ဥပုသ်နေ့
ကျောင်းပိတ်ရက်ဖြစ်နေသဖြင့် ဆွမ်းခံပြန်လာပြီးချိန်တွင် သူငယ်ချင်းကိုရင်တစ်ပါးမှ
ဒကာခံပါမည်ဟုဆိုသောကြောင့်
ကျောင်းဘေးနားကလက်ဖက်ရည်ဆိုင်သို့ သူငယ်ချင်းတစ်စု
ချီတက်လာခဲ့ကြပါသည်။
ကံထူးသည်ဟုပင်ပြောရမလား။
ဒီနေ့ဆွမ်းခံသွားတာ ၀က်သားဟင်းတစ်ခွက် ကြက်သားဟင်း
တစ်ခွက်နှုင့်
မိမိအလွန်ကြိုက်နှစ်သက်သော ချဉ်ပေါင်ကြော်တစ်ခွက်လဲ ပါလာလေ၏။ အခုလဲ
လက်ဖက်ရည်ဒကာခံမည့်
သူငယ်ချင်းနဲ့တွေ့ရပြန်၏။
စိတ်ထဲမှာတော့
တွေးလိုက်မိပါသည်။ ဒီနေ့ တိက္ခတို့
ကံတက်နေတဲ့နေ့ပါလားလို့လေ။
ဆိုင်ရောက်တော့
မိမိတို့ကြိုက်နှစ်သက်ရာများကို မှာစားကြပါသည်။
မိမိကတော့ထူးထူးခြား
ခြားဘာမှတော့
မစားဖြစ်ပေ။ ရှမ်းခေါက်ဆွဲလေးစားပြီး ( အားနာပါးနာဖြင့် ) လက်ဖက်ရည်
ပေါ့ဆိမ့်တစ်ခွက်မှာ သောက်လိုက်ပါသည်။ အလှူရှင်လေးရှိတုန်း Red Ruby ဆေးလိပ် တစ်လိပ်ကိုလဲ
ခပ်တည်တည်ဖြင့်မှာလိုက်လေ၏။
ဆေးလိပ်တော့ရောက်လာပြီး
မီးခြစ်ကပါမလာပေ။ ထို့ကြောင့်
မီးခြစ်လှမ်းတောင်းလိုက်ရ၏။
``ဟေ့ ကောင်လေး ၊
မီးခြစ် ယူခဲ့ဦးဟေ့´´
``တင်းပ တင်းပ ၊
လာပါပြီဘုရား´´
ထိုနောက် ကောင်တာမှ
ပိုင်ရှင်တကာကြီးက ထလာပြီး (
မီးခြစ်ကို ကိုယ်တိုင်ခြစ်ပေးမည့်
ဟန်ဖြင့် ) - - -
``ကိုရင်
ဆေးလိပ်ဖွာလိုက်လေ ၊ တပည့်တော်မီးခြစ် ခြစ်ပေးပါမယ်´´
စိတ်ထဲမှာတော့
တွေးလိုက်မိပြန်ပါသည်။ ဟာ
ဒီနေ့တော်တော်လေး ဟုတ်နေပါလား၊ ခါတိုင်း
စားပွဲထိုးလေးက
မီးခြစ်ကိုချပေးထားခဲ့တာများပြီး ခုမှ
ထူးထူးခြားခြား
ဒကာကြီးကိုယ်တိုင် မီးခြစ်
ခြစ်ပေးနေ၏။
မိမိလဲ ဘာမှပြောမနေတော့
ဆေးလိပ်လေးကိုသာ ကောက်ပြီးဖွာလိုက်လေ။
ဒါပေမဲ့ ဒီလို
ရိုသေတာတွေ့တော့လဲ
တိက္ခတို့ပါးစပ်ကလဲ အငြိမ်မနေနိုင်ပေ။
ထို့ကြောင့် ဆေးလိပ်ဖွာပြီး
``ဒကာကြီး ၊ ရိုသေလှပါလားဗျ ၊ မီးခြစ်ကို ကိုယ်တိုင်ခြစ်ပေးနေတာဆိုတော့
´´
ဒကာကြီးကမဆိုင်းမတွပင်
ပြန်ပြောလိုက်သောစကားကြောင့် သူငယ်ချင်းအားလုံးပွဲကျသွားပေမဲ့ မိမိမှာတော့
ရယ်ရခက် ရှက်ရခက်ဖြစ်သွားလေ၏။ ကြည့်ပါဦး သူပြောပုံက - -
`` ရိုသေလို့တော့ မဟုတ်ဘူး ကိုယ်တော်ရေ၊ မီးခြစ်တွေ ခဏခဏပျောက်တတ်လို့ဘုရား´´
``အန်´´
အင်း . . .
စိတ်ထဲမှာတော့ ပြောလိုက်မိပါသည်။
``မှတ်စမ်းကွာ ၊ ကိုယ့်ကိုကိုယ် အချောက်တိုက် ဘ၀င်မြင့်နေတဲ့ကောင်´´
ဟာသ ပို့စ်တိုတိုလေးဖတ်ရင်းပြုံးသွားပါတယ် အရှင်ဘုရား...
ReplyDeleteခင်မင်လေးစားလျက်..မိုးနတ်
ရယ်မောခြင်းသည် အသက်ရှည်စေ၏ဆိုတဲ့အတိုင်း
ReplyDeleteပို့စ်လေးဖတ်ပီး အားပါးတရ ရယ်မောသွားပါတယ် မျိုးဆက်သစ်အရှင်ဘုရား..