လောက၌
လူတန်းစားအမျိုးမျိုး အလွှာအသီးသီးရှိပါသည်။ မင်းမျိုး သူဌေးသူကြွယ်ကုန်သည်
ပွဲစားမျိုး အောက်ခြေလူတန်းစား ဆင်းရဲသားမျိုး
အာဏာရှင်များနှင့် ဖိနှိပ်ခံလူတန်းစားမျိုး
မိတ်ဆွေကောင်း စသောပတ်ဝန်းကျင်အသိုင်းဝိုင်းရှိသောလူတန်းစားမျိုးနှင့်တစ်ကောင်ကြွက်
တစ်မျက်နှာသာရှိသော လူတန်းစားမျိုး စသည်စသည်ဖြင့် အမျိုးအမျိုး အဖုံဖုံရှိကြလေ၏။
ထိုကဲ့သို့ အဆင့်အတန်း
အခြေအနေအားဖြင့် အမျိုးမျိုး
ကွဲပြားသော်လည်း ဓမ္မအရာ ( သို့ ) တရားသဘောအရာ၌ ကွဲပြားခြားနားမှုမရှိပေ။
စစ်မှန်သောတရားဓမ္မကို
ရှုမြင်သုံးသပ်၍ ကျင့်သုံးဆောက်တည်ပြီးသော ပုဂ္ဂိုလ်မှန်သမျှ ဘယ်လိုအသိုင်းဝိုင်း အဆင့်တန်းကပင်ဖြစ်စေ ယဉ်ကျေးသိမ်မွေ့သူဖြစ်သလို မြင့်မြတ်
စင်ကြယ်သူလည်းဖြစ်ပါသည်။
စစ်မှန်သော တရားဓမ္မကို
မှန်ကန်သောနည်းလမ်းအားဖြင့် ရှုမြင်သုံးသပ်ခြင်းမရှိ ၊ ကျင့်သုံး
ဆောက်တည်ခြင်းမရှိလျှင်တော့ ဘယ်လိုအလွှာမျိုး
အတန်းစားမျိုးကမှသူ့အလိုလိုယဉ်ကျေး သိမ်မွေ့သောသူ ၊
မြင့်မြတ်စင်ကြယ်သောသူဖြစ်လာနိုင်စရာအကြောင်းမရှိပေ။
ဥပမာအားဖြင့်
ကောင်းမွန်စွာ လေ့ကျင့်သင်ကြားထားသော ဆင် မြင်း ကျွဲ နွားစသောတိရစ္ဆာန် များနှင့်
လေ့ကျင့်သင်ကြားမှုမရှိသောတိရစ္ဆာန်များ၏ ခြားနားမှုကိုလေ့လာခြင်းဖြင့် ထင်ရှားစွာ
တွေ့မြင်နိုင်ပါသည်။
ဆင်-မြင်း-ကျွဲ-နွား
ဟူသော သဘောသည်တူညီလျှက်ရှိပြီး ကောင်းမွန်စွာလေ့ကျင့်သင်ကြားမှု
ရှိခြင်း မရှိခြင်းဟူသောအကြောင်းကြောင့်
လိမ္မာယဉ်ကျေးမှု ရှိခြင်း မရှိခြင်းဟူသော သဘော
သည်သာ ခြားနားလျက်ရှိလေ၏။
ဓမ္မနှင့်စပ်လျဉ်း၍
အမှန်တရားကို ရှုမြင်ပြီး ဆောက်တည်ကျင့်သုံးရာ၌ အကျိုးတရားဖြစ်ပေါ်မှု ကား
ခြားနားခြင်းမရှိပေ။
ဆောက်တည်ကျင့်သုံးသူ၏
အခြင်းအရာ သဘောအားလျော်စွာ အကျိုးတရားသည် ဖြစ်ပေါ် လာသည်သာ ဖြစ်၏။
ဈာန်တရား ၊ မဂ်တရား
ရရှိကြောင်းသည် လူတန်းစားမရွေးပေ ၊ ကျင့်သုံးဆောက်တည်သည့်
အားလျော်စွာ မည်သူမဆို
ဈာန်တရား မဂ်တရားကို ရနိုင်ခြင်းသဘောရှိပေ၏။
ဥပမာအားဖြင့်
လူတစ်ယောက်သည် ကျွန်းသားထင်းကို ယူလာ၏။ အခြားတစ်ယောက်သည် အင်ကြင်းသားထင်းတုံးကို
ယူလာ၏။ အခြားလူတစ်ယောက်သည် သရက်သားထင်းတုံးကို
ယူလာ၏။
ထိုသူတို့သည် မိမိတို့၏
ထင်းစ အသီးသီးကို မီးရှို့ကြသောအခါ အားလုံးမီးတောက်ပြီး မီးခိုး ထွက်သည်သာဖြစ်၏။
တစ်စုံတစ်ယောက်သောသူ၏ မီးစသည် မီးမတောက် ၊ မီးခိုးမထွက် ဟူ၍မဆိုနိုင်ပေ။
(
မဇ္ဈိမပဏ္ဍ္ဂာသပါဠိတော် ၊ ရာဇ၀ဂ် ၊ ကဏ္ဍ္ဂကတ္ထလသုတ် )
လာရောက်ဖတ်ရှု့မှတ်သားသွားပါတယ် အရှင်ဘုရား...
ReplyDeleteလာရောက်ဖတ်သွားပါတယ် အရှင်ဘုရား
ReplyDelete