Thursday, October 4, 2012

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်



သီရိလင်္ကာနိုင်ငံမှ Buddhist Cultural Centre ( B.C.C ) ဆရာတော် ဘဒ္ဒန္တ၀ိမလဇောတိ
ဦးဆောင်၍ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ၊ ကော့ဘဇားဒေသ ၊ ရာမူး ( ပန်းဝါ ) မြို့စသော        နေရာအချို့
တွင်     ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ၊    ဘုရားဆင်းတုတော်များ ၊    လူနေအိမ်များနှင့်
စာသင်ကျောင်းများကို     ဘာသာခြားများက        စက်တင်ဘာလ ၂၉ ရက်နေ့မှ      စတင်ကာ
ဝင်ရောက် မီးရှို့ဖျက်ဆီးသည်များကို     ရှုတ်ချသည့်အနေဖြင့် ( ၄ . ၁၀ . ၂၀၁၂ ) ကြာသပတေး
နေ့တွင် ကိုလံဘိုမြို့၊ မြို့တော်ခန်းမ ( Town Hall ) မှ       ဘင်္ဂလားဒေ့ရှ်သံရုံးအထိ   သီရိလင်္ကာ
နိုင်ငံမှရဟန်းတော်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှရဟန်းတော်များကမ္ဘောဒီးယားနိုင်ငံမှ ရဟန်းတော်များ သီရိလင်္ကာနိုင်ငံတက္ကသိုလ် အသီးသီးမှာပညာသင်ကြားနေကြတဲ့ မြန်မာရဟန်းတော်များ လာအို ၊ မလေးရှားစသောရဟန်းတော်များနှင့် သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာဝင် ပြည်သူများ       စုပေါင်း၍ 
ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါသည်။

                           စုစုပေါင်းဆန္ဒပြသည့်လူအင်အား

( ဘင်္ဂလာဒေ့ရှ်သံဃာတော် အပါး ၂၀၀-ခန့်၊ မြန်မာသံဃာတော် အပါး ၁၅၀-ခန့်၊   သီရိလင်္ကာ သံဃာတော် အပါး ၅၀-ခန့် ကမ္ဘောဒီယား၊ လာအို၊ မလေးရှား သံဃာတော်များနှင့် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ပြည်သူများ စုစုပေါင်း ၅၀၀- ကျော် )          http://www.lankamsma.org/ မှဖော်ပြထားသောလူဦးရေဖြစ်ပါကြောင်း။ ။ ။


3 comments:

  1. ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲပို့စ်လေးကို

    ငြိမ်းချမ်းစွာ ဖတ်သွားပါ၏ မျိုးဆက်သစ်အရှင်ဘုရား..

    ReplyDelete
  2. ကောင်းလေစွ..ကောင်းလေစွ....
    ဖြစ်သင့်တဲ့ ကိစ္စပါ...

    ReplyDelete
  3. ဗုဒ္ဓသာသနာတော်အတွက်
    ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲပို့စ်လေးကို
    လာရောက်ဖတ်ရှုသွားပါတယ်အရှင်ဘုရား

    ReplyDelete