Saturday, April 14, 2012

သူတော်ကောင်းဓာတ်ခံ အားနည်းခြင်း


      
   ``သူတော်ကောင်းတရား ကြားနာဖို့ဆိုတာ အလွန်တရာမှ ခဲယဉ်းလှပေ၏။´´
                                                                                              ( ဗုဒ္ဓ )

ကံကောင်းထောက်မလို့ သူတော်ကောင်းတရားနာကြားခွင့်ကြုံတွေ့သော်လည်း စိတ်ဝင်စားမှု
ရှိရန် သာလွန်ပြီး ခဲယဉ်လှမည်ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော်ယနေ့မျက်မှောက်ခေတ်
တွင် သူတော်ကောင်းတရား ကျင့်ကြံပွားများ အားထုတ်မှုတို့   အလွန်နည်းပါးသောကြောင့်ဟု
ပင် ပြောရမလို။

မြတ်ဗုဒ္ဓ၏ တရားဓမ္မကို ပါရမီဓာတ်ခံရှိသော သူတို့သည်သာ ကောင်းမွန်စွာ နားလည်နိုင်ကြ
သဘောပေါက်နိုင်ကြလေ၏။

ငယ်စဉ်အခါ စာသင်သားဘ၀တွင် အဖြစ်အပျက်လေးတစ်ခုကို သတိရမိပါသည်။ ညစဉ်ဘုရား
ဝတ်တက်ပြီးသောအခါတိုင်း ဆရာတော်သည် အမြဲတမ်း သြ၀ါဒပေးလေ့ရှိ၏။   အဆုံးအမပေး
သော်လည်း မိမိ၏စိတ်ကူးအယူအဆကိုပြောသည်မဟုတ် ဘုရားရှင်ဟောတော်မူသော   ပါဠိ
တော်လာ ဂါထာများကို ပြန်လည် ဆုံးမခြင်းသဘောဖြစ်ပါသည်။

သို့သော် ငယ်ရွယ်သောကြောင့်လားမသိပေ ထိုတရားဓမ္မများကို စိတ်ဝင်စားခြင်းထက် သြ၀ါဒ
မြန်မြန်ပြီးဆုံးခြင်းကိုသာတောင့်တတတ်၏။ တကယ်တမ်းတော့အရွယ်ကိုဘဲလွှဲချလိုက်ခြင်းပါ။
အကယ်၍များ   ဘုရားဝတ်တက်ပြီး သြ၀ါဒမပေးဘဲ   ပြန်လွှတ်လိုက်သောနေ့ဆိုလျှင်  ခါတိုင်း
ထက်ပိုပြီး ပျော်သည်ထင်ရသည်။

တကယ်တမ်း စဉ်းစားကြည့်သောအခါတွင်  မိမိသန္တာန်မှာ  သူတော်ကောင်းတရားကိန်းဝပ်နိုင်
သော ဓာတ်ခံ မရှိခြင်း အားနည်းခြင်းဟုသာ သဘောပေါက်မိပါသည်။

လူသားတစ်ယောက်သည် သူတော်ကောင်းတရားကို နာယူခြင်း လေ့လာခြင်းထက် အေးဆေး
သက်သာစွာနေထိုင်ခြင်း ( ဖာသိဖာသာ နေခြင်း )    ကိုပိုပြီး နှစ်ခြိုက်သောသဘောရှိသည်ဟု
ထင်မိပါသည်။

အပေါ်ယံလေ့လာမှုသည် စစ်မှန်သော အေးချမ်းမှုကို မဖြစ်စေနိုင်ခြင်းသဘောကို သတိထား
မိဟန်မတူပါ။

ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် သေချာသည်ကတော့ မိမိသန္တာန်မှာ သူတော်ကောင်းဓာတ်
ခံအားနည်းနေသေးသည်ကိုပဲ တွေးမိပါတော့သည်။

ထို့ကြောင့် ကုသိုလ်ပါရမီများ ဆက်လက်ဖြည့်ဆည်းရန်သာလိုနေပါသေးသည်ဟု မိမိကိုယ်ကို
ကိုယ်ကောက်ချက်ချမိပါသည်။

No comments:

Post a Comment