``ည ၁၂
နာရီကျော်ကျော်လောက်မှာပေါ့ ၊ ငါလဲကုဋီတက်ချင်တာနဲ့ထလာတာ။ ဘယ်သူ့
ကိုမှနှိုးမရလို့
တစ်ပါးတည်း ကြောက်ကြောက်နဲ့ထွက်လာတာ . . . . . ´´
ဘေးပတ်ပတ်လည်မှကိုရင်များ
ကျောင်းသားေးလများက ဒီနေ့မှ မြို့ကပြန်ရောက်လာသော
ကိုရင်တိက္ခ ပြောသမျှကို နားထောင်နေကြလေ၏။
`` အဲလို ထွက်လာတော့
ကိုရင်ကြီး ဘာတွေ့လိုက်လဲ ´´ ဘေးက ကိုရင်လေးတစ်ပါးက မေးလိုက်သောအခါ - -
- - -
``အေး ပြောတော့ပြောချင်တယ်၊ မင်းတို့ကြောက်တတ်လား´´
``ဟာ ပြောစမ်းပါ ကိုရင်ကြီးကလဲ ၊ တပည့်တော်တို့ ဘုန်းဘုန်းဆီမှာ သိမ်ဝင်ထားတဲ့
ပုတီးရှိပါတယ်´´
တစ်ခဏမျှ
တိတ်ဆိတ်သွားလေ၏။ နားထောင်သူများကလည်း
ကိုရင်ကြီးပြောမဲ့စကားကို
နားစွင့်နေကြ၏။
`` ဒီအပင်ဘဲကွ´´
မာန်ပါပါပြောလိုက်သော
စကားကြောင့် တစ်ချို့ကျောင်းသားလေးများ အနည်းငယ်လန့်သွား
ပြီး ကိုရင်တိက္ခအနားကို
တဖြည်းဖြည်းတိုးကပ်လာကြလေ၏။
ဒီအပင်ဆိုသည်မှာ
တစ်ခြားမဟုတ် ၀ိုင်းဖွဲ့ စကားပြောနေသောနေရာအနီးရှိ သီးပင်းကြီးဖြစ်
ပါသည်။ ရှေးရှေးသော
ကျောင်းသားကြီးများအစဉ်အဆက်စကားအရဆိုရင် ဒီသစ်ပင်မှာ
အရင်ပျံလွန်တော်မူသွားတဲ့
ဘုန်းကြီးက သရဲတစ်ကောင်ကို
မွေးထားသည်ဟုဆိုသူကဆို
ကုမ
္ဘာန်တစ်ကောင်ရှိတယ်လို့ပြောသူကပြောနေကြလေ၏။
ထို့ကြောင့် သီးပင်မှ
သီးသီး ကြွေကျသံကြားသော်လည်း
တစ်ချို့ကျောင်းသားလေးများ
ကိုရင်လေးများ
တစ်ယောက်ထဲသွားမကောက်ရဲကြပါ။
အရင်တစ်ခါ ကျောင်းသားသစ်လေးနှစ်ယောက်ရောက်လာခါစကဖြစ်၏။
သီးပင်က `ဘုတ်´
ဟု
သီးသီးကြွေကျသံကြားသောအခါ နှစ်ယောက်သားပြေးကောက်ကြပါသည် ။ ဘာမှရှာ
မတွေ့သဖြင့်
သရဲခြောက်သည် မှတ်ထင်နေကြ၏။ ထိုအဖြစ်မျိုးကို ၄ ယောက် ၅ ယောက်
လောက်ကြုံဘူးထားသဖြင့်
သရဲရှိသည်ဟု ပြောစမှတ်ပြုလာခြင်းဖြစ်ပါသည်။
ကိုရင်တိက္ခက `
ဒီအပင်ဘဲ´ ဟုပြောလိုက်သောအခါ သိချင်လို့သာနားထောင်နေကြ
ရသည် စိတ်ကတော့
ကြောက်နေသူတွေကများနေ၏။
`` ငါလဲ
တစ်ယောက်ထဲဆိုတော့ ကြောက်ကြောက်နဲ့သွားရတာပေါ့ ၊ ဒီသီးပင်နားကိုလဲ
ရောက်ရော -
- - - - - - ´´
စကားကိုဆက်မပြောသေးဘဲ သက်ပြင်းချလိုက်ပါသည်။
`` ဟင်း . . . . . . .
.. ´´
ပြီးမှ `` သစ်ပင်ပေါ်ကနေ
အောက်ကိုဇောက်ထိုးကြီးဆင်းလာတာ ´´
ပြောလက်စပင်
မဆုံးသေးခင် သီးသီး
တစ်လုံးကြွေကျလာလေ၏။
``ဘုတ်´´
``အမလေး သရဲဗျ´´ ဟု အမလေး တ.ကာ
ကိုရင်ကျောင်းသားတွေအားလုံးထပြေး
ကြလေတော့၏။
သူတို့အားလုံးထပြေးသွားသောအခါ
ကိုရင်တိက္ခတစ်ပါးတည်း ပြုံးလျှက်ကျန်နေခဲ့လေ၏။
`` သြော် ၊
တော်တော်လဲကြောက်တတ်တဲ့ကောင်တွေဘဲ ။ သစ်ပင်ပေါ်ကဇောက်ထိုး
ဆင်းလာတာ သရဲမဟုတ်ဘူး ` ပုတ်သင်ညို
´ဆိုတာတောင်ပြောချိန်မရလိုက်ဘူး´´
မကြောက်တတ်လို့ဖတ်ခဲ့ပါပြီဘုန်းဘုန်း
ReplyDeleteရယ်ပဲရယ်မိပါတယ်