သံဃာတော်များ စီတန်းပြီး
အာရုံဆွမ်းခံထွက်ကြရလေ၏။
ဆွမ်းခံသွားလျှင် ဆွမ်းဒကာများ
ဆွမ်းဒကာမများကို
မေတ္တာပို့ပြီးသွားရန် အမြဲတမ်းသြ၀ါဒပေးထားသော်လည်း ကိုယ့်အတွေး
နှင့်ကိုယ်ဆိုတော့
မေတ္တာပို့ရန်ပင်မေ့နေတတ်ပါသည်။
ကိုရင်တိက္ခတို့အရွယ်ဆိုရင်
စိတ်ကူးယဉ်လို့ကောင်းတဲ့အရွယ်။
ဆွမ်းခံသွားရင်း လမ်းမှာ
ဆိုင်ကယ်လေးစီးပြီး
သွားတဲ့ လင်မယားတွေ
စုံတွဲတွေများတွေ့လိုက်ရင် အော်တိုစိတ်ကူး
ယဉ်ပြီးသားဘဲလေ။
``ရှေ့ကလူနေရာမှာ
ငါဆိုရင် ဆိုင်ကယ်ကို တအားမောင်းပစ်လိုက်မယ်။
ဒါမှနောက်က
ကောင်မလေးက ငါ့ခါးလေးဖတ်ပြီး `မောင်ရယ်
ဖြေးဖြေးမောင်းပါ။ ဒီမှာရင်တွေတုန်လှပြီ´
အဲဒီလိုလေးပြောရင် လီဗာလေးကို
ခပ်ပြင်းပြင်းလေး စွဲလိုက်ဦးမယ်။`ဘူး ဘူး
ဘူး၊တီ တီ
တီ´ဆိုပြီး ဟွန်းလေးကိုတီးလို့´´
``ဟေ့ကောင်တိက္ခ၊
ဘာဖြစ်နေတာလဲကွ၊ မင်းရူးနေတာလား၊ဘာလဲ ပါးစပ်က တစ်ဘူးဘူး၊
တစ်တီ တီ နဲ့အော်ပြီး ငါ့ကျောကို
မင်းသပိတ်ဖုံးကြီးနဲ့ လာ လာပြီး
ဆောင့်တိုက်နေတာ
သုံး လေး ခါလောက်ရှိနေပြီ´´
ထိုအခါမှ
သတိပြန်ဝင်လာပြီးကြည့်လိုက်မိပါသည်။ မိမိသပိတ်ဖုံးနဲ့ ရှေ့ကကိုရင် သုမန၏
နောက်ကျောကို
တော်တော်လေး အရှိန်ပြင်းပြင်းနဲ့တိုးထားတဲ့ပုံသဏ္ဍာန်။
``ဟဲ ဟဲ ဘာရယ်ဟုတ်ပါဘူးကွ။ အတွေးလွန်လို့
ဘေးချွန်သွားတာပါ´´
( သြော် ဒါနဲ့ စကားမစပ်၊
သုမနကျောမှာ ဒဏ်ရာတွေနဲ့ဆိုတာတော့ တိက္ခတို့ကြောင့်တော့
ဟုတ်လောက်ပါဝူးနော် )
တစ်ခဏတာ ရယ်စရာပို့စ်လေးဖတ်ပီး တစ်နေ့တာရဲ့ ပင်ပန်းနမ်းနွယ်မှုများကိုဖြေဖျောက်သွားပါတယ်မျိုးဆက်သစ်အရှင်ဘုရား
ReplyDeleteရယ်မောပြုံးပျော်သွားပါတယ်အရှင်ဘုရား
ReplyDeleteပို့စ်တိုတိုလေးဖတ်ပြီး စိတ်အပန်းပြေသွားပါတယ်အရှင်ဘုရား..
ReplyDeleteစိတ်အပန်းဖြေစရာလေးတွေရလို.
ReplyDeleteပြူံးပျော်ရယ်မောမိပါတယ်ဘုရား
ခင်တဲ.အန်တီလေးမေခင်