``ဦးဇင်း ၊
တပည့်တော်ကို ၀ါးတစ်လုံးလောက်စွန့်ပါဦးဘုရား´´
``ဟာ ၊ ဘယ်လိုလဲ ၊
ဗေဒင်ဆရာကလွှတ်လိုက်တာဘဲလား´´
ကြုံခဲ့ရပေါင်းများနေပြီဖြစ်တဲ့အတွက် ထိုကဲ့သို့
မေးလိုက်ခြင်းဖြစ်ပါသည်။
ဟုတ်ပါတယ်။
တော်တော်များများကိုကြုံခဲ့ဖူးတာပါ။ ယတြာချေကြတာလေ။ ကျောင်းမှာရှိတဲ့ ရွက်လှပင်၊
သီးပင်း ၊ ဒန်းပင် ၊
အုန်းလက်တော်တော်များများ ဘုန်းကြီးရဟန်းများနှင့်မခြား အပင်တိုင်း
ဂတုံး တွေဖြစ်ကုန်ပြီ။
ခုလဲ လာပြန်ပြီ။ ၀ါးတစ်လုံးလောက်စွန့်ပါတဲ့။ တစ်ခါတစ်လေစဉ်းစားမိပါသေးတယ်။
သစ်တောဦးစီဌာနကို တိုက်ရိုက်ဆန့်ကျင်နေတာ
ဗေဒင်ဆရာတွေများဖြစ်နေမလားလို့လေ။
မဆီမဆိုင်ပေါ့။ အရင်တစ်ခါကလဲ ဒကာတစ်ယောက် သူ့အမေ အသည်အသန်ဖြစ်နေတဲ့
အတွက်
ယတြာချေရမယ်ဆိုလို့ ကျောင်းကိုဝါးလာတောင်းတာ။
သာမန်ဝါးတွေဆိုရင်မဆန်းပါဘူး။အခုသူလိုချင်နေတာက
ကျောင်းရှေ့မှာအလှစိုက်ထားတဲ့ဝါး
ရွာဘက် အခေါ်ဆို(၀ါးမင်းပင်)ပေါ့။
အဆစ်တွေကဖုဖုထစ်ထစ်လေးတွေနဲ့တော်တော်လေးကို
ကြည့်လို့ကောင်းတာပါ။ သူ့အမေက အသက် ( ၃၇ ) နှစ်ဆိုတော့ အဆစ်ပေါင်း ( ၃၇ )
ဆစ်ပါတဲ့
ဝါးကိုရမှဖြစ်မှာဆိုလို့ တကယ့်လှပေဆိုတဲ့ ၀ါးကိုမှ ရွေးခုတ်သွားပါလေရဲ့။
သြော် လူတစ်ယောက်ရဲ့ အသက်တစ်ချောင်းအတွက်ပဲလို့သာ ယူဆလိုက်ရတာ
ယတြာချေခိုင်းတဲ့ ဗေဒင်ဆရာကိုတော့ နည်းနည်းထုထောင်းလိုက်ချင်သေးတယ်။
ဒါပေမဲ့
လာတောင်းတဲ့လူကိုဘဲ ပြောလိုက်မိပါတော့တယ်။
`` အလကားရတဲ့ ပစ္စည်းနဲ့
ယတြာချေတာ အလကားဘဲဖြစ်မယ်´´ လို့ပေါ့။
တစ်ခါတစ်လေ
စဉ်းစားမိတော့လဲ။ တောသူတောင်သားတွေ ဘာသာရေး ဗဟုသုတအားနည်း
နေတာကို တွေ့ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ မိရိုးဖလာတွေက များနေတာကိုး။
ဒါဟာ သာသနာပြန့်ပွားမှုအားနည်းနေတာကို မီးမောင်းထိုးပြနေတာဘဲလို့များ စဉ်းစားမိတဲ့
သူတွေများများပေါ်ပေါက်လာပါစေဟုသာ အကြိမ်ကြိမ် အခါခါ ဆုတောင်းမိပါတော့တယ်။
ယခု ၀ါးတောင်းတဲ့ ဒကာကိုလဲ
ယတြာချေဖို့ဘဲထင်လို့မေးလိုက်ပါတယ်။
ဒီတော့မှသူက-
`` မဟုတ်ပါဘူးဘုရား ၊
တပည့်တော် အလုပ်ပိတ်တဲ့ရက် အိမ်မှာနေရတာပျင်းလို့
ငါးမျှားချင်လို့ပါ´´
ကိုင်းဗျာ။ ကဲ
ဘာတတ်နိုင်သေးလဲ၊ ဘုန်းကြီးကျောင်းမှာလာပြီး
ငါးမျှားတံလာအလှူခံနေတာ။
ဒါဟာ
ကလေးတစ်ယောက်လဲမဟုတ်တော့ဘူး။ သားမယားနဲ့ အိမ်ထောင်သည်တစ်ယောက်။
ကျေးလက်တောရွာတွေမှာ
ရွာဦးဘုန်းတော်ကြီးကျောင်းတွေကတော့ရှိပါရဲ့။သာသနာတော်ရဲ့
ရေသောက်မြစ်က
မဆင်းသက်နိုင်သေးသ၍ ငါးမျှားဖားရိုက် လေးခွတစ်လက်နဲ့ငှက်လိုက်ပစ်
နေတဲ့
အကျင့်တွေရှိနေဦးမည်သာ။
ကျောင်းသားဗလာ
ကိုရင်မရှိတဲ့ တောရွာက ကျောင်းတွေမှာ သာသနာ့မျိုးဆက် ဘယ်လိုများ
ထွက်ပါလိမ့်မလဲ။ သားသမီးမမွေးတဲ့အမျိုးသမီးများကို အမြုံမလို့ခေါ်သလို မျိုးဆက်သစ်တို့
မပေါက်ဖွားနိုင်တဲ့
ကျောင်းတော်ကြီးကို ဘယ်လိုများနာမည်တပ်ကြပါမလဲ။
``ကျောင်းတော်ကြီးက
ကြီးလိုက်တာ မျိုးဆက်မရှိပါ။
သာသနာပြန့်ပွားရေး တောရွာများကို ဦးစားပေး။
ကျောင်းသားကိုရင် မရှိလျှင်
မျိုးဆက်ပြတ်မည်ပင်။
ကွယ်မည့်အရေး စဉ်းစားပေး
ကိုရင်ကျောင်းသားမွေး။
ဒါမှ နောင်ရေး စိတ်မှာအေး သာသနာတွက်
ဝန်မလေး။´´
အနာဂတ်မျိုးဆက်သစ်ဖြစ်လာမည့်
သားသမီးတွေရဲ့ ဖခင်တွေဟာ မိမိအားလပ်ချိန်ကို အဲလို
ဖြုန်းတီးနေမယ်ဆိုရင်
စဉ်းစားလို့သာကြည့်ကြပါတော့။
ဒီလိုဆိုရင် အနာဂတ်ဆိုတာ
ဘာလဲ။ တစ်ခြားဝေးဝေးတွေးနေစရာမလိုပါ။ ပြောင်းပြန်လေး
တွေးကြည့်လိုက်ပါဦး။
`` အနာဂတ်ဆိုတာ
အနက်ကာထားတာဘဲ´´
အနက် (အမည်း) ကာထားတော့
ဘာမှတွေ့နိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် သာသနာ့
ခေါင်းဆောင်တိုင်း
`ကျေးလက်နှင့် အနာဂတ်သာသနာ´ကိုမေ့ထားလို့မရနိုင်ပေ။ တစ်ခြား
ဘာသာဝင်တွေကသူတို့ဘာသာရေးကို
ကြိုတင်တွက်ဆပြီး အားကုန်သုံး၍ ရုန်းနေတဲ့အချိန်
တွေမှာ မိမိတို့
ဗုဒ္ဓဘာသာ ရွှေမြန်မာများက ဗျာများနေတုန်းပင်။
ဟိုဟာလိုလို ဒီဟာလိုလို
ဟိုဟာဆိုလား ဒီဟာဆိုလားဖြစ်မနေသင့်တော့ပေ။ တကယ်တော့
`ဆိုလား´တော့ `ဆားလို´ ၊
ဆားလိုတော့ `ပေါ့´၊ ပေါ့တော့ `ပေါလောပေါ်´ ပေါလောပေါ်
တော့ `အနှစ်မရှိ´၊
အနှစ်မရှိတော့ `အလကား´၊ အလကားဆိုတော့ `တန်ဘိုးမရှိ´ တန်ဘိုး
မရှိတော့ `ဘယ်သူကမှ
အလေးမထား´။
နောက်တစ်ချိန် ထိုကဲ့သို့ကိန်းမျိုးဆိုက်သွားနိုင်လေ၏။
အနှစ်ကိုမမြင်နိုင်တော့ပေ။
ဘာသာရေးပွဲအခမ်းအနားရှိလို့သာ`နမော
တဿ´ သုံးကြိမ် ရွတ်ဆိုဖူးပါသည်။ ဘုရားရှေ့မှာ
ထင်ရာလုပ်။ သာသနာကို
ဂုတ်သွေးစုပ်နေသော လူတစ်ချို့ကလဲ
ခေါင်းပေါင်းစတစ်လူလူနဲ့
သူ့ကိုသူ
သာသနာပြုနေသူဆိုတာတွေက အများသားလား။ ခက်တော့ခက်သား။
`သံကိုသံဖျက် သံချေးတက်´
နေတာတွေကလဲပေါလှပါဘိနဲ့။ သာသနာကို သူတို့တစ်သက်
စာလောက်ဘဲ
ထင်မှတ်ထားနေတာလားတော့ မပြောတတ်ပေ။
နိုင်သလောက်ဝိုင်းကူပြီးတွန်းနေသူကို
ဖြိုတယ်ထင်တာကလဲရှိသေးတယ်။ `ဗုဒ္ဓသာသနံ စိရံ
တိဋ္ဌတု´ရွတ်နေရုံလောက်နဲ့
သာသနာတည်နေပြီဟုများ ထင်နေလားမသိပေ။
``တကယ်ဖြစ်ချင်တကယ်လုပ်
အဟုတ်ဖြစ်ရမည်´´
မိမိကိုယ့်ကျိုးအတွက်လုပ်နေတာမဟုတ်။
သာသနာအတွက် အနစ်နာခံလုပ်နေတာဆိုလျှင်
မဖြစ်ဟူသမျှ
မရှိလောက်အောင်ကို အဆင်ပြေလှပါသည်။ အဘယ့်ကြောင့်ဆိုသော်
သာသနာကို ဗန်းပြ၍
လုပ်စားနေသူတစ်ချို့ပင် အဆင်ပြေနေသောကြောင့်ဖြစ်ပါသည်။
ကျေးလက်နှင့်သာသနာသည်
ဝေးကွာကောင်းသောအရာမဟုတ်။ ကျေးလက်မှသည်
မြို့ပြ
ဆီသို့
ရောက်ရှိသွားသည်ကများ၏။
`အမှိုက်ကစ
ပြသာဒ်မီးလောင်´ဟူသောစကားကိုသေချာတွေးကြည့်ပါ။ ဘာသာခြားတို့သည်
ထိုနည်းဖြင့် မိရိုးဖလာ
ဗုဒ္ဓဘာသာဝင်များကို လောင်မြိုက်ဝါးမျိုနေကြလေတော့၏။ တောရွာ
ဇနပုဒ် များမှာ
ဘာသာရေးအသိဥာဏ်ကအားနည်း ဘာသာခြားကစွဲဖြင့်
တဖြည်းဖြည်းချင်း
ဧရိယာကျဉ်းလာနေသည်ကို
သတိထားမိဖို့လိုပါသည်။
ဘာသာရေးသည်
အသက်ကြီးသောအဖိုးအဖွားတို့သာလုပ်သင့်သည်ဟု ထင်မှတ်နေခြင်း၏
အဓိကအကြောင်းရင်းမှာ
အဘယ်ပါနည်း။
စေ့စေ့တွေးက ရေးရေးမြင်နိုင်ပါသည်။
တစ်ချို့ကျေးရွာများဆိုလျှင် ရှေးဟောင်းကျောင်းအို
ဘုရားပြို ဘုရားပျက်
များစွာရှိသော်လည်း
သမိုင်းဝင်မှတ်တိုင်အဖြစ် အသိမှတ်ပြုသူထက်
ဂျိုးထောင် ငှက်ထောင်
အပေါ့အပါးစွန်တဲ့ချောင် တစ်ခုအဖြစ်သာ ပြုလုပ်နေကြသည်မှာ
အလွန်တရာမှ
စိတ်မကောင်းဖြစ်စရာကောင်းလှပါတော့သည်။ ၀မ်းနည်းဖွယ်ကောင်းပေစွ။
ဘာသာရေး သွေးအေးနေကြသည့်အတွက် ပြိုပျက်ကျခဲ့ကြသော သာသနိကအဆောက်
အဦးတို့မှာ
မြောက်များစွာရှိနေသည်ကို သတိပြုမိဖို့လိုပါသည်။
သာသနာမတည်သေးသော နေရာများကို
သာသနာရောက်ရှိလာအောင် တည်လာအောင်
ဆောင်ရွက်ရခြင်း ၊ သာသနာတည်နှင့်နေပြီးသောနေရာများကို ရေရှည်တည်တန့်အောင်
ဆောင်ရွက်ရခြင်းသည်
သာသနာ့ဝန်ထမ်းတိုင်းမဖြစ်မနေလုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်
ကိုမေ့ထား၍မရပေ။
ကလေးတရားပွဲ
သာသနာနှင့်စပ်ပြီးပြောရလျှင်
၁။ သာသနိကအဆောင်အဦး
၂။ သာသနာ့ဝမ်ထန်း
၃။ သာသနာ
ဟုသုံးမျိုးကို
ကွဲပြားစွာသိထားဖို့လိုအပ်ပါသည်။
သာသနိက အဆောက်အဦးဆိုသည်မှာ စေတီ ၊
ပုထိုး ၊ ဘုရား ၊ ကျောင်း ၊ ကန် ၊ ဇရပ်
စသည့်
သာသနာနှင့်သက်ဆိုင်သော အဆောက်အဦးများကို ဆိုလိုပါသည်။
သာသနာ့ဝမ်ထန်းဆိုသည်မှာဘုန်းကြီး ၊ ဦးဇင်း ၊ ကိုရင် ၊ သီလရှင်(
ရဟန်း ၊ သာမဏေ)
ဖိုးသူတော်၊သာသနာတော်ကို ပြန့်ပွားအောင်ဆောင်ရွက်နေကြသောလူပုဂ္ဂိုလ်များစသည်
ကိုဆိုလိုပါသည်။
သာသနာဆိုသည်မှာ
မြတ်ဗုဒ္ဓ၏ ဒေသနာတော်များဖြစ်ပါသည်။
သို့ဆိုလျှင် ကိုရင်
ဦးဇင်းတွေပေါများလာရုံ ၊
သာသနိကအဆောက်ဦးတွေပေါများလာရုံနှင့်
ဒီမြို့ ဒီရွာမှာ
သာသနာတည်နေပြီဟုပြောမရပေ။
အကြောင်းမှာမူ
သာသနိကအဆောက်ဦးထဲတွင်
သာသနာနှင့်မအပ်စပ်သောအမှုများပြုလုပ်
နေကြခြင်း ၊
သင်္ကန်းတည်းဟူသော အရေကိုခြုံထားပါသော်လည်း
ရဟန်းတော်များနှင့်မသင့်
လျော်
မလျှောက်ပတ်သောအမူအရာတို့ဖြင့် သာသနာဖျက်နေသော မသမာသူများရှိနေသော
ကြောင့်ဖြစ်ပါသည်။
အကုသိုလ်များစွာဖြင့်
ဘ၀ရှင်သန်မှုကို ဆောင်ရွက်နေကြသော လူသားတို့အား ဖြစ်နေနှင့်ပြီး
သောအကုသိုလ်များ
ဆက်လက်မဖြစ်အောင် ၊ မဖြစ်သေးသော
အကုသိုလ်များကို မလုပ်ဖြစ်
အောင် ၊ မလုပ်ဖြစ်သေးသော
ကုသိုလ်တရားများ ပြုလုပ်ဖြစ်လာအောင် ၊ ပြုလုပ်ထားပြီးသော
ကုသိုလ်တရားများ
ဆက်လက်တိုးပွားလာအောင် ပြုမူဆောင်ရွက်စေခြင်း ၊ ယဉ်းကျေးလိမ္မာ
စေသောမင်္ဂလာတရားတော်များကျင့်သုံးစေခြင်း
စသည်စသည်အမှောင်မှသည်အလင်းဆီသို့
ရောက်ရှိစေနိုင်သောမြတ်ဗုဒ္ဓ၏
အဆုံးမများကိုလူသားတို့နှလုံးသားသန္တာန်တွင်တည်စေနိုင်မှ သာလျှင်တကယ်စစ်မှန်သော
သာသနာတည်မည်ဖြစ်ပါသည်။
အနှစ်ချုပ်အားဖြင့်ပြောရလျှင်
သာသနာ၏ မျိုးဆက်အရှင်မြတ်တို့သည် နိုင်ရာဝန်ကိုယ်စီ
ထမ်းလို့ လာလမ်းကို (
မိမိတို့မွေးဖွားရာ ဇာတိ ) ကြွမြန်းပြီး စွမ်းနိုင်သမျှ သာသနာမျိုးစေ့
ပြန်လည်ချထားမှသာလျှင် ကျေးလက်တောရွာ သာသနာသည် စည်ပင်လာပြီး သာသနာ
မျိုးဆက် (သို့ )
သာသနာနှင့်နီးစပ်သူများ ကုသိုလ်ပွား၍
အနာဂတ်ကမ္ဘာ့အလယ်မှာ ၀င့်
ထည်သော ဘာသာတရားတစ်ခု
အဖြစ်ဆက်လက်တည်ရှိနိုင်မည်ဖြစ်ပါကြောင်း
.. …။