လောကဘက်မှကြည့်လျှင် အသက်အရွယ်အားဖြင့်ကြီးပါ၏။ ဓမ္မဘက်မှ ဆိုလျှင်ငယ်ရွယ်သူ
များသာရှိသေးပါလိမ့်မည်။ ဦးဆောင်မှုတို့သည် မိမိသူတစ်ပါး နှစ်ဦးသားလုံးတို့အတွက်လွန်
စွာအရေးပါသည်ကို နားလည်လျှင် ရွေးချယ်မှုကို ရှုထောင့်မျိုးစုံမှ သုံးသပ်ရမည်သာဖြစ်၏။
ပတ်ဝန်းကျင်၏ မြှောက်ပင့်ပြောဆိုသော အသံများကြားတွင် စီးဝင်မျောပါသွားသူများအတွက်
ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည်အချင်းကို သုံးသပ်ဝေဘန်ရမည်ကို စိုးရွံ့နေ
တတ်ကြလေ၏။
လောကရေးရာတွင် ကျွမ်းကျင်သောသူများသည် မျက်လုံးတစ်ဖက်သာကောင်းသောသူများ
နှင့်တူသည်ကို ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် မိန့်မှာတော်မူခဲ့လေ၏။ မျက်လုံးတစ်ဖက်ကန်းနေသည်
ကိုသတိထားမိဖို့လိုပါသည်။
ဓမ္မရေးရာတွင် ဘ၀အတွက်လွန်စွာအရေးပါသော အဆုံးအမများကို မစားသုံးမိလျှင် သံသရာ
ကို ကျော်ဖြတ်နိုင်ရန်အတွက် လုံလောက်သောခံနိုင်ရည်ရှိမည်မဟုတ်ပေ။ သံသရာခရီးကား
လွန်စွာရှည်လျှားသည်ကိုလည်းသတိပြုမိဖို့လို၏။
လောကတွင် ဂုဏ်အားဖြင့်ကြီးမြတ်ခြင်း အသက်ရွယ်အားဖြင့်ကြီးမြတ်ခြင်းဟု ရိုသေလေးစား
ရန် တိုင်းတာသောပေတံများ စံပြုချက်များရှိပေ၏။
အသက်အရွယ်အားဖြင့် ကြီးမြတ်ခြင်းမှာ လူသားတိုင်းရရှိပိုင်ဆိုင်နိုင်ပေ၏။ သို့သော်
ကံတရား၏ စီမံမှုအောက်မှာ နေရသည့်အတွက် ပုံသေတော့ ပြောလို့မရနိုင်။
ဂုဏ်အားဖြင့်ကြီးမြတ်ခြင်းကိုတော့ ဓနဂုဏ် လောကီပညာဂုဏ်တို့ကို အထူးပြောဖွယ်မရှိပေ။
အသိပညာဂုဏ်ကသာ လူသားတို့၏ ဘ၀သံသရာကို ကောင်းမွန်စွာဦးဆောင်နိုင်ပေ၏။
ဓမ္မရေးရာ အသိပညာကြီးမားသူတို့အတွက်နေရာတိုင်းတွင် လူသားတိုင်း၏ အလေးထာမှုးကို
မလွဲမသေ ရနိုင်လေ၏။ ထိုအရာသည်ပင် လောကအကျိုးသည်ပိုးရန်အတွက် ကံတရားက
ပေးသော အခွင့်ရေးကောင်းဟုဆိုနိုင်ပါသည်။
ထိုအခွင့်အရေးကို ကောင်းမွန်စွာ အသုံးချတတ်လျှင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်
လေတော့၏။ သူ၏လုပ်ရပ်တို့သည် အလောင်းတော်ဘ၀က ပါရမီဖြည့်ဆည်းပုံတို့နှင့်တူညီ
လာမည်ဖြစ်၏။
ဓမ္မအသိအမြင် ကောင်းမွန်လျှင် သားအဖပင်ဖြစ်သော်လည်း လောကဘက်ကကြည့်လျှင်
အဖေက အသက်ကြီးပေမဲ့ ဓမ္မရေးရာတွင် သားသမီးများက ဖခင်ထက်ကြီးနေတတ်သည်
ကို တွေ့မြင်နိုင်ပေ၏။
ဓမ္မအသိသည် ဘ၀အတွက်ငြိမ်းအေးကြောင်းအသိဖြစ်သဖြင့် ခေါင်းဆောင်ကောင်းတို့သည်
ထိုအသိများကို လွန်စွာဆည်းပူးဖို့ လိုအပ်လေ၏။ အေးချမ်းမှုသည် ဖော်ဆောင်သူအတွက်
လည်း အေးချမ်းသလို မှီခိုသူအတွက်လည်း လွန်စွာအေးချမ်းလှ၏။
အေးချမ်းစွာလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ရပ်တို့သည်သာ မိမိနှင့် မိမိပတ်ဝန်းကျင်တွင်
အစဉ်ထာဝရ နေရာယူလာကြမည်ဆိုလျှင် သာယာပျော်ရွှင်သောဘ၀များကိုပိုင်ဆိုင်နိုင်မည်
ဖြစ်လေ၏။
``ဘ၀သည် စိတ်ကူးပန်းချီတစ်ခု´´
စိတ်ကဆောင်သမျှ လိုက်ဖြစ်နေရသောအခြေအနေတစ်ခုကို မိမိတို့သတိထားသင့်၏။
စိတ်ထားကောင်းသော ခေါင်းဆောင်ကောင်းတို့သည် ကမ္ဘာလောကကြီးကို လှပအောင်
ဖန်တီးတတ်ကြ၏။ စိတ်ထားယုတ်ညံ့သော ခေါင်းဆောင်များကလည်း ကမ္ဘာလောကကို
အကျည်းတန်အောင် ဖန်တီးမြဲဖြစ်လေ၏။
ခေါင်းဆောင်ဟုဆိုလျှင် နိုင်ငံတော်အကြီးအကဲတစ်ယောက်တည်းသာပြောသည်မဟုတ်။
နေရာတိုင်းတွင်ခေါင်းဆောင်နေရသော ပုဂ္ဂိုလ်များကိုဆိုလိုခြင်းဖြစ်၏။
မိသားစုတစ်ခုတွင် အိမ်ထောင်ဦးစီးက ခေါင်းဆောင်ဖြစ်၏။ စာသင်ကျောင်းတွင် ဆရာ
ဆရာမများက ခေါင်းဆောင်ဖြစ်၏၊ ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းကြီး ရဟန်းများက
ခေါင်းဆောင်ဖြစ်၏။ စသည် စသည်ဖြင့် နေရာတိုင်းတွင် ခေါင်းဆောင်ပေါင်းမြောက်များ
စွာရှိကြလေ၏။
ထိုခေါင်းဆောင်တို့ စိတ်ကူးကိုသာ အဓိက အကောင်အထည်ဖော်ရမြဲဖြစ်သဖြင့် ဘဝ
သည်လည်း ထိုသူတို့ စိတ်ကူးထဲတွင် ရေးဆွဲထားသော ပန်းချီများသာ အများဆုံးဖြစ်၏။
စိတ်ကူးကောင်းလျှင် ဘ၀လှနိုင်မည်ဖြစ်၏။ စိတ်ကူးမကောင်းလျှင်တော့ ဘ၀လည်းမလှ
နိုင်တော့ပေ။
ဘ၀ကိုရေးဆွဲသော သူတို့၏စိတ်ကူးတို့ သည် ဓမ္မအသိဖြင့် ထိမ်းညှိထားခြင်းမရှိလျှင်တော့
မကောင်းသော မိသားစုဘ၀ မကောင်းသောတိုင်းပြည် မကောင်းသော ပတ်ဝန်းကျင်ကို
ဖန်းတီးမိသလိုဖြစ်တတ်၏။
အချုပ်အားဖြင့်ဆိုရသော် လူသားတိုင်းသည် အသက်အရွယ် အခြေနေ နှင့် အချိန်အခါအရ
မိမိနှင့်ထိုက်တန်သော နေရာများတွင် ခေါင်းဆောင်ဖြစ်မည့်သူများသာဖြစ်လေ၏။ အနည်း
ဆုံး မိသားစုဘ၀ကိုခေါင်းဆောင်ရမည်။ မိမိထက် ငယ်ရွယ်သူများကို ဦးဆောင်လမ်းပြရမည်
သာဖြစ်ပါသည်။
ထိုအခါ မြတ်ဗုဒ္ဓ၏ အဆုံးအမတရားတော်များဖြင့် မိမိတို့ရရှိထားသော ဘ၀များကို ကောင်း
မွန်စွာဖန်တီးနိုင်ရန် ( ခေါင်းဆောင်ကောင်းများဖြစ်ရန် ) ကြိုးစားရန်လိုအပ်ပါကြောင်း ရေး
သားတင်ပြလိုက်ပါသည်။
(ဓမ္မအသိဖြင့် ကောင်းမွန်သောဘ၀များကိုဖန်တီးနိုင်ပါစေ။)
No comments:
Post a Comment