သူတစ်လှည့် ကိုယ်တစ်ပြန်
ခပ်ထန်ထန် မာန်မာနနဲ့
ပွဲ စခဲ့ဟန်။
သံသရာ ရေယဉ်ကြော
စုံဆန် မျောလို့
ပေါ်လာပြန်။
စိတ်ထားမဟန် အကြံယုတ်
သိမ်နုပ်တဲ့ သူ့သန္တာန်။
ကိုယ်အမှန် သူကမှား
အတ္တများနဲ့ စိန်ခေါ်သံ။
မကောင်းကြံ ဖောက်ပြန်တဲ့
ဒီစိတ်
ဖိနှိပ်ဖို့ မခံ။
မျောကြဦးပေါ့ တစ်ဖန်။
ဒုက္ခဗွေ သံသရာကြော
မောကြဦးပေါ့ အမှန်။
No comments:
Post a Comment