သာသနာမှာ ဦးဆောင်နေတဲ့ ရဟန်းတော် သံဃာတော်တွေဟာ
တည်တံမှုရှိရမယ်။
ခိုင်မာတဲ့ ဆုံးဖြတ်ချက်ရှိရမယ်။ မိမိတို့ရဲ့ဆုံးဖြတ်ချက်ဟာ
ပေါ်လစီကိုလိုက်ပြီး
ပြောင်းလဲလို့မရဘူး။
အေး နောက်တစ်ခုက ဓမ္မရဲ့
သဘောတရားဟာ အေးချမ်းတဲ့အသွင်ကိုဆောင်တယ်။ ဓမ္မကိန်း
အောင်းနေတဲ့
နှလုံးသားတိုင်းကလဲ အေးချမ်းတဲ့ လက္ခဏာတော့ရှိရမယ်။ မိမိက ဓမ္မကိုဖြန့်ဝေ
နေပြီးတော့ ကိုယ်အမူအရာ
နှုတ်အမူအရာ ကြမ်းတမ်းနေရင်လဲ သိပ်တော့မဟန်သေးဘူး။
ဓမ္မနဲ့ ထုံးမွှမ်းထားတဲ့
နှလုံးသားဟာ အလိုဆိုးကို
ဆန့်ကျင့်နေရမယ်။ အလိုဆိုးနောက်ကို
တကောက်ကောက်လိုက်နေပြီဆိုရင်
အဲဒီပုဂ္ဂိုလ်ရဲ့ လုပ်ရပ်တွေက တဖြည်းဖြည်းချင်းသိပ်ကို
အကျည်းတန်လာမယ်။
ဒါဟာ ဘုန်းကြီးဖြစ်ဖြစ်
လူဖြစ်ဖြစ် ဒီအတိုင်းဘဲ။ ပရမတ္ထသဘောကို
ဦးဇင်းတို့ နားလည်ပါ
တယ်။ ဟုတ်ကဲ့လား။ အေးကွဲ့
ဘုရားတရားတော်တွေကို သင်ယူထားပါလျှက်နဲ့ ဘုရား
ပြောတာကို မကြားရင်
မသိရင် မမြင်နိုင်ရင် ဦးဇင်းတို့လောက် ဘ၀ကံဆိုးတဲ့လူမရှိတော့ဘူး။
တို့များရဲ့ဆရာသမားများက
ပြောခဲ့ဘူးတယ်။ ခုချိန်ထိ မှတ်မိနေသေးတယ်။ ဘာတဲ့
ဦးဇင်း
တို့တဲ့ ။ သာသနာဆိုတာ သာသာလေးနဲ့ နာတာနော်တဲ့။ သိပ်ကောင်းလိုက်တဲ့
စကားဘဲ
အရှင်ဘုရားတို့။ စားဝတ်နေရေး အတွက် ဘာမှ မပူရ နေရေးထိုင်ရေးအတွက် ဘာမှမပူရ
ဒီတော့
နေသာထိုင်သာရှိတယ်ပေါ့။ တစ်နည်းပြောရရင် အနေချောင်တယ်ပေါ့ဘုရား။
အေး ဘာမှမလုပ်ပါဘဲနဲ့ အဲလိုများနေလို့ကတော့ တစ်သံသရာလုံးနာပြီသာမှတ်တော့
ကိုယ်တော်တို့ရေ။
ဘယ်တော့မှ နာလန်ထူမှာမဟုတ်တော့ဘူး။ ဟုတ်ကဲ့လား။
ဘာမှ နားမလည်တဲ့ ဒကာ
ဒကာမတွေက သာသနာကို အနေချောင်တာတစ်ခုဘဲ
သူတို့က
သိတယ်။ အဲဒါက အချောင်နေတဲ့လူတွေရှိနေလို့ဘုရား။ သာသနာ့ဝန်ထမ်း မဟုတ်ဘဲ
ရဟန်းပညာရှိ
သူတော်ကောင်းကြီးတွေထမ်းထားတဲ့ သာသနာတော်ပေါ်မှာ
အချောင်လိုက်
ပြီးတက်စီးနေတဲ့ `` သာသနာ့ဝန်စီးတွေ´´ ရှိနေလို့
ယနေ့ခေတ်သာသနာတော်ကို
တော်တော်များများက
အထင်သေးချင်ကြတယ်။
အဲဒါမျိုးတွေကို အရှင်ဘုရားတို့ တပည့်တော်တို့က ကာကွယ်ရမယ် စောင့်ရှောက်ရမယ်။
ဦးဇင်းတို့တွေဟာရှေ့လျှောက်
သာသနာ့ခေါင်းဆောင်တွေ ဖြစ်လာကြမယ်။ အဲဒီအခါကျရင်
ဓမ္မကို တန်ဘိုးထားတဲ့
နှလုံးသား ဘုရားကို
ကြည်ညိုတဲ့စိတ်နဲ့ဘဲ အလုပ်လုပ်ကြပါလို့
တိုက်တွန်းချင်တယ်ဘုရား။
ကုန်ကုန်ပြောမယ်ဘုရား ဘယ်သူ့မျက်နှာကိုမှ မကြည့်နဲ့
ဘုရားမျက်နှာကိုဘဲ
သေသေချာချာ ကြည့်ကြပါဘုရား။
ဒီခေတ်မှာက ဘယ်လိုလူတွေ
သာသနာဝင်လာကြတာလဲလို့ဆိုရင် ဥပမာပြောကြပါစို့ဘုရား။
တပည့်တော် ကိုရင်ဝတ်ခဲ့တာ
ဘုရားကိုကြည့်ညိုလို့လဲမဟုတ်ဘူး ၊ တရားတွေနာပြီး သံဝေဂ
တွေရလို့လဲမဟုတ်ဘူး။
ကလေးဘ၀မှာကတည်းက ပျော်နေလို့ မထွက်ဘဲနေခဲ့တာ။
နောက်တော့မှ
စာပေတွေသင်ပြီး ဘုရားကို ကြည်ညိုလာတယ် ကိုယ်ရနေ ရောက်နေတဲ့
နေရာဟာ တကယ်မြင့်မြတ်ပါလားလို့သိလာတယ်။ မြင့်မြတ်တဲ့နေရာကိုရောက်လာပြီးမှ
ယုတ်ညံ့တဲ့အလုပ်တွေ လုပ်တာမကောင်းပါဘူးလို့ ကိုယ့်ကိုယ်ကို ထိမ်းသိမ်းပြီးနေလာခဲ့
တာ ခုချိန်ထိဘဲဘုရား။
တပည့်တော်လဲ ပုထုဇဉ်လေ ကိလေသာတန်းလန်းကြီးနဲ့ပါဘုရား။
ဒါပေမဲ့ အသက်အရွယ် ဂုဏ်သိက္ခာအရ စိတ်ထဲမှာပေါ်လာတဲ့ စိတ်ယုတ်မာတွေ မေတ္တာ
နဲ့တစ်မျိုး သမထနဲ့
တစ်ဖုံ နည်းမျိုးစုံနဲ့ ဖိနှိပ်နေရဆဲပါဘဲ ဦးဇင်းတို့ရေ။
ဦးဇင်းတို့ရေ ဘုရားရှင်က ဒီသာသနာတော်ကို
လွယ်လွယ်လေးနဲ့များထူထောင်ထားတယ်
မထင်လိုက်ကြနဲ့။
သူ့ခမျာ လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း
ပါရမီတွေဖြည့်ပြီးတော့ သေချာ
ထူထောင်ထားခဲ့တာနော်။
အရှင်ဘုရားတို့ တပည့်တော်တို့က သူများဆောက်ပြီးသားအိမ်
ပေါ်မှာ
အသားလေးတက်နေရလို့ လွယ်တယ်ထင်နေတာ။ အေး အဲလို
နေပြန်တော့လဲဘဲ
ကိုယ်နေတဲ့အိမ်ကိုတောင်
သန့်ရှင်းရကောင်းမှန်းမသိဘဲ ကိုယ်လက်မှာ
တစ်ခုခုပေကျံလာ
ပြီဆိုလို့ရင်
ဟိုနံရံလေးသုတ်လိုက် ဒီတိုင်လေးသုတ်လိုက်နဲ့
အဲလိုဖျက်ဆီးတဲ့အဖြစ်မျိုးကို
တော့ ဘယ်သောအခါမှ
မလုပ်ကြပါနဲ့လို့ တပည့်တော် မေတ္တာရပ်ခံလိုပါတယ်ဘုရား။
ဒါဟာ တကယ်ကို ဘုရားကို
ကြည်ညိုလွန်းလို့ပါဘုရား။
ဘုရားကိုတကယ်ကြည်ညိုတဲ့လူတွေဟာ
ဘုရားသာသနာ အလွန်သေးသိမ်သွားမှာ ဘာသာ
ခြားတွေ အထင်သေးသွားမှာ
အလွန်စိုးရိမ်ကြတယ်။ ဦးဇင်းတို့မှာ အဲလိုစိတ်မျိုးဘယ်နှစ်ကြိမ်
လောက်များ ဖြစ်ဘူးကြလဲ။
အရှင်ဘုရားတို့ ဒီဘ၀ ဒီကိုယ်စံ နောက်ဘ၀ နောက်ကိုယ်ခံလိမ်
ဆိုပြီး ၀ိနည်းကို
လက်တစ်လုံးခြားမလုပ်ကြပါနဲ့ဘုရား။
ဘုရားကို တကယ်ကြည်ညိုရင်
အရှင်ဘုရားတို့သာသနာပြုလုပ်ငန်းဟာ ဧကန်မုချ အောင်မြင်
လိမ့်မယ်ဆို
ယုံကြည်ကြပါလို့ ပြောရင် ဒီနေ့အတွက် နိဂုံးချုပ်လိုက်ပါတယ်ဘုရား။
´´ သာဓု
၊ သာဓု ၊
သာဓု ´´
No comments:
Post a Comment