ဗုဒ္ဓဘာသာဝင်တိုင်း
မည်သူမဆို ဘာသာရေးနှင့်စပ်လျဉ်း၍ ဘုန်းတော်ကြီးကျောင်းသို့သွား
ရောက်ခြင်း ၊ ရဟန်းသံဃာတော်များနှင့် တွေ့ဆုံခြင်း
စသည်တို့ကို မလွဲမသွေကြုံတွေ့ရ
မည်ဖြစ်ပါသည်။ ထိုအခါ သန့်ရှင်းသပ်ရပ်သော အ၀တ်အစားတို့ကို
ဝတ်ဆင်ပြီးမှသာလျှင်
သွားရောက်ဖူးမြှော်သင့်ပါသည်။
မိန်းကလေးအများအစုအတွက်မှာမူ ပါးလွှားသောအင်္ကျီ ၊ အင်္ကျ
ီလက်တို ၊ စကတ်တို
ဘောင်းဘီတို
ဘောင်းဘီကွဲ ထမိန်ကွဲစသော မလုံခြုံသော ၀တ်စားဆင်ယင်မှုမျိုးကို အထူး
ရှောင်ရှားသင့်ပါသည်။
ဘုန်းကြီးကျောင်းသို့ရောက်လျှင်
ဘုရားကို ဦးစွာရှိခိုးပြီးမှသာ ဆရာတော်ကို
ဦးချရပါမည်။
ရှိခိုးသောအခါ
ဗုဒ္ဓဘာသာတို့ဓလေ့ထုံးတမ်းစဉ်လာအရ ``ခြေ
လက် နဖူး၊တံတောင် ဒူး၊
ငါးဦး ညီညွတ်စေ ´´ဟူသော ထိခြင်း ငါးပါးဖြင့်ရှိခိုးရပါမည်။
``ဗုဒ္ဓံ ပူဇေမိ။ ဗုဒ္ဓံ - မြတ်စွာဘုရားကို ၊ ပူဇေမိ
- ပူဇော်ပါ၏ဘုရား´´
``ဓမ္မံ ပူဇေမိ။ ဓမ္မံ - တရားတော်မြတ်ကို ၊ ပူဇေမိ -
ပူဇော်ပါ၏ဘုရား´´
``သံဃံ ပူဇေမိ။ သံဃံ - သံဃာတော်မြတ်ကို ၊ ပူဇေမိ -
ပူဇော်ပါ၏ဘုရား´´
ဟူ၍
နှလုံးသွင်းနိုင်ပါစေ။
( ဘုရား တရား သံဃာ မိဘ
ဆရာတို့ကို ရှိခိုးသောအခါတိုင်း ထိုကဲ့သို့
ပြုလုပ်ရမည်ကို
သတိပြုပါ။ )
ရှိခိုးပြီး ပြန်ထသောအခါ
ချက်ချင်းမျက်နှာလည့်၍ မပြန်ဘဲ
လက်အုပ်ချီလျှက် ခါးကိုညွှတ်ပြီး
နောက်သို့ ခြေ နှစ်လှမ်း
သုံးလှမ်းမျှဆုတ်ကာ ဂါရ၀အမှုပြုခြင်း ရိုသေလေးစားခြင်းဖြင့် သွား
တတ်ပါစေ။
ရဟန်းသံဃာများနှင့်ဆက်ဆံပြောဆိုသောအခါ
မိမိကိုယ်ကို ရည်ညွှန်းလျှင် `တပည့်တော် ၊
ဘုရားတပည့်တော်´ဟူ၍ သုံးနှုန်းပြောဆိုရပါမည်။´ကျနော် ၊ ကျွန်မ ၊ ငါ´စသည်ဖြင့် လူ
အချင်းချင်း ပြောဆိုသော
ဝေါဟာရ စကားတို့ဖြင့် မပြောဆိုရပါ။
ရဟန်းသံဃာကို
ရည်ညွှန်းလျှင်လဲ `အရှင်ဘုရား ၊
ဆရာတော်ဘုရား ၊ ဦးဇင်းဘုရား ´
စသည်ဖြင့်
ယဉ်ကျေးစွာခေါ်ဝေါ်သုံးစွဲရပါမည်။
`ဘဘုန်းဘုရား ၊ ဖေကြီးဘုရား ၊ အဘိုးဘုန်းဘုန်း ၊
ဦးကြီး ၊ အကို ´စသော လောကီ
အသုံးအနှုန်းတို့ဖြင့်
ရောယှက်၍ မခေါ်ဝေါ်အပ်ပေ။ ရဟန်းတော်များကလည်း
`ဒါယကာကြီး ၊
ဒါယကာမကြီး ၊ ဒကာကြီး ၊ ဒကာလေး ၊ ဒကာမကြီး ´ စသည့် သာသနာတော်သုံး
ဝေါဟာ
ရများဖြင့်သာခေါ်ဝေါ်သင့်ပြီး `အကို ၊အမ ၊ ညီလေး ၊ညီမ ၊ အဖေ ၊အမေ ၊
အဖိုး ၊ အဖွား ´
ဟူ၍မခေါ်ဝေါ်သင့်ပါ။မိမိကိုယ်ကိုလည်း `ဘုန်းကြီးတို့ ၊ ဦးဇင်းတို့ ၊ ဆရာတို့ ´
ဟူ၍သာ
သုံးနှုန်းသင့်ပါသည်။`ကျုပ်တို့ ၊ငါတို့ ၊ကျွန်တော်တို့ ´ဟူသောအရပ်သုံးစကားဖြင့်မသုံးသင့်ပါ။
ဥပမာမေးလျှောက်ကြပုံ
လူပုဂ္ဂိုလ်။ ။``ဦးဇင်းဘုရား ၊
အရှင်ဘုရားတို့ကျောင်းတိုက်မှာ သံဃာတော်
ဘယ်နှစ်ပါး
သီတင်းသုံးကြပါသလဲဘုရား ဆွမ်းကွမ်းကော
လုံလောက်မျှတကြပါရဲ့
လားဘုရား ´´
ရဟန်းး။ ။``အင်း
….. ၊ ဦးဇင်းတို့ကျောင်းမှာ စာသင်သံဃာတော် အပါး ( ၅၀ )
လောက်ရှိပါတယ်။
ဒကာကြီးတို့လို လစဉ်ဆွမ်းအလှူရှင်တွေရဲ့
စေတနာ
သဒ္ဓါတရားကြောင့် ဆွမ်းကွမ်းပြည့်စုံမျှတကြပါတယ်´´
လူပုဂ္ဂိုလ်။ ။``အရှင်ဘုရားကို တပည့်တော်
ပစ္စည်းလေးပါးဒါယိကာခံဖို့ ဖိတ်ကြားပါတယ်
ဘုရား ´´
ရဟန်း။ ။``ကောင်းပါပြီ ဒကာကြီး ၊
အလိုရှိတဲ့အခါ ဦးဇင်းပြောပါမယ်´´
သာသနာတော်
အသုံးနှုန်းများ
သံဃာတော်ကို
ပင့်လိုလျှင် ``ကြွတော်မူပါဘုရား ´´
ပြောစေလိုလျှင်
``အမိန့်ရှိတော်မူပါဘုရား´´
စားစေလိုလျှင် ``ဘုဉ်းပေးတော်မူပါဘုရား´´
ခေတ္တရပ်စေလိုလျှင်
``ရပ်တော်မူပါဦးဘုရား´´
ထိုင်စေလိုလျှင်
``ထိုင်တော်မူပါဦးဘုရား´´
ဖိတ်ခေါ်သည် = ပင့်လျှောက်သည်
ရဟန်တော်များနှင့်အပ်စပ်အောင်
(၀ိနည်းနှင့်အညီသုံးစွဲနိုင်အောင်ပြုလုပ်သည်)= ကပ္ပိသည်
လမ်းလျှောက်သည် =
စင်္ကြန်လျှောက်သည်။
နေထိုင်သည် =
သီတင်းသုံးသည်။
သွားသည် =
ကြွသည်။
စားသည် =
ဘုဉ်းပေးသည်။
အိပ်သည် =
ကျိန်းသည်။
စာကျက်သည် =
စာအံသည်။
အပြစ်ကို
ဝန်ခံပြုပြင်သည် = အာပတ်ဖြေသည်။
ဘုရားရှင်ချမှတ်ထားသော
စည်းကမ်း = ၀ိနည်း ။
ထမင်း =
ဆွမ်း ။
ဟင်း =
ဆွမ်းဟင်း ။
မုန့်ဟင်းခါး = မုန့်ဟင်းခါးဆွမ်း ။
ကောက်ညှင်း =
ကောက်ညှင်းဆွမ်း ။
(
ချက်ပြုတ်ပြုပြင်ထားသောအစားအစာမှန်သမျှ ဆွမ်းဖြစ်ပါသည် )
( ဓမ္မစက္က ဦးမောင်မောင်
ရေးသားသော `သံဃာတော်များနှင့်ပြောဆိုဆက်ဆံနည်း´စာအုပ်မှ
ထုတ်နှုတ်တင်ပြပါသည် )
မှတ်သားဖွယ်ရာ ပို့စ်လေးပါဘုရား...
ReplyDeleteယခုခေတ်လူငယ်တော်တော်များများပညာတွေတော့တော်တော်
လေးတတ်မြောက်လာကြသလို အမြင်လည်းတော်တော်လေးကျယ်
လာကြပါတယ်ဘုရား...ဒါပေမယ့် ဘုရားကျောင်းကန်ကိုအသွားအလာ
နည်းသွားတာတွေ့ရသလို ရဟန်းသံဃာတော်များနဲ့ စကားမပြောတတ်
ကြတဲ့လူငယ်တွေ တပည့်တော်ပတ်ဝန်းကျင်မှာတော်တော်တွေ့ရပါတယ်
ဘုရား...တပည့်တော်တို့လို့ အသက်30 တန်းရွယ်တူသူငယ်ချင်းတွေ
တော်တော်များများတောင်သံဃာတော်များနဲ့ စကားပြောရာမှာတောင်အ
ပြေပြေမပြောတတ်တာတွေ့ရပါတယ်ဘုရား... အခုတင်ထားတဲ့ပို့စ်လေး
ကို အားလုံးဖတ်သင့်လေ့လာသင့်ပါတယ် ဘုရား...အခုလိုတင်ပြပေးလို့
ကျေးဇူးတင်ပါတယ် ဘုရား...
ရိုသေလေးစားစွာဖြင့်
ရာဇာထွေး