နာယကဆရာတော်ဦးဇောတိက(မန္တလေးနာယက)မှ အလှူရှင်များကိုယ်စား
ထောက်ပံ့လှူဒါန်းငွေများကို ပေးအပ်လှူဒါန်းနေပုံ
အင်တာနက်ကို
စတင်ဖွင့်လိုက်သည်နှင့် facebook စာမျက်နှာပေါ်မှာရော တစ်ခြားသော
သတင်းတွေမှာရော စိတ်မကောင်းစရာ
ရခိုင်အဖြစ်ပျက်ကိုဘဲတွေ့နေရပါတယ်။ post
တင်ထားတဲ့အောက်မှာ မျိုးချစ်သူရဲကောင်းတို့ရဲ့ ပြောင်မြောက်လှသော တိုက်ခိုက်သံ
များမှာလဲ
တကယ့်စွမ်းအားရှင်ကြီးများတောင် ကြောက်ခမန်းလိလိပါ။
သြော် အမျိုးကိုထိတော့
မချိအောင်နာတာလေးတွေတွေ့ရတော့ တို့နိုင်ငံမှာ
မျိုးချစ်စိတ်
ရှိတဲ့လူ အမျိုး ဘာသာ
သာသနာကို တန်ဘိုးထားတဲ့သူတွေ
ပေါပါလားဆိုတာ မျက်မြင်
တွေ့လိုက်ရတဲ့အတွက် တကယ်ဘဲအားရခဲ့ပါတယ်။
ကိုယ်လဲပဲ
ပုထုဇဉ်လူသားပေမို့ သူတို့ကို အမှုန့်ကြိတ်ပစ်လိုက်ချင်ပါတယ်။ ကိုယ့်အမျိုးကို
စော်ကားနေတာကိုး။
ဒါပေမဲ့ . . . . မဖြစ်ရေးချ
မဖြစ်နိုင်ပါပေါ့။
ဒီတော့
ကိုယ်လုပ်ပေးနိုင်တာကိုမပြနိုင်ဘဲ ကိုယ်လုပ်ချင်တာတွေဘဲဖော်ပြနေမိခဲ့တယ်လေ။
ဒါကလဲ ထုံစံပါဘဲလို့ပြောရမယ်ထင်ပါတယ်။
နောက်တော့
သီရိလင်္ကာမှာရှိတဲ့ ပညာတော်သင် မြန်မာရဟန်းတော်များ စုပေါင်းပြီး ဒုက္ခ
ရောက်နေတဲ့
ရခိုင်ပြည်သူတွေကို ငွေလှူမယ်ဆိုတဲ့ သတင်းမထင်မှတ်ဘဲကြားလိုက်ရတဲ့
အတွက်
အွန်လိုင်းတိုက်ပွဲတွေရပ်ပြီးကူညီရေးသက်သက်ကဘဲ ပိုပြီးအကျိုးထိရောက်မယ်
ဆိုတာ သဘောပေါက်လာပါတယ်။
အမိမြေက စွန့်ခွာပြီး
ပညာလာသင်တဲ့ရဟန်းတော်များအနေနဲ့ ကူညီချင်တဲ့စိတ်မျိုးချစ်စိတ်
တွေကြောင့်သာ
လှူဖြစ်ကြတာပါ။ ကိုယ့်မှာက ပညာသင်စရိတ်ဘဲပါခဲ့တာလေ။
အမျိုးအတွက်ဆိုတဲ့
ခေါင်းစဉ်ကြီးမတင်ရဲပေမဲ့ တတ်နိုင်သမျှဆိုတဲ့ အတွေးစလေးတွေ
အောက်ကနေ ( US 100 ) အမေရိကန်ဒေါ်လာတစ်ရာတော့ သဒ္ဓါသန်သန် အားမာန်
ပါပါနဲ့လှူလိုက်ပါတယ်။
မိမိနည်းတူ ပညာတော်သင်
ညီတော် နောင်တော် အားလုံးလိုလို တတ်စွမ်းသမျှလှူဒါန်း
ကြပါတယ်။ အလှူခံရရှိငွေပေါင်းကတော့
၁။ သီရိလင်္ကာရူပီး =၁၆၃၀၀၀
၂။ အမေရိကန်ဒေါ်လာ =၂၉၀၀
၃။ စင်္ကာပူဒေါ်လာ =၁၁၈၀
၎။ မလေးရှား ရင်းဂစ် =၆၅၀
၅။ ထိုင်း ဘတ် =၁၅၀၀
အထက်ပါငွေများကို
အားလုံးစုစုပေါင်း မြန်မာငွေဖြင့်တွက်လျှင် - -
၄၄၈၄၀၀၀ (လေးဆယ့်
လေးသိန်း ရှစ်သောင်း လေးထောင်ကျပ်တိတိ) ဖြစ်ပါတယ်။
၎င်းထောက်ပံ့လှူဒါန်းသောငွေများကို
နာယကဆရာတော်ဦးဇောတိက( မန္တလေးနာယက)
မှ သက်ဆိုင်ရာ ဆရာတော်များထံသို့ ( 19. 6 . 2012 ) နေ့ကလွှဲအပ်လှူဒါန်းခဲ့ပါတယ်။
ဒုက္ခရောက်နေသောရခိုင်ပြည်သူများကို
ကာယကံမေတ္တာဖြင့် မိမိတတ်နိုင်သလောက်ကူညီ
လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။
တစိပ်တစ်ဒေသအားဖြင့်ပေါ့။
တစ်နိုင်ငံလုံးအရေးကိုတစ်ယောက်တည်း
မလုပ်နိုင်သော်လည်း တစ်ယောက်၏ စွမ်းအားဖြင့်
တစ်စိပ်တစ်ဒေသ
ဆောင်ရွက်နိုင်မယ်ဆိုရင်( သို့ ) ဆောင်ရွက်နိုင်သောပုဂ္ဂိုလ်များပေါ်ပေါက်
လာမည်ဆိုလျှင် ခေတ်မှီတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့ လျှင်မြန်စွာ
ရောက်ရှိနိုင်ပါလိမ့်မည်။
အေးချမ်းသာယာသော ဘ၀များကိုလဲ ပိုင်ဆိုင်နိုင်ပါလိမ့်မည်။
ယနေ့ယခု
ပြုဖြစ်ခဲ့တဲ့ကာလဒါနကုသိုလ်ကောင်းမှုအစုစုတို့ကို မျိုးဆက်သစ်အရှင်ဘလော့ဂ်
သို့လာရောက်ဖတ်ရှုကြသောစာဖတ်ပရိသတ်များနှင့်အတူတကွ
( ၃၁ ) သား အားလုံး သာဓု
ခေါ်ဆိုနိုင်ရန်
တင်ပြအပ်ပါသည်။
မြေမျိုလို့
လူမျိုးမပြုတ် ၊ လူမျိုမှ လူမျိုးပြုတ်မည်ကို သတိပြုပါ။
အကျင့်ပျက်
လာဘ်စားသူများကြောင့် မြန်မာပြည်သည် လုံးပါး ပါးနေပါတယ်။
No comments:
Post a Comment