ငယ်စဉ်အခါက ဆရာသမားရဲ့ သွန်သင်မှုတွေ ရွှေကြိမ်လုံးလေးပြဆုံးမခဲ့တာတွေဟာ
အဲဒီအချိန်တုန်းကတော့ တကယ်ကို မနှစ်မြို့စရာ နာကျည်းစရာတွေဖြစ်ခဲ့ဘူးပါတယ်။
ကျောင်းသားဘ၀ဆိုတော့ ဆရာသမားတွေရဲ့ စေတနာကို နားမလည်နိုင်ခဲ့တာဟာ
သိပ်မဆန်းပါဘူး။ စာသင်နေရတာတောင်မှဘဲ ကိုယ့်ဘ၀အတွက်လို့မထင်ခဲ့ဘူးလေ။
သြော် အချိန်တွေ တရွေ့ရွေ့ကုန်လာတာနဲ့အမျှ အသိတရားတို့၏ ဆောင်ကြဉ်းမှု
နောက် တစ်ကောက်ကောက် ပါလာမိခဲ့တဲ့အချိန်ရောက်တော့ တန်ဘိုးမဖြတ်နိုင်တဲ့
အရာတွေကို မယူမိမှာဆိုးလို့ ပြောဆိုဆုံးမခဲ့တဲ့စေတနာတွေကို မြင်ယောင်မိပါတယ်။
``ဆရာဟူသည် စာကိုလဲသင်၊ လူကိုလဲပြင်´´
အိုးထိမ်းသည်လက်မှာ တဖုန်းဖုန်းရိုက်ခံရတဲ့အိုးက နောက်ဆုံးမှာလူသားတွေအတွက်
အထောက်ကူပြုပေးနိုင်ခဲ့တာဘဲလေ။ စာသင်ရုံသက်သက်မဟုတ်ဘဲ လူကိုလဲပြင်ပေး
ခဲ့တဲ့ဆရာရဲ့ကျေးဇူးတွေက ကိုယ့်ဘ၀အဆင့်တန်းမြင်လေ သဘောပေါက်လာလေ။
တန်ဘိုးရှိတဲ့လူသားဖြစ်လာအောင် ဘ၀ကိုထုဆစ်ပေးတဲ့ သမိုင်းဝင်ပန်းပုဆရာတွေ
လို့ အသိမှတ်ပြုခြင်းလဲမခံရဘဲ စေတနာမနည်းခဲ့တဲ့ ဆရာသမားတို့ရဲ့ စိတ်ထားကို
ဘယ်လိုအရာနဲ့များ နှိုင်ယှဉ်ထားမလဲ စဉ်းစားမိခဲ့ပါတယ်။
ဒါကြောင့်လဲ ဘုရားနဲ့တစ်ကိုင်းတည်းထား ကိုးကွယ်ထားခဲ့တဲ့အဖြစ်တွေကို တရေးရေး
မြင်ယောင်မိလာတဲ့အခါမှ ငယ်စဉ်ကပြစ်မှားမိခဲ့တာတွေကို တွေးရင် စိတ်မကောင်းဖြစ်
နေမိတော့တယ်။
ဘ၀ရဲ့ရွှေရောင်စည်းမျဉ်းတွေကို ချမှတ်ပေးခဲ့တဲ့အတွက် တန်ဘိုးမဖြတ်နိုင်တဲ့အသိ
တွေကို ပိုင်ဆိုင်ရတဲ့အခါ ``သြော် တို့တွေရဲ့ဆရာ၊ ဘယ်မှာများ ဘာတွေဖြစ်နေ
ပါလိမ့် ´´လို့တွေးမိတိုင်း မျက်ရည်ဝိုင်းခဲ့မိပါတယ်။
ဆရာ့ကိုသတိရတဲ့အခါ ဆရာ့စကားတွေကိုဘဲ ထပ်တလဲလဲ ကြားယောင်နေမိတော့တယ်။
`` အေး ၊ မင်းတို့တွေ ဆရာနဲ့ဝေးတဲ့အခါ ဆရာ့တန်ဘိုး ဘာဆိုတာသိလိမ့်မယ်´´ တဲ့။
`` သြော် ဆရာ ဆရာ ၊ တပည့်မရှား ၊ တစ်ပြားမရှိ။ ပီတိကိုစား အားရှိ၏´´
ဘုန်းဘုန်းရဲ့ ဆရာပြောတဲ့ စကားက အမှန်ပါပဲဘုရား...တပည့်တော်တို့ကျတော့ ဆရာနဲ့ဝေးရုံတင်မကဘဲ ကိုယ်တိုင်ကပါ ဆရာပြန်ဖြစ်နေတော့ ဆရာ့ကျေးဇူးတွေကို သတိမရတဲ့နေ့ရယ်လို့ မရှိအောင်ပါပဲ...ကိုယ်ထားတဲ့စေတနာဟာ ကိုယ့်ဆရာတွေထားတဲ့ စေတနာကို မီပါ့မလားဆိုတာ စဉ်းစားမိတိုင်း ညဘက်တောင် အိပ်မပျော်အောင်ပါပဲ...
ReplyDelete