အမှတ်မထင်ကြားလိုက်တဲ့အသံတစ်ခုကြောင့်
သွားလက်စ ခြေလှမ်းများ တုန့်ခနဲ ရပ်သွားသည်။ ပိုပြီးတော့ သေချာအောင် ခြံဝင်းအနားသို့ကပ်ပြီး
နားထောင်မိလိုက်သောအခါ - -
“ လွှတ်နော်
၊ လွှတ် ၊ လွှတ် ၊ ရှင် - ရှင် - ရှင် ၊ မယုတ်မာနဲ့နော်”
“ မအော်ပါနဲ့ကွာ
၊ မအော်ပါနဲ့ ၊ ငါ မင်းကို တကယ်ချစ်တာပါ၊ တကယ်လက်ထပ်ယူမှာပါ”
“ လွှတ် ၊
လွှတ် ၊ ကယ်ကြပါဦးရှင့် ၊ ကယ်ကြပါဦး”
သေချာပါပြီ။
ဒီကောင် မိန်းကလေးတစ်ယောက်ကို အလိုမတူပဲ အဓမ္မပြုနေတယ်ဆိုတာ ဟုတ်နေပြီ။ ဒီတော့ မိမိက
တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ ရပ်ကွက်ရုံးအကြောင်းကြားပြီး ရဲစခန်းအပ် ဖမ်းလိုက်ရုံပဲရှိသည်။
သို့နှင့်
ရပ်ကွက်ရုံးသို့ အလျင်မြန်သွားပြီး သက်ဆိုင်ရာ လူကြီးများနှင့်အတူ စောစောက ဘမောင်၏
အိမ်သို့ ရောက်ရှိလာပါတော့သည်။ ထိုအချိန်ထိ အသံတွေကြားနေရတုန်းပင် - -
“ ကျမ တောင်းပန်ပါတယ်ရှင်
၊ အဟင့် အဟင့် အဟင့် ကျမ ရှိကြီးခိုးပါတယ်၊ ကျမကိုသနားပါ”
အချိန်မှီသေးတယ်။
ရပ်ကွက်လူကြီးများအားလုံးမှာလဲ အသံကြားပြီး ဒေါသတွေထွက်နေကြလေ၏။
“ ဒေါက် ဒေါက်
ဒေါက်”
ဥက္ကဋ္ဌက ဒေါသတစ်ကြီးဖြင့်
တံခါးကို ခေါက်လိုက်လေ၏။ နောက်ထပ် အရှိန်ပြင်းပြင်း ၂ ခါလောက်ထပ် ခေါက်လိုက်မှ အသံတွေတိတ်သွားပြီး
ဘမောင်တစ်ယောက် တဘက်လေးကို ခါးမှာပတ်ပြီး အ၀တ်စား မပါပဲတံခါးလာဖွင့်လေ၏။ဘာမှပြောမနေတော့ပဲ
မိမိအပါအ၀င် လူကြီး ၄ ယောက်လောက်က ဘမောင်၏ လက်နှစ်ကို ဖမ်းချုပ်လိုက်လေ၏။ ဘမောင်ကတော့
အံ့သြသလိုလိုနဲ့ -
“ ဟ ဟ ဟ ဟိတ်လူတွေ
၊ ခင်ဗျားတို့ ဒါဘာလုပ်တာလဲဗျ၊ ကျုပ်မှာဘာအပြစ်ရှိလို့လဲ”
“ ဟာ ဒီကောင်
ငါလုပ်လိုက်ရင် နာတော့မယ် ၊ မင်း အခု အလိုမတူပဲ မိန်းကလေးတစ်ယောက်ကို အဓမ္မပြုကျင့်မလို့
မဟုတ်လား”
“ ဟာ ဥက်
ဥက် ( စကားတွေပင် ထစ်လျှက် ) ဥက္ကဋ္ဌကြီးရယ် ၊ မဟုတ်ရပါဘူးဗျာ၊ ကျနော် ဘယ်သူ့ကိုမှ ဘာမှမလုပ်ရပါဘူး”
“ ဟေ့ ကောင်
မင်းပုံစံကို ပြန်ကြည့်လိုက်ဦး ”
“ ဟာ ဒါကျနော်
ရေချိုးမလို့ လုပ်နေတာလေ၊ ခင်ဗျားတို့တံခါးခေါက်သံကြားလို့ကမန်းကတန်းထွက်လာတာ”
“ ဟေ့ ကောင်
ဒါဆို စောစောက အမျိုးသမီးတစ်ယောက်ရဲ့ အော်ပြီး တောင်းပန်နေတဲ့အသံတွေကရော ”
ထိုအခါမှ
ဘမောင်တစ်ယောက် ဇာတ်ရေလည်သွားလေတော့၏။
“ မဟုတ်ပါဘူး၊
ဥက္ကဋ္ဌကြီးရယ် ၊ အဲဒါက ကျနော် နောက်ပွဲမှာပါမဲ့ ဇာတ်ဝင်ခန်းအတွက် ရေမချိုးခင် အသံတု လေ့ကျင့်နေတာပါ
၊ ဘယ်သူ့ကိုမှ အဓမ္မပြုကျင့်နေတာမဟုတ်ပါဘူးဗျာ”
ထိုအခါ ရပ်ကွက်လူကြီးများ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ခါ နောက်ဆုံးမှာတော့ အကြည့်အားလုံးက ကျနော့်အပေါ်စုပြုံရောက်လာလေတော့၏။
ကျနော်လည်း
သူတို့မျက်နှာတွေကို မချိပြုံးလေးပြုံးကြည့်ပြီး - -
“ အဲ . အင်း
. ဟိုဝှါပေါ့နော်။ အဟမ်း - ကျ - ကျနော်လဲ တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ ဒုက္ခရောက် နေတဲ့လူကို
ကူညီရအောင်လို့ပေါ့နော်၊ အဲ . ဟိုဝှါပေါ့နော် ၊ အင်း - အဲ ၊ ဘယ်လိုပြောရမလဲ ပေါ့နော်။
အဟီးးး မှားတဲ့အခါလဲ မှားပေမပေါ့လို့ပေါ့နော် - ဟိုဒင်းပေါ့နော် ၊ အဲ ဟိုဝှါပေါ့နော်
- -
- - -
- - -
- ဟို - - ဟို - လစ်ပီဗျို့ ------ ။”
No comments:
Post a Comment