Thursday, March 22, 2012

မှတ်ထင်ထားသည့်ထိုအရာများ


စိတ်ရှုပ်ထွေးနေသောသူသည် မိမိ၏လွတ်မြောက်ရာ  စိတ်ထွက်ပေါက်ဖြစ်မည့်အရာတို့ကို
ကြံစည်စိတ်ကူးနေမြဲဖြစ်လေ၏။ ထိုအချိန်တွင် မည်သည်အကြံပေးချက်မျိုးကိုမဆိုလွတ်လပ်
ရွေးချယ်မှုမရှိနိုင်တော့ပေ။

ဟိုအရာကောင်းနိုးနိုး ဒီအရာကောင်းနိုးနိုးဖြင့်ဆုံးဖြတ်ရခက်နေတော့သည်။ 
ထိုအချိန်တွင်ပတ်ဝန်းကျင်သည် လွန်စွာအရေးပါသော
 အခန်းကဏ္ဍက ပါဝင်လာလေတော့၏။

ထိုပတ်ဝန်းကျင်သည် မိမိတို့ထင်မြင်ချက်အတိုင်း ဝေဘန်ပြောဆိုလာသောအခါ ပိုပြီးရှုပ်
ထွေးစရာကောင်းသောအဖြစ်သို့ရောက်ရှိသွားလေတော့၏။

ဘ၀တစ်ခုလုံးနှင့် သတ်ဆိုင်သောဆုံးဖြတ်ချက်မဟုတ်သော်လည်း တစ်ခဏတာအားဖြင့်
လွတ်မြောက်မှု   စိတ်၏ငြိမ်းအေးမှုကိုရချင်သည့်အတွက်ကြောင့် နီးစပ်ရာစိတ်ကူးဖြင့်ပင်
ထိုအခက်အခဲကို လွန်မြောက်နိုင်ရန်ကြိုးစားတတ်ကြ၏။

သို့သော် ထိုဆုံးဖြတ်ချက်တို့သည်     တစ်ဘ၀လုံးနှင့်သက်ဆိုင်သော အရေးအရာတို့ကို
ဖော်ဆောင်သွားတတ်သည်ဟုတော့ မည်သူမျှ စိတ်မကူးမိတတ်ချေ။

စိတ်ကူးတွေများပြီး စဉ်းစားအားတွေပိုနေလျှင်လဲ အလုပ်သည် ရှေ့သို့ရောက်ဘဲ ရပ်တန့်
နေတတ်၏။       လောလောဆယ်အခြေနေတွင် လုပ်သင့်သည်ကို ရွေးချယ်လိုက်သည်မှာ
လုပ်နိုင်စွမ်းရှိသူတို့အဖို့ အခြေနေကောင်းတစ်ရပ်ဆိုက်သည်ဟုပင် ပြောရပေလိမ့်မည်။

အလုပ်လုပ်နေခြင်းအတွက် ယုံကြည်မှုတစ်ရပ်ကို တည်ဆောက်လိုက်နိုင်လျှင် ပတ်ဝန်း
ကျင်၏ ဝေဘန်မှုတို့သည် ပျောက်ကွယ်သွားတတ်ကြလေ၏။

မိမိ၏ရွေးချယ်မှုကို ရဲဝံ့စွာရင်ဆိုင်နိုင်လျှင် ရှေ့သို့ ခပ်လှမ်းလှမ်းလေးတိုးကြည့်လိုက်ပါ။
ကြိုးစားပြီး နောက်ထပ် ခပ်လှမ်းလှမ်းလေးတိုးလိုက်ပါဦး။     

ရောက်ပါပြီ ။      ထိုအရာတို့သည် -  -  -  -  -  -  -  -  -  -  -  -  -။ ။ ။

Sunday, March 11, 2012

လောကအလှဆင်ရေး


နှလုံးသားအာဟာရ ရှိဖို့အတွက် ဗဟုသုတကထောက်ပံ့ပေးထားနိုင်ပါတယ်။ အာဟာရ
ပြည့်ဝတဲ့နှလုံးသားတစ်ခုပိုင်ဆိုင်ထားပြီဆိုရင်  အသိပညာပိုင်းဆိုင်ရာမှာလည်း တော်ရုံ
တန်ရုံခန်နိုင်ရည်ရှိနေတတ်ပါတယ်။     တကယ်တော့ အသိပညာဦးဆောင်နေတဲ့ယနေ့
ခေတ်ကြီးထဲမှာ အသိပညာအာဟာရချို့တဲ့သူတွေ မြောက်များစွာပေါက်ဖွားလာခဲ့တော့
ပူလောင်မှု ရှုပ်ထွေးမှု စတဲ့မြောက်များစွာသော   ပြဿနာပေါင်းစုံဟာ နေရာမျိုးစုံမှာဘဲ
ပုံစံပေါင်းများစွာနဲ့ နေရာယူလာကြပါတယ်။

လူတိုင်းဟာ အတ္တဆန်တဲ့အခြေခံမှာမွေးဖွားလာခဲ့တဲ့အတွက် နေရာတိုင်းမှာငါဘဲဦးဆောင်
ချင်တာ ငါ့ကိုဘဲ အားကိုးစေချင်တာ အားလုံးဟာငါ့အစီမံတိုင်းဖြစ်စေချင်တာဟာထူးဆန်း
တဲ့အရာတော့ မဟုတ်ပါဘူး။

နေရာတိုင်းမှာ အတ္တကို ဦးစားပေးလာတဲ့အခါ ငါလုပ်တာလောက်ကောင်းတာမရှိဘူးဆိုတဲ့
သဘောမျိုးနဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး တဖက်သားကို အထင်သေးတော့တာဟာဖြစ်
လေ့ဖြစ်ထရှိတဲ့သဘောလို့ဘဲပြောရတော့မယ်ထင်ပါတယ်။

ကံတရား၏လည်ပတ်မှုကိုပင် ငါ့လုပ်ရပ်ထင်နေတတ်တဲ့လူသားတွေဟာ အမှန်တော့ဘာမှ
မပြည့်စုံသေးတဲ့အခြေနေကိုဘဲ ဒါဟာလုံလောက်တဲ့ အရည်အချင်းဘဲဟုထင်မြင်လာတတ်
ပါတယ်။

ထိုအခါ မိမိကိုယ်ကိုယ်မိမိ  ဒီနေရာမှာငါသာခေါင်းဆောင်ဖြစ်သင့်တယ်ဆိုတဲ့  လောကကို
ပျက်စီးအကြည်းတန်စေသော အတွေးမျိုးဝင်လာတတ်ပါတယ်။ နေရာတိုင်းမှာ အနစ်နာခံ
ဆောင်ရွက်လိုစိတ်နည်းပါးတဲ့ လောကသားအများစုအတွက်တော့ အနှစ်မရှိတဲ့တောထဲမှာ
ကြက်ဆူပင် မင်းမူနေတဲ့ကိန်ဆိုက်ရောက်လာပါတယ်။

ဒေသနာတော်အရဆိုရင် လူသားတိုင်းဟာ ကိုယ့်လွတ်မြောက်ရေးကို ကိုယ်ကဘဲရှာဖွေ
ရမှာဖြစ်ပါတယ်။ နေရာတိုင်းမှာ ခေါင်းဆောင်လိုသလို လူသားတိုင်းလဲ ခေါင်းဆောင်ဖြစ်
နိုင်ပါတယ်။

အနည်းဆုံးတော့ မိမိရဲ့ ဘ၀အစိတ်ပိုင်းတစ်ချို့ကိုကိုယ်တိုင်ဦးဆောင်ပြီးဆောင်ရွက်ရတာ
တွေရှိပါတယ်။ထို့နောက် မိသားစု အသင်းအဖွဲ့ လူ့အဖွဲ့အစည်း စတဲ့နေရာတွေမှာ နေရာ
ရရှိလာပြီး ပတ်ဝန်းကျင်ရဲ့ အာရုံထားခြင်းခံရတဲ့နေရာမျိုးမသိမသာရောက်ရှိသွားပါတယ်။

သာမန်လူသားတို့၏ လွဲမှားသောလုပ်ရပ်တို့သည် သာမန်လောက်သာ ထိခိုက်တတ်ပြီး
လူကြီးတစ်ယောက်၏ လွဲမှားမှုကတော့ နစ်နာမှုကို အစားထိုးမရတော့တဲ့အဖြစ်မျိုးကို
ရောက်ရှိသွားတတ်ပါတယ်။

စိတ်ခံစားမှုတို့သည် အသိပညာ၏ အထောက်ပံ့မရှိခဲ့လျှင်တော့ မှားနေတာကိုမြင်ပါလျှက်
အမှန်ဟုသာထင်တတ်၏။

ဓမ္မအသိဖြင့်ထုံမွမ်းထားသော နှလုံးသားသည် အရောင်တလတ်လတ်ဖြင့် တောက်ပလျှက်
ရှိ၏။ အမှန်ကိုမြင်တတ်သူ၏ ရင်ခွင်သည် အေးချမ်းသောနေရာတစ်ခုဖြစ်လေ၏။

               ´´လူ၏အလှတရားသည် နှလုံးသားတွင်တည်သည်´´

သို့သော် နှလုံးသားလှသည်ထင်ရအောင် မာယာတို့ဖြင့်ပြုပြင်တတ်ကြ၏။   စစ်မှန်သော
ဓမ္မအသိဖြင့် ချယ်သထားသော နှလုံးသားအလှကို မမြင်ဖူးသောလူသားတို့သည် မာယာ
များစွာဖြင့် ဟန်ဆောင်ထားသော အလှကို အဟုတ်ထင်တတ်ကြ၏။

သူတော်ကောင်းတို့ အဆုံးအမများကို ဖြန့်ဝေခြင်းသည် လောကကို အလှဆင်ခြင်းလုပ်ငန်း
တစ်ခုဖြစ်ပါသည်။ တရားအသိတစ်ခုသည် တစ်ယောက်တည်းကိုသာ     ငြိမ်းချမ်းစေသည်
မဟုတ် ၊ ထိုသူ၏ပတ်ဝန်းကျင်ကိုပါ အေးချမ်းမှုကိုပေးစွမ်းနိုင်ပါသည်။

နေ့စဉ်တွေ့မြင်နေရသော အကြောင်းတရားတို့သည် ပတ်ဝန်းကျင်၏ ပြောင်းလဲမှုကို မသိ
မသာဖြစ်စေပါသည်။ သို့ဆိုလျှင်ကောင်းသော အကြောင်းတရားတို့ နေရာတိုင်းတွင်ရှိသင့်
သည်ကို သတိပြုမိဖို့လိုပါသည်။

ထိုအကြောင်းတရားတို့ကိုဖန်တီးသောသူတို့သည် ဖြူစင်သောနှလုံးသားများပိုင်ဆိုင်ထား
ဖို့လိုပါသည်။လူသားတိုင်း၏ နူညံ့သော ပြောဆိုဆက်ဆံမှုတို့သည် ပတ်ဝန်းကျင်၏အေး
ချမ်းမှုကိုဖြစ်စေသည်ဆိုလျှင် ဘာလုပ်သင့်သည်ကို စဉ်းစားဖို့ပင်မလိုပေ။

မနက်ဖြန်ဖြစ်ပေါ်လာမဲ့လောကသည် ယနေ့ထက်ထူးခြားစေရမည်ဆိုလျှင် ဓမ္မအသိဖြင့်
ထိန်းညှိဖို့လိုအပ်နေပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

Thursday, March 8, 2012

ဂုဏ်ပြုပွဲမှတ်တမ်းများ








ရှင်ပညာဝရာလင်္ကာရ ၏ မော်ကျွန်းမြို့တွင် ကျင်းပသော သာမဏေကျော် (လကာင်္ရ) စာမေးပွဲတွင်
တတိယဆင့် (ပထမဆုရ)ဓာတ်ပုံများကို ဂုဏ်ပြုသောအားဖြင့် ဖော်ပြလိုက်ပါသည်။

Monday, February 27, 2012

ရှေ့ပြေးနိမိတ်


အရွယ်ရောက်လာ၍ လားတော့မပြောတတ်ပေ ကိုရင် တိက္ခ မှာ ဒီရက်ပိုင်း  လူထွက်ချင်စိတ်တွေ ခဏခဏ ဖြစ်လေ့ရှိ၏။          မိမိဆွမ်းခံသွားသည့်လမ်းမှာအလွန်ချောသော  သဇင်နှင်းဆိုသော ရွယ်တူကောင်မလေးကိုလဲတစ်ရက်တစ်ခါ မမြင်ရရင်စားမ၀င် အိပ်မပျော်သလိုလို။    ထို့ကြောင့်   ဆွမ်းခံသွားချိန်မတွေ့လျှင် ညနေလမ်းလျှောက် သလိုလို   ဘာလိုလိုဖြင့်သွားကြည့်တတ်သည်ကို
သူငယ်ချင်းများကပင်သတိထားမိနေလေ၏။

နောက်ဆုံးတွင်ကိုရင်တိက္ခလူထွက်လိုက်ပါတော့သည်။မိမိချစ်နေသောအလှသခင်မလေးသဇင်နှင်းကို
ဇွဲသန်သန်ဖြင့် ကြိုးစားလိုက်ရာလူထွက်ပြီး (၃)လအကြာမှာပင်ချစ်သူဘ၀သို့ ရောက်ရှိသွားပါတော့၏။

လပြည့်နေ့။
သူများတွေ ချစ်သူကိုယ်စီဖြင့်လျှောက်လည်ကြသလိုလူပြန်တော်ရှင်တိက္ခကလည်းသူ့ချစ်သူနှင့်ပန်းခြံ
တစ်ခုသို့ ရောက်ရှိခဲ့ပါသည်။သမီးရည်းစားတို့ထုံးစံအတိုင်းပေါ့စကားလုံးအနုအရွလေးတွေဖြင့်ကြည်နူး
နေကြ၏။

`` သဇင် ´´
 ``ရှင် ´´
`` အကိုမင်းရဲ့ ပါးလေးကို မွှေးမွှေးပေးမယ်နော် ´´

ထိုအခါ ချစ်သူလေး သဇင်နှင်းမှာ ဘာမှပြန်မပြောဘဲ ရှက်ပြုံးလေးသာ ပြုံးနေစဉ် မိမိချစ်သူအား
 ခေါင်းလေးကိုအသာလေးကိုင်ပြီး အားရပါးရ နမ်းလိုက်လေ၏။

`` ရူး  ရှလူး   >- >- >- >- >- ´´

ထူးတော့ ထူးဆန်းပါသည် မိမိချစ်သူပါးနမ်းလိုက်တာ    သနပ်ခါးနံ့မရဘဲ    ခပ်ဆိုးဆိုးအနံ့ တစ်ခုကို
ရလိုက်သဖြင့် မျက်လုံးကိုဖွင့်ပြီး ကြည့်လိုက်ရာ ညကမှောင်နေသဖြင့် ဘာမှ သဲကွဲစွာမမြင်ရပေ။ လက်
နှင့် သေချာ စမ်းကြည့်လိုက်တော့မှ -- --  --
`` ဟင် ၊ အော့ ဝေါ့  ´´

ညက အိပ်ရာမ၀င်ခင် သဇင်နှင်းအကြောင်းကိုတွေမိသဖြင့် အိပ်မက်ခြင်းပင်ဖြစ်သည်ကို ကိုရင်တိက္ခ
ကောင်းစွာသဘောပေါက်သွားလေတော့၏။ ထိုအခါမှ အိပ်မက်ကိုသေချာပြန်စဉ်းစားကြည်မိတော့၏။

`` ဟင်   ၊  ဒါ ဒါဆို ငါတယုတယ နမ်းလိုက်တာ သဇင်းနှင်းပါးမဟုတ်တာတော့ သေချာနေပြီ။ ဒါဆို´´
လက်ဖြင့်ပြန်စမ်းကြည့်လိုက်သောအခါ  မိမိဘက်သို့ကျောပေးအိပ်နေသော ဦးနန္ဒဖင်ကိုကိုင်မိလိုက်
တော့မှ --  --  --

`` ဟာ ဒါဆို အိပ်မက်ထဲမှာ ငါက သဇင်လို့ခေါ်လိုက်တုန်းက ` ရှင် ´ လို့သူထူးလိုက်တာမဟုတ်
ဘဲနဲ့ ဒီကိုတော်ကြီးဖင်က ` ဘူ ´ဆိုတာများလား၊ဒါဆို ငါအားရပါးရ နမ်းလိုက်တာ ဦးနန္ဒဖင်ကိုပေါ့၊
 ဟာကွာ  ဒီကမှ လူထွက်ချင်ပါတယ်ဆိုမှ ရှေးပြေးနိမိတ်ကလဲဆိုးလိုက်တာ´´

Thursday, February 23, 2012

ကြည်ညိုမှုတွေ ပြည့်စုံဖို့


သံဃာတော်များဘုရားဝတ်တက်ပြီးနောက် နေ့စဉ်ဆရာတော်က သြ၀ါဒပေးနေကြဖြစ်၏။
``ကိုရင်တို့ ( ကိုရင်တို့ဆိုသော်လည်း သံဃာတော်များကို ကိုယ်စားပြုသောစကားဖြစ်ပါသည် ) ကြည်ညိုတာနဲ့ပတ်သတ်လို့ပြောရရင် လေးမျိုးရှိတယ်လို့ မှတ်ထား
ရမယ်ကွဲ့´´ဆရာတော်၏အသံမှာ တည်ကြည်ခံ့ငြားလှပါသည်။ 
အားလုံးသော သံဃာ့ပရိသတ်မှာလည်း နားစွင့်လျှက်ရှိလေ၏။

``အေး  ၊ အဲဒီလေးမျိုးထဲမှာ ဒကာမတွေရဲ့ ကြည်ညိုမှုဟာ 
ရလွယ်တယ် သိပ်မခက်ခဲဘူး ကိုရင်တို့။ အဲဒါဟာ ဘာကြောင့်လဲဆိုရင် ဒကာမတော်တော်များများက ကိုးကွယ်မှုနဲ့ပတ်သတ်ရင် စဉ်စားမှုအားနည်းကြတယ်။´´

``အေး ၊ နောက်တစ်ခါ ဒကာတွေရဲ့ ကြည်ညိုမှုကတော့  အဲလောက်မလွယ်ကူဘူး။
တစ်အိမ်တည်းမှာ    အတူနေပေမဲ့     ဒကာမကသာကြည်ညိုတာ ဒကာကြီးတွေက
သိပ်မကြည်ညိုတာကြည်ညိုမှုအားနည်းတာတွေရှိတယ်။ ရှင်းအောင်ပြောရရင်တော့
ဒကာကြီးတွေက သူများပြောတိုင်းယုံတာနည်းတယ်ကွ။´´

``တတိယမြောက်ကြည်ညိုမှုကတော့ ကိုယ့်သံဃာအချင်းချင်းဘဲကွ။သံဃာတွေက
တစ်ပါးနဲ့တစ်ပါး သိပ်ကြည်ညိုတယ်ဆိုတာ   ရှိခဲတယ် ကိုရင်တို့ရေ။ ဒါရှင်းနေတာ
ဘဲလေ။ ရဟန်းသံဃာအချင်းချင်းတော့   ဘယ်ကိုယ်တော်က ဘယ်လိုဆိုတာကိုသိ
နေတဲ့အတွက်    ဒကာ၊ ဒကာမတွေက    ဘယ်လောက်ဘဲကြည်ညိုတဲ့သူပေါပေါ
ရဟန်းပရိသတ်ကကြည်ညိုတာနည်းနေတာတွေရှိတတ်တယ်။´´

`` အေး ၊ နောက်ဆုံးလေးခုမြောက်ကတော့ ကိုယ့်ကိုကိုယ် ကြည်ညိုခြင်းဘဲကွ။
ဒကာ ၊ ဒကာမတွေရဲ့ရှေ့ ကိုယ့်သီတင်းသုံးဖော် သံဃာတွေရဲ့ရှေ့မှာ ကိုယ်က
ဘယ်လောက်ပဲ ဟန်ဆောင်မှုကောင်းကောင်း  ကိုယ့်လုပ်ရပ်ကို ကိုယ်သိနေတဲ့
အတွက်    ကိုယ့်ကိုယ်ကို  ပြန်ကြည်ညိုဖို့ဆိုတာ   တော်တော်မလွယ်တဲ့ကိစ္စပဲ
ကိုရင်တို့ရေ။´´

`` အေး ၊ တကယ်လို့ ကိုယ့်ကိုယ်ကို ပြန်ကြည်ညိုသွားတဲ့ ဦးဇင်းတို့ ကိုရင်တို့
တွေက ကြည်ညိုမှုအားလုံးပြည့်စုံသွားတာဘဲ။ ဒါကြောင့် ဦးဇင်းတို့   ကိုရင်တို့
အားလုံး ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကို ပြန်ကြည်ညိုနိုင်အောင်  ကိုယ် နှုတ် နှလုံး
သုံးပါးလုံးကို စောင့်ထိန်းပြီးနေနိုင်အောင်ကြိုးစားကြ ။      ကိုင်း ဒီနေ့အတွက်
သြ၀ါဒကတော့ ဒါပါဘဲ ၊ အားလုံးသာဓုခေါ်ကြ။´´

သံဃာတော်အားလုံး ဆရာတော်၏ သြ၀ါဒအဆုံးမှာ ညီညာစွာသာဓုခေါ်လျှက်
`` သာဓု ၊ သာဓု ၊ သာဓု ´´
(ညောင်ရမ်းပါဠိတက္ကသိုလ် သိန်းသန်းရတနာဆရာတော်ဘုရားကြီးအား ဦးခိုက်
  ပူဇော်ပါသည်)

Tuesday, February 14, 2012

အေးချမ်းသောဘ၀ကို ဖန်တီးပေးပါ



ဘ၀၏ အရေးပါသော အစိတ်ပိုင်းများကို ထုဆစ်ဖော်ဆောင်ရာတွင် မိမိသတ်မှတ်ထားသော
ရွှေရောင်စည်းမျဉ်းများကို ဦးစွာလုပ်ကိုင်ရမြဲဖြစ်လေ၏။ထိုအရာများကိုလက်လွှတ်လိုက်လျှင်
မူရင်းပျောက်ပြီး လုပ်ငန်းများနှောင့်နှေးသွားတတ်သည်ကို သတိထားမိဖို့လိုပါသည်။

လူတိုင်းဖြစ်ဘူးမည်ထင်ပါသည်။ ဥပမာဆိုကြပါစို့။ ငါမနက်ဖြန်မနက် (၅) နာရီဆို    အိပ်ယာ
ထမယ်။ ပြီးရင် စာကျက်မယ်။ တကယ်တမ်းတွင်မူ နောက်ရက်   ရောက်သောအခါ   စောပါ
သေးတယ်ကွာ။ ခဏလေးလုပ်ရမှာပါ။ (၅) နာရီခွဲမှထရင်ရပါတယ် ဆိုပြီးသကာလ မိမိသတ်
မှတ်ထားသော ကိုယ်ပိုင်စည်းကမ်းတို့ကိုပင် စတင်ဖောက်ဖျက်မိပါတော့သည်။

သေးငယ်သော ဆုံးဖြတ်မှုများကို စတင်ချိုးဖောက်လိုက်သောအခါ   ဘ၀၏အဖွင့်မျက်နှာသာ
မလှတော့သည်ကို မည်သူမှသတိမထားမိတော့ပေ။ မိုးရေမိုးပေါက်လေးများ ကျဖန်များသော
အခါ နောက်ဆုံးတွင် ရေအိုးပြည့်သွားသလို မိမိသတ်မှတ်ထားသော  ရွှေရောင်စည်းမျဉ်းများ
တစ်ခုချင်း နဲနဲစီ လိုက်နာမည်ဆိုလျှင်   လှပသောဘ၀တွင် ခိုင်ခန့်သော   အရံအတားတစ်ခု
ဖြစ်လာမယ်မှာမလွဲပေ။

ထိုနည်းတူစွာပင် မိမိ၏အိမ်တွင်းခြံစည်းရိုးကို တစ်နေ့တစ်ချောင်း တစ်နေ့တစ်ချောင်းနှုန်း
ဖြင့် ယူဆောင်၍ မီးဆိုက်မယ်ဆိုပါက မကြာမတင်အချိန်တွင်းမှာပင် အိမ်၏ အကာကွယ်
မဲ့သောအခြေနေသို့ ရောက်ရှိသွားမည်ဖြစ်၏။

ရွှေရောင်စည်းမျဉ်းတို့သည်  အနာဂတ်ကို လှပအောင်ဖန်တီးရာတွင် အလွန်အရေးပါလေ၏။
ကျွမ်းကျင်သော ပန်းချီဆရာတို့သည် ဆေးစက်ကျရာတွင် လှပသောအရုပ်များကို  ရေးဆွဲနိုင်
သကဲ့ကို မိမိ၏စိတ်ကို ထိမ်းချုပ်ကွပ်ကဲပေးနိုင်သောလူသားတို့သည်လည်း လိုချင်သောဘဝ
များကို လှပအောင်ဖော်ဆောင်နိုင်သည်သာဖြစ်၏။

စိတ်ကိုထိမ်းချုပ်သောနည်းပညာတို့တွင် ဘုရားရှင်ချမှတ်ပေးသော ဘာဝနာနည်းလမ်းသည်
အကောင်းဆုံးဖြစ်၏။ ထိုနည်းလမ်းကို အသုံးပြုခဲ့သဖြင့် အောင်မြင်ခဲ့သောသူများမြောက်များ
စွာရှိခဲ့ဘူးလေ၏။

စိတ်ကိုထိမ်းချုပ်နိုင်သောသူသည်သာလျှင် အရာရာတွင်အောင်နိုင်သူဖြစ်လေ၏။  ထိုပုဂ္ဂိုလ်
သည်လက်ရှိဘ၀တွင်လည်း အေးချမ်းသာယာသောပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည်ဖြစ်၏။

စိတ်၏သဘောတရားသည်   အနာခံဘို့ထက်အသာစံချင်သည်ကသာများနေသည့်အတွက်
မကောင်းသောပတ်ဝန်းကျင်တွင်သာ    ရှင်သန်နေထိုင်နေရပါလျှင်    စိတ်စွမ်းအားကြီးလျှင်
ကြီးသလောက် ဆင်းရဲဒုက္ခတို့ကိုဖန်တီးတတ်မြဲဖြစ်လေ၏။

ထို့ကြောင့် မိမိတို့နှင့် သင့်တော်မည်ဖြစ်သော ဘာဝနာကို ရွေးချယ်၍ လေ့ကျင့်ထိမ်းကြောင်း
သင့်လှ၏။

စိတ်၏သဘောတရားသည် မည်မျှဖြူစင်စေကာမူ ပတ်ဝန်းကျင်၏ အခြေနေပေါ်တွင်မူတည်
ပြီးအရောင်ပြောင်းတတ်သည်ကများလေ၏။ မကောင်းသောစိတ်ဓာတ်တို့ကို တွန်းလှန်နိုင်
ရန် သာမန်လူသားတို့အတွက်လွယ်ကူသောအရာမဟုတ်။

သို့သော်လေ့ကျင့်ဖန်များလာသောအခါတွင်မူ ထူးခြားသောချမ်းသာခြင်းကိုမလွဲမသွေတွေ့
ကြုံရမည်ဖြစ်၏။ထိုအခါ မိမိစိတ်ကို    အစဉ်တစိုက်လေ့လာနေခြင်းကိုပင် တစိုက်မတ်မတ်
ပြုလုပ်ရန် အားထုပ်နေတော့မည်သာ။

မိမိစိတ်နှင့် သင်တော်မည်ထင်သော ဘာဝနာကမ္မဋ္ဌာန်းတစ်ခုခုကို ရွေးချယ်ကျင့်သုံးခြင်းဖြင့် မိမိဘ၀ကိုလှပအောင်ဖန်တီးဖော်ဆောင်နိုင်ရန် လူသားတိုင်းမဖြစ်မနေ ဆောင်ရွက်သင့်လှ
သည်ကိုလည်း အသိပေးပြောကြားလိုပါသည်။

ဘ၀၏ စိတ်ကူးပန်းချီကို ရေးဆွဲဖော်ဆောင်ရာတွင်  ဘာဝနာကမ္မဋ္ဌာန်းအကူအညီ ပြည့်စုံမှ
သေသပ်လှပသော လောကအကျိုးပြုသော မိမိပတ်ဝန်းကျင်တွင် အေးချမ်းသာယာသော
ကိုယ်ပိုင်ဘ၀ကို ဖန်တီးပုံဖော်နိုင်မည်ဖြစ်၏။

ထို့ကြောင့် မိမိတို့ စရိုက်နှင့် ကိုက်ညီမည်ဖြစ်သော ဘာဝနာများကို ရွေးချယ်ပွားများခြင်းဖြင့်
လောကအလှကို ဖန်တီးနိုင်ကြပါစေ။

Tuesday, February 7, 2012

ကမ္ဘာကျော် ဟာသ


ကမ္ဘာတွင် အလွန်တော်သော ဟာသပညာရှင်များပူးပေါင်း၍ ဟာသစကားပြောပြိုင်ပွဲကျင့်ပကြလေ၏။   နိုင်ငံပေါင်းစုံမှ   ၀ါသနာရှင်ပေါင်းများစွာကလည်း စိတ်ဝင်တစား
လာရောက်ကြည့်ရှု့ကြလေ၏။

အခြေခံအဆင့်မှတစ်ဆင့်ခြင်းယှဉ်ပြိုင်လာရာနောက်ဆုံး အဆင်သို့ရောက်ရှိလာလေ၏။
ကမ္ဘာ့အတော်ဆုံး ဟာသပညာရှင်အဖြစ်ဆုဖလားကိုဘယ်နိုင်ငံကဘယ်သူရမယ်ဆိုတာ
ပရိသတ်မှ အလွန်စိတ်ဝင်စားလျှက်ရှိ၏။

နောက်ဆုံးဇကာတင်   ယှဉ်ပြိုင်ရမည့်သူများမှာ ( ၅ ) ယောက်သာကျန်တော့လေ၏။
ပထမဆုံးတစ်ဦး စတင်ပြိုင်ပွဲဝင်ပါသည်။ ပရိသတ်မှ သောင်းသောင်းဖျဖျကြိုဆိုကြပြီး  
ထိုသူပြောသော   ဟာသများပြီးဆုံးသွားသောအခါ      အားလုံးက     လက်ခုတ်တီး
အားပေးကြလေ၏။

တစ်ယောက်ပြီးတစ်ယောက်    ပြောဆိုကြရာ   နောက်ဆုံးတစ်ယောက် အလှည့်သို့
ရောက်လာလျှင် -  -

ပရိသတ်ရှိရာသို့ ဦးစွာအရိုသေပေးလိုက်ပြီး စတင်နှုတ်ဆက်လိုက်လေသည်။
`` မင်္ဂလာပါ ၊ အခုလိုလာရောက်အားပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။
    တကယ်တော့     ဟာသပညာဆိုတာက လူတိုင်းတတ်မြောက်ဖို့မလွယ်ပါဘူးခင်ဗျ။
    ဟာသပညာကို    တတ်မြောက်သွားရင်လဲ နေရာတိုင်းမှာ ဟာသတွေကို ဖန်တီးနိုင်
    ပါတယ်။´´

``အဟမ်း  အဟမ်း ´´ ပါးစပ်ကို လက်ကလေးနဲ့ အသားလေးပိတ်ကာ ချောင်းဟန်းလိုက်ပြီး 

``ခုချိန်ကစပြီး ကျွန်တော် ပြိုင်ပွဲဝင်ဟာသ စတင်ပြောပါတော့မယ်ခင်ဗျ´´
ထိုအခါ အားလုံးသောပရိသတ်များက လက်ခုပ်တီးအားလျှက် တခဲနက်အားပေးကြ
လေ၏။ လက်ခုပ်သံများ ရပ်စဲသွားသောအခါ -   -   -

``ဟာသဆိုတာ လိုရင်းထိဘို့ အရေးကြီးပါတယ်။ ပရိသတ်ကြီးလက်ခံပါလားခင်ဗျာ´´
ပရိသတ်များဘက်သို့ မျက်နှာမူပြီးမေးလိုက်သောအခါ -
`` ဟေ့ ဟေး ဟုတ်တယ် ဟုတ်တယ် ထောက်ခံပါတယ်´´
`` ရွှီး  ရွှီး ´´ဟု လက်ခေါက်မှုတ် အားပေးသူက အားပေးကြလေ၏။

``ဟုတ်ကဲ့ပါ ၊ ကျေးဇူးတင်ပါတယ်။ ပရိသတ်ကြီးပြောစကား အရဆိုရင် ကျနော်
   ရှေ့ကပြိုင်ပွဲဝင်သွားတဲ့သူတွေဟာ       တကယ်ဟာသမပြောတတ်သေးပါဘူး။
  တကယ်တော့ ဟာသဆိုတာ   ´´

စကားကိုဆက်မပြောဘဲ ရပ်ထားလိုက်လေ၏။ ထိုအခါပရိသတ်များကလဲ သူဘာကိုပြော
မည်ဆိုတာကို အာရုံစိုက်ကာ ငြိမ်သက်နေကြလေ၏။

`` တကယ်တော့ ဟာသဆိုတာ အလွန်ရယ်ဖို့ကောင်းတာကို ဟာသလို့ခေါ်ပါတယ်ခင်ဗျ။
    ဒါဟာ ကျနော့်ရဲ့ ပြိုင်ပွဲဝင် ဟာသ ဖြစ်ပါတယ်´´ ဟုပြောပြီး စင်ပေါ်မှ ဆင်းသွားလေ၏။

ပရိသတ်သည် ဘာလုပ်ရမှန်းမသိပေ။    ငြိမ်သက်ဆဲပင်ဖြစ်၏ ။     ခဏကြာမှ အားလုံးက တပြိုင်နက်ထဲ       လက်ခုပ်တီး၍   တ၀ါးဝါးဖြင့်ရယ်မောကာ      အားပေးကြလေတော့၏။
ထို့နောက် သူ၏ဟာသသည် လူတိုင်းပြောစမှတ်ပြုရသော ဟာသဖြစ်လာလေ၏။