`` ခွဲခွာရတော့မှာမို့
အသဲလေးများ ဆတ်ဆတ်တုန် . .
. . ´´
နွေရာသီ
ကျောင်းပိတ်ရက်မို့ စာသင်သားသံဃာများလဲ
မိမိနေရပ်သို့ ပြန်ကြသဖြင့် ကိုရင် တိက္ခ
နောက် တစ်ပတ်အတွင်း ပြန်ရတော့မည့် အဖြစ်ကိုတွေးပြီး ပျော်ချင်ပါသည်။ သို့သော်
မိမိစိတ်ဝင်စားနေသော
သဇင်နှင်းနဲ့ ခဏတာ ခွဲခွာရမည်ကို စိတ်ထဲမှာသိနေသဖြင့် နှုတ်ဖျား
တွင်
ပေါ်လာသောသီချင်းလေးကိုဘဲ တိုးညှင်းစွာ ငြီးညူလိုက်ခြင်းဖြစ်ပါသည်။
သို့သော် မိမိနောက်မှာ
ဆရာတော်ရောက်နေသည်ကိုပင် သတိမထားမိဘဲ ကိုယ့်စိတ်ကူးနဲ့
ကို
ကြားဖူးတဲ့သီချင်းလေး တစ်ပိုဒ်စ နှစ်ပိုဒ်စလေးကိုဘဲ ထပ်တလဲလဲ ရေရွတ်နေမိလေ၏။
``
ခွဲခွာရတော့မှာမို့ အသဲလေးများ ဆတ်ဆတ်တုန်
. .
. . .
. . .´´
`` ဟေ့ ကိုရင် ´´
`` အမလေး တုန် တုန် တုန်
တုန် တုန် ´´
အမှတ်တမဲ့
ကြားလိုက်သဖြင့် လန့်သွားလေသည်။ ပြီးမှ နောက်လှည့်ကြည့်လိုက်မိသည်။
ရင်ထဲတွင် တဒိတ် ဒိတ်
နှင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားခါ ခေါင်းကိုသာ ဟိုပွတ်သည်
ပွတ်လုပ်နေရတော့လေ၏။
`` အံမယ် မင်းက သီချင်းတွေ ဘာတွေဆိုလို့ပါလားကွ ဟေ´´
မတတ်နိုင်တော့ပါ။ ဆရာတော်ကို ခပ်တည်တည်နဲ့
လိမ်ရပါတောမယ်။
``မဟုတ်ပါဘူးဘုရား ။
တပည့်တော်သီချင်းဆိုတာ မဟုတ်ပါဘူးဘုရား´´
``ဟေ ငါကိုယ်တိုင် ကြားပါတယ်ကွ။ ဘာတဲ့ အသဲဘာဖြစ်တယ်ဆိုလား ´´
``အော် အဲဒါ
အဲဒါ ။ အော် တပည့်တော်ရွာမှာ
တရားဟောဖို့ လေ့ကျင့်နေတာပါဘုရား´´
``ဟေ ဘယ်လိုကွ ၊ တရားဟောဖို့ဟုတ်လား ၊ ကဲ ဘာတရားလဲ ပြောစမ်း´´
``ဟိုဟာလေဘုရား ၊
ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော ဆိုတာပါဘုရား´´
``ဟ ဟေ့ကောင်ရ ၊ ဘာဆိုင်လို့လဲဟ´´
``ချစ်တဲ့လူတွေနဲ့
လမ်းခွဲရတဲအခါ တစ်ချို့ကငိုတတ်ကြတယ်ဘုရား၊ အဲဒီအချိန်မှာ သူတို့
ရင်ထဲမှာ ပူလောင်ပြီး အသဲတွေ နှလုံးသားတွေ
ဆွေ့ဆွေ့ခုန် ဆက်ဆက်တုန်နေမယ်
လို့ထင်လို့ပါဘုရား။ အဲဒါကလဲ ဒုက္ခပါဘဲဘုရား။
´´
ထိုအခါ ဆရာတော်က
မေးကိုပွတ်ကာ ပွတ်ကာဖြင့် ခေါင်းကိုညိတ်လျှက်
`` အေး ၊ မင်းပြောတာလဲ ဟုတ်တော့ ဟုတ်တာဘဲကွ´´
ဟုပြောပြီး ကျောင်းပေါ်သို့ပြန်တက်သွားလေတော့၏။
ထိုအခါမှသာ
ကိုရင်တိက္ခခမျာ `` ဟင်း´´ ခနဲသက်ပြင်းချနိုင်ပါတော့သည်။
သြော် သဇင်နှင်း သဇင်နှင်း ဟိုအရင်တစ်ခါလဲ အိပ်မက်ထဲလိုက်ဒုက္ခပေးလို့ ဦးနန္ဒဖင်ကို
နမ်းမိပြီး
အီးရှူလိုက်ရတယ်။ ခုလဲ တော်သေးတယ် ဒဏ်ပေးခံရတော့မလို့ အလျှောက်ကောင်း
လို့ သာ
အထောင်းသက်သာသွားတယ်။ အဲလိုမှမဟုတ်ရင် အရင်တစ်ခါ
ဒဏ်ထမ်းထာသည်
ကိုမျက်စိထဲမြင်ယောင်ပြီး
ကြက်သီးထမိပါတော့သည်။
No comments:
Post a Comment