ကုရုတိုင်းတွင် လူထက်မက နတ်တမျှလှပသော အလှဘုရင်မလေးတစ်ပါးရှိလေ၏။ ပစ္စည်း
ဥစ္စာကြွယ်ဝ ချမ်းသာပြီး
အမျိုးဇာတ်အားဖြင့်လည်း မြတ်သည့်အတွက် မိဘများကမာန်တက်
မည်ဆိုလျှင် တက်စရာပင်။ထို့ကြောင့်ဘယ်လိုလူချမ်းသာ
အသိုင်းဝိုင်းကလာရောက်တောင်း
ရမ်းပါသော်လည်း
တစ်ဦးတစ်ယောက်နှင့်မျှ သဘောမတူနိုင်သဖြင့် သူမ၏အလှဂုဏ်သတင်း
မှာ
ကြီးပြီးရင်းကြီးရင်းပင်ဖြစ်၏။
`မာဂဏ္ဍီ´ဟူသောအသံကိုကြားလိုက်လျှင်မည်သူမျှ ငေးမောမကြည့်ဘဲမနေနိုင်ပေ။ထူးခြား
သည်ကား
တစ်ဆွေလုံးတစ်မျိုးလုံး၏နာမည်ကို `မာဂဏ္ဍီ´ဟုသာခေါ်ခဲ့ကြခြင်းဖြစ်ပါသည်။
တစ်နေ့သောအခါ
ဘုရားရှင်ကိုယ်တော်မြတ်သည် `မာဂဏ္ဍီ´၏ မိဘနှစ်ဦး တရားထူးရမည့်
အရေးကိုမြင်တော်မူသဖြင့်
ထိုမြို့သို့ ဘုရားရှင်တစ်ပါးတည်း ကြွရောက်တော်မူလာခဲ့လေ၏။
ပုဏ္ဍ္ဂားကြီးလည်း
ဘုရားရှင်ကို ဖူးတွေ့ရသောအခါ အတွေးတစ်ခု မထင်မှတ်ဘဲ တွေးမိလိုက်
လေ၏။ ``သြော် . .
လောကမှာ ဒီလိုယောက်ျားမျိုးတွေလဲရှိပါလား။ ကျက်သရေရှိလိုက်တာ
အင်း . .
. ဒီလိုပုဂ္ဂိုလ်မျိုးမှ
ငါ့သမီးနဲ့ထိုက်တန်တာ။ ဒီတော့ သူ့ကို သမီးလေးနဲ့ပေးစားရ
မယ်´´
ထို့နောက်ဘုရားရှိရာအရပ်သို့ချဉ်းကပ်ပြီး
``အိုရဟန်း ၊ အကျွန်ုပ်မှာ သမီးတစ်ယောက်ရှိပါ
တယ်၊ သမီးလေးကလည်း အရှင့်လိုပုဂ္ဂိုလ်မျိုးနဲ့မှသာလျှင် အလွန်တရာလိုက်ဖက်မည်ဖြစ်
ပါတယ်။ အဲတော့
အရှင့်နှင့်အတူအတွ အကျွန်ုပ်၏ သမီးလေးကို ထည့်ပေးလိုက်ပါရစေ။
ဒီမှာဘဲ
ခဏစောင့်နေပါဦး´´
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည်
ဘာမှပြန်မပြောဘဲ ဆိတ်ဆိတ်သာ နေတော်မူစဉ်
ပုဏ္ဍ္ဂားကြီးမှာ အိမ်သို့
အလျဉ်အမြန်ပြေးသွားပြီး ``ရှင်မရေ ရှင်မ ၊ ငါ အခု တို့သမီးနဲ့ တန်
တဲ့လူ
ငါတို့သမီးနဲ့ထိုက်တန်တဲ့ သတိုးသားလောင်းတွေ့ခဲ့ပြီဟေ့၊ ကဲ ကဲ
သမီးကို အ၀တ်
အစားလဲပြီး
မြန်မြန်ခေါ်ခဲ့တော့´´
မာဂဏ္ဍီကို
ယောက်ျားပေးစားတော့မည့် သတင်းကို ကြားရသောအခါ အားလုံးက အံ့သြကြ
ရလေတော့၏။ ဟုတ်ပါသည် ။ ဟိုအရင်ကတော့ သူ့သမီးကို ဘယ်သူနဲ့မှ
သဘောမတူခဲ့
သည့်
ဖခင်ကြီးကိုယ်တိုင်က ရှာတွေ့လာတာဆိုတော့ အလှသခင်မလးနှင့်
လက်ဆက်မည့်
သူ ပုဏ္ဍ္ဂားကြီးရဲ့ သမတ်လောင်းကို အားလုံးက
မြင်ဖူးချင်နေကြပြီ။ ထို့ကြောင့် အာလုံးက
မာဂဏ္ဍီတို့
မိသားစုနှင့်အတူ ဘုရားရှင်ရှိရာသို့ လိုက်ပါသွားကြလေတော့၏။
ဘုရားရှင်ကိုယ်တော်မြတ်သည်
ပဒစေတီ (ခြေတော်ရာ ) ကိုထင်စေလျှက်
အခြားသောနေ
ရာ၌ သီတင်းသုံးနေလျှက်ရှိလေ၏။
ပဒစေတီ ( ခြေတော်ရာ )
နှင့်ပတ်သတ်၍ ထူးခြားချက်
မြတ်စွာဘုရားရှင်တို့၏
ပဒစေတီ ( ခြေတော်ရာ ) ကား အဓိဋ္ဌာန်ပြီး နင်းချထားတော်မူသော
အရပ်မှာသာလျှင်ခြေတော်ရာထင်လေ၏။အခြားသောအရပ်၌မထင်ပေ။
တစ်စုံတစ်ယောက်
သောသူ
ဖူးမျှော်စေရန်အတွက်အဓိဋ္ဌာန်ပြီးထားခဲ့လျှင် ထိုသူတို့သာလျှင်ဖူးမျှော်ခွင့်ရကြလေ
၏။ထိုသူများဖူးမြင်ခွင့်မရစေရန်
ဆင်အစရှိသော သတ္တ၀ါများကနင်းသွားသည်ဖြစ်စေ။မိုးကြီး
သည်းထန်စွာရွာသည်ဖြစ်စေ။လေပြင်းကျသည်ဖြစ်စေ။ထိုခြေရာကိုပျောက်ပျက်သွားအောင်
မည်သူမျှ
တူးဖြိုခြေဖျက်ခြင်း မပြုလုပ်နိုင်ပေ။
ဘုရားရှင်ကို
မတွေ့ရသဖြင့် ဟိုဟိုဒီဒီလှည့်ရှာကြည့်သောအခါ ခြေတော်ရာကို တွေ့သွားပြီး
``ရှင်မရေ ၊ ဒါဘဲ . . .
သမီးလေးနဲ့ပေးစားမဲ့လူရဲ့ခြေရာ´´
ခြေတော်ရာ၏ထူးခြားသော
လက္ခဏာတို့ကို တွေ့မြင်သောအခါ မိမိတတ်မြောက်ထားသော
ဗေဒင်ကျမ်းများဖြင့်
ဆန်းစစ်ကြည့်ပြီး ``ပုဏ္ဍ္ဂားကြီး ၊ လက္ခဏာဗေဒင်ကျမ်းအရဆိုရင်တော့
ဒီခြေရာပိုင်ရှင်ဟာ
ကာမဂုဏ်တွေကို ခံစားတဲ့သူရဲ့ခြေရာတော့ မဟုတ်တော့ဘူး´´
ဟုပြော
ဆိုလေသောအခါ ပုဏ္ဍေ္ဂးမကြီးကို
တိတ်တိတ်နေရန်ပြောပြီး ဘုရားကို လိုက်ရှာလေ၏။
ဘုရားရှင်ကိုယ်တော်မြတ်ကို
ရှာတွေ့လေလျှင် အနီးနားသို့ချဉ်းကပ်ပြီး``အို
အရှင်ရဟန်း
အကျွန်ုပ်၏သမီးကို ခြေရင်း
အလုပ်အကျွေးအတွက် ပေးပါတယ်´´ဟုလျှောက်လေ၏။
ထိုအခါဘုရားရှင်သည် ဗောဓိပင်အနီး အဇပါလညောင်ပင်အောက်မှာ သီတင်းသုံးတော်မူ
စဉ်က တဏှာ အရတီ ရာဂါ ဟူသောမာရ်နတ်မင်း၏ သမီးသုံးယောက်တို့ လာရောက်ပြီး
မြူဆွယ်ကြပုံကို ဟောပြတော်မူပြီး ``ပုဏ္ဍ္ဂား
၊မာရ်နတ်မင်း၏သမီးသုံးယောက်ကိုမျှ
ငါဘုရား အလိုမရှိဘဲ
ကျင်ကြီး ကျင်ငယ်တို့ဖြင့်ပြည့်သော မာဂဏ္ဍီသူငယ်မကို
အဘယ်မှာ
အလိုရှိပါ့မလဲ ၊သင့်သမီး
မာဂဏ္ဍီကို ခြေဖြင့်ပင်မထိလိုပေ´´ဟု မိန့်ကြားတော်မူလိုက်လေ၏။
ဒေသနာတော်အဆုံး၌
မိဘနှစ်ပါးသည် အနာဂါမိဖိုလ်၌တည်၍ မာဂဏ္ဍီမှာတော့
မိမိအားထို
ကဲ့သို့ပြောသည့်အတွက်
ဘုရားအပေါ် ကြီးစွာသောရန်ငြှိုးဖွဲ့လေ၏။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည်
သမီးမာဂဏ္ဍီ မိမိအပေါ် ဤကဲ့သို့ ရန်ငြှိုးဖွဲ့မည့်အရေး
ကိုသိသော်လည်း ပုဏ္ဍ္ဂားကြီးနှင့်
ပုဏ္ဍေ္ဂးမကြီးအကျိုးငှာ ဟောတော်မူပါသည်။
ဗဟုသုတဖြစ်ဖွယ်
ခြေရာလေးသွယ်
လူတို့၏ ခြေရာများမှာ
၎င်းတို့၏ ပင်ကိုယ်စရိုက်သဘာဝကို ဖော်ပြနေပေသည်။
ရာဂကြီးသူ ၊ ခြေရာမူ ၊ မှတ်ယူ အလယ်ကခွက်။
ဒေါသကြီးသူ ၊ ခြေရာမူ ၊ မှတ်ယူ ဖနောင့်နက်။
မောဟကြီးသူ ၊ ခြေရာမူ ၊ မှတ်ယူလွန် ရှုပ်ရှက်။
ရာဂ ဒေါသ ၊ မောဟကင်းသူ ၊ ခြေရာမူ ၊ မှတ်ယူ
ညီမျှလျှက်။
ခြေဖ၀ါးအလယ်မှ
အလွန်ခွက်ပြီး ခြေဖျားနှင့် ဖနောင့်သာထင်သော ခြေရာပိုင်ရှင်သည်``ရာဂ ကြီးသူ ဖြစ်၏´´ဟုဆိုလိုပါသည်။ဖနောင့်ရာသာနက်စွာထင်သောခြေရာပိုင်ရှင်သည်
``ဒေါသ
ကြီးသူ
ဖြစ်၏´´ဟုဆိုလိုသည်။ရှုပ်ရှက်ခတ်နေသော ခြေရာပိုင်ရှင်သည် ``မောဟကြီးသူဖြစ်
၏´´ဟုဆိုလိုပါသည်။ ခြေဖ၀ါးပြင် ညီညာစွာ ထင်ကျန်နေသော ခြေရာပိုင်ရှင်သည်ကား
``လောဘ ဒေါသ မောဟ ကင်းသူ ဖြစ်၏´´ဟုဆိုလိုပါသည်။
( အကျယ်ကို ဓမ္မပဒအဋ္ဌကထာ(ပ)
အုပ်၊အပ္ပမာဒ၀ဂ် ၊သာမာဝတီဝတ္ထုတွင်ဖတ်ရှု့နိုင်ပါသည် )
No comments:
Post a Comment