့်ရောက်တာပေါ့။
``ဟေ့ တိက္ခ မင်းရလား ၊
ဆိုစမ်းကွာ´´
ဘယ်သူ့ကိုမှ
ဆိုခိုင်းလို့မရတော့တဲ့အတွက် စာချဆရာတော် စိတ်တိုနေပါသည်။
`` ဟေ့ကောင် ၊
မရတော့ဘူးလားကွ´´
``တင် တင် တင် တင်းပ ၊ တပည့်တော် စဉ်းစားနေတာပါဘုရား
´´
``ဟာ ၊ ဒီလောက်တောင်
ညံ့ရသလား၊ ကဲကွာ `ဘုန်း´ ´´
လက်ထဲကိုင်ထားသော
သပြေကန်စာအုပ် (သရေဖုန်း) ဖြင့် ခေါင်းကိုရိုက်ခံလိုက်ရလေ၏။
ထိုအခါကျမှ ကြောက်အား
လန့်အားနဲ့ ဘယ်ကနေဘယ်လိုပါးစပ်က ထွက်လာတယ်မသိ။
`` မနုေဿာ ၊ မနုဿာ ။ပ။
မနုေဿသု´´
ဘယ်သူမှ မရတဲ့စာကို
မိမိက ဆိုနိုင်လိုက်သဖြင့် `ငါကွ´ ဆိုတဲ့ အကြည့်နဲ့ ခေါင်းလေးကို အသာလေးမော့ခါ
ကြည့်လိုက်မိပါသည်။ ထိုအခါ -
`` ဘုန်း ´´ ( ဟာ ၊
ဆော်ခံလိုက်ရပြန်ပြီ )
`` စောစောကတည်းက
အဲလိုဆိုလိုက်ရင် မင်းပါစပ်လေဖြတ်သွားမှာမို့လား။ ငါ့ကိုစိတ်တို
အောင်လုပ်တဲ့ကောင်´´။
မရတော့လဲ မရလို့တဲ့
တစ်ချက် တွယ်ခံလိုက်ရတယ်။ ပြန်တော့လဲ စောစောကတည်းက
အဲလိုမဆိုရကောင်းလားဆိုပြီး
တစ်ချက်ထပ်ပြီး အတွယ်ခံလိုက်ရသေးတယ်။ ဒါကြောင့်
ပြောတာပေါ့ `မိအေး
နှစ်ခါနာတဲ့ကိန်း´ဆိုတာ။
သြော် ဘာပဲပဲဖြစ်ဖြစ်တိက္ခ နှစ်ခါနာတဲ့ ဒီစာဝါကို စိတ်နာလို့တော့မဖြစ်ဘူးလေ။ ဒီအတန်း
အောင်မှ ဒီလိုဘ၀က
လွတ်မှာကိုး။
ပိုစ့်လေးကို လာရောက်ဖတ်ရှုခဲ့ပါတယ်..ဘုရား..။
ReplyDeleteစောစောကတည်းက ဆိုရင် မင်းပါးစပ် လေဖြတ်သွားမှာမို့လား... တဲ့။
ReplyDeleteကိုရင်တိက္ခလေးက ခုဆို ဘယ်အတန်းတွေများ ရောက်နေပြီလဲ ဦးဇင်း။ စာချဆရာတော်လေးများ ပြန်ဖြစ်နေပြီလား
အရှင်ဘုရား
ReplyDeleteတပည့်တော် ရောက်ခဲ့ပြီးပိုစ့်လေးဖတ်နေပါတယ်
ဘုန်းဘုန်းချမ်းမြေ့ပါစေ