Thursday, May 10, 2012

သာသနာပြု သြ၀ါဒ အပိုင်း ( ၃ )


ဦးဇင်းတို့  ကို်ယ်ကအလုပ်တစ်ခုလုပ်တဲ့အခါမှာ  ပထမဦးတည်တဲ့စိတ်ထားဟာ အစပိုင်းက တော့ သာသနာတော်အတွက်လိုလို    အများကျိုးတွက်လိုလို ဖြစ်တတ်ပေမဲ့ နောက်ပိုင်းမှာတော့ သာသနာတော်ကို အသုံးချလိုတဲ့စိတ်ဟာ ဘယ်ကနေ ဘယ်လိုဖြစ်လာတယ်မသိဘူး ပေါ်လာတတ်တယ်နော်။

အေး  လူဆိုတာ အတ္တသမားဆိုတော့ အဲဒါလေးကို မကောင်းတဲ့စိတ် အတ္တကြီးတဲ့စိတ် ကိုယ် ကျိုးကြည့်တဲ့စိတ်လို့ နာမည်တပ်ရင်တယ်မကြိုက်ချင်ဘူး။ သာသနာအတွက်လုပ်နေတာဘဲ ဒီလောက်တော့ ခံစားခွင့်ရှိရမှာပေါ့ ဆိုပြီး မသိမသာလေးလမ်းကြောင်းလွဲသွားအောင် တွန်းပို့ ပေးတတ်တယ်ဘုရား။ တကယ်လို့များ ကိုယ်လုပ်တဲ့လုပ်ငန်းလေးတွေက အထိုက်လျှောက်အောင်မြင်နေပြီဆိုလို့က တော့ ဘယ်ဘုရား ဘယ်နတ်သိကြားက လာတားလို့မှ လက်မခံတော့ဘူး။ ငါလုပ်တာကမှန် တယ်ဆိုပြီး ခေါင်းမာနေတောတာဘဲဘုရား။ နဂိုရှိရင်းစွဲ အတ္တလေးပေါ်ကို မာနဖြစ်စေတဲ့ အရာတွေကပံပိုးပေးလိုက်တာ သတိမထားတဲ့ သူအတွက်ကတော့ ဘာတဲ့ ဦးဇင်းတို့ပြောနေတဲ့ အဆင်းကို   ဘီးတပ်ပေးလိုက်တာဘဲတဲ့ ဟုတ်လား။

အေးကွယ် လူတိုင်းက ဘုရားမဖြစ်ခင်တော့ ဘယ်ပြည့်စုံဦးမလဲ ဒီလိုလဲ ပြောတတ်ကြတယ်နော်။ တစ်ချို့လူတွေကလေ။ ဘုရားဖြစ်မှ ပြည့်စုံတော့မယ် မဖြစ်ခင်တော့ မိုက်လိုက်ဦးမယ် ဒီလိုများ ဖြစ်ကုန်ရင်တော့ ဒုက္ခဘဲနော်။ ဘုရားမဖြစ်ဘဲ နိဗ္ဗာန်ရောက်တဲ့လူတွေ အများကြီးပါဘုရား။ ဘုရားမဖြစ်ဘဲ အများအကျိုးလုပ်ဆောင်ပေးနေတဲ့ သူတော်ကောင်းတွေ အများကြီးရှိပါတယ် ဘုရား။    တပည့်တော်များ ဆိုလိုတာက သာသနာအတွက်လုပ်တယ်ဆိုရင် လုပ်နေတဲ့အချိန်လေးအတွင်းမှာ ဒီလောက်လေးတော့   ငါခံစားခွင့်ရထိုက်တယ်ဆိုပြီး  ဘုန်းရှိန်သာယာနေမှာကိုမလိုလားလို့  ပြောတဲ့စကားပါဘုရား။

အေးလေ  တကယ်တော့လဲ ကိုယ့်သဒ္ဓါတရားနဲ့ကိုယ် လုပ်နေတာဆိုတော့လဲ တပည့်တော်က  ထိခိုက်သွားမှာ စိုးရိမ်လို့ပြောမိတာပါဘုရား။ လူတွေရဲ့သဘောကလေ။  ဖြစ်တတ်ပုံကိုပြောပါတယ်။    ငါဒီလောက်ကောင်းတာတွေလုပ်နေတာတောင်မှ အကောင်းမမြင်ဘူး ဆိုပြီးတော့ ပတ်ဝန်းကျင်ကို ရွဲ့ပြီးလုပ်တတ်တဲ့အကျင့်ရှိတာကိုးဘုရား။ ဘာပဲဖြစ်ဖြစ်ဘုရား သူတော်ကောင်းအသွင်ဆောင်ထားပြီးရင် သူတော်ကောင်းအကျင့်တွေကိုယ့်သန္တာန်မှာ ကိန်းလာအောင် ကိုယ်နှလုံးသားမှာ ဓမ္မအရောင်တွေလွှမ်းနေအောင် ကြိုးစားကြပါဘုရား။

ကိုင်း   ဒီနေ့တော့ ဒီလောက်ပါဘဲဘုရား။ အားလုံးသာဓုခေါ်ကြ ။

သာဓု  သာဓု  သာဓု။

No comments:

Post a Comment