Sunday, May 27, 2012

မျိုးဆက်သစ်များဦးစားပေးပါ



ကလေး     ကလေး        အထင်မသေးနဲ့၊      ကလေးကမှ လူကြီးဖြစ်တာ။
ကလေးကောင်းမှ လူကြီးကောင်းတာ။ လူကြီးကောင်းမှ  အားလုံးကောင်းမှာ။

မိမိတို့ရင်သွေးငယ်လေးတွေဟာ     နောင်တစ်ချိန်မှာ       တိုင်းပြည်အတွက် အစွမ်းထက်တဲ့ သားကောင်း       သမီးကောင်းတွေဖြစ်မလာနိုင်ဘူးလို့          ဘယ်မိဘတွေကများ ကြိုတင် သိနိုင်ပါသလဲ။
တကယ်တော့   ငယ်ရွယ်တဲ့   ကလေးဘ၀ဟာအတုမြင်အတတ်သင်လေ့ရှိတဲ့အရွယ်ဆိုတော့ 
 ကောင်းတဲ့အတတ်တွေကို အတုယူတတ်အောင်သင်ပေးဖို့က မိဘတိုင်းမှာတာဝန်ရှိပါတယ်။
တံငါနားနီးတော့ တံငါသည်ဘဲဖြစ်လာနိုင်သလို မုဆိုးနားနီးတော့လဲ မုဆိုဘဲဖြစ်သွားတတ်တာ
တွေက ဓမ္မတာတစ်ခုပါဘဲ။

ဟိုယခင်က မိဘတွေဟာညအိပ်ယာဝင်ခါနီးတိုင်း မိမိတို့သားသမီးတွေကို ၅၅၀ဇာတ်တော်ထဲ
ကဘုရားလောင်းတွေရဲ့အတုယူစရာကောင်းတဲ့ ဇာတ်ကြောင်းတွေကိုပြောပြလေ့ရှိကြပါတယ်။

ဒီတော့ ကလေးတွေဟာ       နေ့စဉ်နေ့တိုင်း ညစဉ်ညတိုင်းဆိုသလို   သူတော်ကောင်းတွေရဲ့ 
အပြုမူတွေ လုပ်ရပ်တွေ ဘုရားလောင်းရဲ့ သတ္တ၀ါတွေအပေါ်မှာ   အမြဲတမ်းအနစ်နာခံတဲ့စိတ်
သူတော်ကောင်းပီသတဲ့အပြုမူတွေကိုမြင်ရဖန်များလာတဲ့အတွက်မိမိတို့လဲအသက်ကြီးလာတဲ့
အခါ ဘုရားအလောင်းလို         အများအကျိုးပြုလုပ်ငန်းတွေ             သတ္တ၀ါတွေအပေါ်မှာ သနားကြင်နာတဲ့စိတ်တွေ မွေးမြူဖို့ အလိုလို အသိစိတ်တွေဖြစ်ပေါ်လာတတ်ကြပါတယ်။

ဒါဟာ အရင်ကဖြစ်ခဲ့တဲ့ မြန်မာတို့ရဲ့ချစ်စရာကောင်းတဲ့ ရိုးရာဓလေ့တစ်ခုပါဘဲ။         ခုတော့ မိဘတွေတော်တော်များများက ဘာသာရေးကို    လေ့လာလိုက်စားမှုအားနည်းလာတဲ့အတွက်
ကိုယ့်သားသမီးကို       ဘယ်လိုဆုံးမရင်        သင့်တော်မလဲဆိုတာကို      မသိတော့တဲ့အခါ
 ဒေါသအလျှောက် ရိုက်နှက်        ဆဲဆိုပြီးဆုံးမလာတတ်ကြပါတယ်။      ဒါဟာတကယ်တော့ သားသမီးလိမ်မာစေချင်တာထက် မိမိဒေါသပြေပျောက်အောင် ပြုလုပ်ခြင်းကများပါတယ်။

ဖြူစင်တဲ့ ကလေးတွေရဲ့ နှလုံးသားကို ဖျက်ဆီးရာလဲရောက်သွားတတ်ပါတယ်။ ငါမိဘပဲဆိုပြီး
ငါတကော ကောတတ်တဲ့ မိဘတွေကလဲအများကြီးရှိပါတယ်။   ဒါလေးကိုတော့ သတိထားဖို့ 
လိုပါတယ်။

တကယ်ဖြစ်ဖူးခဲ့တာလေးပါ။          ကျောင်းသားလေးတွေက      ကျောင်းဆင်းလာပြီ ဆိုရင် ဘုန်းကြီးကျောင်းကို ရောက်လာတတ်ပါတယ် ။       ရေသောက်တဲ့ကလေးက   ရေသောက် သူငယ်ချင်းကိုစောင့်တဲ့ကလေးကစောင့်လို့ပေါ့။     နောက်တော့ ဦးဇင်းနဲ့ရင်နှီးလာတဲ့အခါ
ကျောင်းကို မကြာခဏလာလည်တတ်ပါတယ်။   ကျောင်းပိတ်တဲ့ရက်တွေဆိုရင် ကျောင်းကို
လာပြီး သန့်ရှင်းရေးဝိုင်းလုပ်ကြပါတယ်။

နောက်တော့   မိဘတွေက      ကျောင်းပိတ်ရက်ဆိုကလေး တွေ      အိမ်မှာမတွေ့တဲ့အခါ 
ဘယ်သွားနေလဲ ဘာလုပ်နေလဲ    ထုံးစံအတိုင်းမေးတော့တာပါဘဲ။           ကလေးတွေက ၀မ်းသာအားရနဲ့ပဲ ဒီနေ့ ဘုန်းကြီးကျောင်းသွားတယ်။ ဘာတွေလုပ်ခဲ့ရတယ်။ ဘုန်းဘုန်းက ဘာတွေကျွေးလိုက်တယ် စသည်ဖြင့်ကလေးပီပီပြောတော့တာပေါ့။

အဲဒီမှာ မိဘတွေက `` အမယ် ကြီးကြီးကျယ်ကျယ်နဲ့။ ဘုန်းကြီးကိုများ နင်တို့   သူငယ်ချင်း
များမှတ်နေလားမသိဘူး။       နင်တို့နဲ့ ဘုန်းကြီးကျောင်းနဲ့ ဘာဆိုင်လဲ။          နောက်ဆို
 လျှောက်မသွားနဲ့။ နောက်တစ်ကြိမ်အဲလိုသွားတာသိရင် တုတ်ကြည့်ထား။´´    မိဘတွေက ဘာသာရေးနဲ့ထိစပ်ခါစပြုနေတဲ့ ကလေးတွေကို အဲလိုပြောဆိုလာတဲ့အခါ    ကလေးတွေက
ဘုန်းကြီးကျောင်းသွားရင် အရိုက်ခံရမယ်။ မသွားကောင်းတဲ့နေရာဘဲလို့   စိတ်ထဲမှာ စွဲသွား
တော့တာပါဘဲ။

ကဲ အဲလိုသာဆိုရင်  အနာဂတ်မျိုးဆက်က ဘာသာတရားနဲ့      ဘယ်လိုယဉ်ပါးမှုရှိပါမလဲ။
 ဒါဟာမိဘတွေ သတိထားသင့်တဲ့အချက်လို့ထင်ပါတယ်။

နောက်တစ်ခုရှိပါသေးတယ်။ ဦးဇင်းက တရားဟောတဲ့အခါ ကလေးတွေကို တရားနာခေါ်ခဲ့ဘို့
ကို အမြဲတမ်းပြောလေ့ ဟောလေ့ရှိပါတယ်။ အဲဒီတော့   တစ်ချို့မိဘတွေက မိမိတို့သားသမီး
တွေကို ကျောင်းကို ခေါ်လာတတ်ကြပါတယ်။

အဲဒီအခါမှာ တစ်ချို့ လူကြီးတွေက ပြောလေ့ရှိပါတယ်။ `` ဟာ ဥပုသ်ကျောင်းလာတာကိုများ
အလှူအိမ်ထမင်းစားလာတဲ့အတိုင်းဘဲ ကလေးတွေက နေရာတကာပါတယ်။သွားနောက်ဆုပ်။
ဟော ဟိုနားမှာ လွတ်ရာသွားကစားနေကြ။´´

ဒီအတိုင်းဆို တရားနာတာ သီလစောင့်တာဟာ ကလေးတွေနဲ့   မဆိုင်ဘူးလို့ကလေးတွေရဲ့
စိတ်ထဲမှာ စွဲမှတ်သွားတာတွေလဲရှိပါတယ်။

ဒါဆိုကလေးတွေက ဘယ်ကိုများရောက်သွားမလဲ။ သေချာတာတော့ ဘာသာရေးနဲ့ကင်းဝေး
သွားတာကို ဘယ်သူမှ သတိမပြုလိုက်မိတာပါဘဲ။    ဒါဟာ အမျိုးဘာသာ သာသနာအတွက်
နစ်နာသွားတယ်ဆိုတာ ဘယ်မိဘကမှ သတိမထားမိသေးပါဘူး။ အလွန်ဝမ်းနည်းဖို့ကောင်း
တဲ့အချက်တစ်ချက်ပါ။

သားသမီးတွေရဲ့နှလုံးသားထဲမှာ ငယ်စဉ်ကတည်းက     ကြားဖူးခဲ့တဲ့အကြောင်းအရာတွေက
သူတို့အနာဂတ်ကို ပုံဖော်လာနိုင်တယ်ဆိုတာ   သတိထားသင့်ပါတယ်။ ဥပမာတစ်ခုအနေနဲ့
ပြောရရင် ဗွီဒီယိုဇာတ်ကား (ပါဝါရိန်းဂျားကား) ကြည့်တယ်ဆိုပါတော့။

အဲဒီရုပ်ရှင်ထဲက     ဇာတ်လိုက်လို  လူစွမ်းကောင်းဖြစ်ချင်တယ်   သူရဲကောင်းဖြစ်ချင်တယ်။
တိုင်းပြည်ကို     ဖျက်တဲ့လူဆိုးတွေကို     ဖမ်းဆီးနှိမ်နင်းတဲ့စွမ်းအားရှင်ဖြစ်ချင်တဲ့   စိတ်ဟာ
အလိုလိုဝင်လာတတ်ကြပါတယ်။

ဒီတော့ အဲဒါတွေကို စံနမူနာယူပြီး      ကလေးတွေရဲ့  နှလုံးသားထဲကို ထိုးဖောက်ဝင်ရောက်
လာနိုင်တဲ့ ဗုဒ္ဓ၀င် နိပါတ်တော်တွေ   ဇာတ်တော်တွေကို လေ့လာစေခြင်း ကလေးများအတွက်
ဘာသာရေးသီးသန့်စာစောင်များဖတ်စေခြင်းတို့ကို   လုပ်ခိုင်းမယ်ဆိုရင် နောင်တစ်ချိန်လူဖြစ်
လာမဲ့ မျိုးဆက်သစ်လေးတွေရဲ့ နှလုံးသားထဲမှာ     သူတော်ကောင်းဓာတ်ခံများ ကိန်းအောင်း
လာမည်ဖြစ်သည့် အတွက် မျိုးဆက်သစ် တို့ရဲ့    ဦးဆောင်မှုတွေဟာ       ငြိမ်းချမ်းစွာနှင့်ဘဲ
အမျိုးဘာသာ သာသာနာကို     အရောင်တောက်ပြောင်အောင်     ဆောင်ရွက်နိုင်မယ်ဆိုတာ ယုံကြည်မိပါကြောင်းရေးသားတင်ပြလိုက်ပါသည်။

Wednesday, May 23, 2012

ငယ်စဉ်က တို့ဆရာ


ငယ်စဉ်အခါက ဆရာသမားရဲ့ သွန်သင်မှုတွေ ရွှေကြိမ်လုံးလေးပြဆုံးမခဲ့တာတွေဟာ
အဲဒီအချိန်တုန်းကတော့ တကယ်ကို မနှစ်မြို့စရာ နာကျည်းစရာတွေဖြစ်ခဲ့ဘူးပါတယ်။
ကျောင်းသားဘ၀ဆိုတော့ ဆရာသမားတွေရဲ့   စေတနာကို  နားမလည်နိုင်ခဲ့တာဟာ
သိပ်မဆန်းပါဘူး။ စာသင်နေရတာတောင်မှဘဲ ကိုယ့်ဘ၀အတွက်လို့မထင်ခဲ့ဘူးလေ။

သြော်  အချိန်တွေ တရွေ့ရွေ့ကုန်လာတာနဲ့အမျှ    အသိတရားတို့၏  ဆောင်ကြဉ်းမှု
နောက် တစ်ကောက်ကောက် ပါလာမိခဲ့တဲ့အချိန်ရောက်တော့    တန်ဘိုးမဖြတ်နိုင်တဲ့
အရာတွေကို မယူမိမှာဆိုးလို့ ပြောဆိုဆုံးမခဲ့တဲ့စေတနာတွေကို မြင်ယောင်မိပါတယ်။

                     ``ဆရာဟူသည် စာကိုလဲသင်၊ လူကိုလဲပြင်´´

အိုးထိမ်းသည်လက်မှာ တဖုန်းဖုန်းရိုက်ခံရတဲ့အိုးက နောက်ဆုံးမှာလူသားတွေအတွက်
အထောက်ကူပြုပေးနိုင်ခဲ့တာဘဲလေ။ စာသင်ရုံသက်သက်မဟုတ်ဘဲ လူကိုလဲပြင်ပေး
ခဲ့တဲ့ဆရာရဲ့ကျေးဇူးတွေက ကိုယ့်ဘ၀အဆင့်တန်းမြင်လေ သဘောပေါက်လာလေ။

တန်ဘိုးရှိတဲ့လူသားဖြစ်လာအောင် ဘ၀ကိုထုဆစ်ပေးတဲ့   သမိုင်းဝင်ပန်းပုဆရာတွေ
လို့ အသိမှတ်ပြုခြင်းလဲမခံရဘဲ   စေတနာမနည်းခဲ့တဲ့ ဆရာသမားတို့ရဲ့ စိတ်ထားကို
ဘယ်လိုအရာနဲ့များ နှိုင်ယှဉ်ထားမလဲ စဉ်းစားမိခဲ့ပါတယ်။

ဒါကြောင့်လဲ ဘုရားနဲ့တစ်ကိုင်းတည်းထား ကိုးကွယ်ထားခဲ့တဲ့အဖြစ်တွေကို တရေးရေး
မြင်ယောင်မိလာတဲ့အခါမှ ငယ်စဉ်ကပြစ်မှားမိခဲ့တာတွေကို တွေးရင် စိတ်မကောင်းဖြစ်
နေမိတော့တယ်။

ဘ၀ရဲ့ရွှေရောင်စည်းမျဉ်းတွေကို    ချမှတ်ပေးခဲ့တဲ့အတွက် တန်ဘိုးမဖြတ်နိုင်တဲ့အသိ
တွေကို ပိုင်ဆိုင်ရတဲ့အခါ ``သြော်  တို့တွေရဲ့ဆရာ၊     ဘယ်မှာများ ဘာတွေဖြစ်နေ
ပါလိမ့် ´´လို့တွေးမိတိုင်း မျက်ရည်ဝိုင်းခဲ့မိပါတယ်။

ဆရာ့ကိုသတိရတဲ့အခါ ဆရာ့စကားတွေကိုဘဲ ထပ်တလဲလဲ ကြားယောင်နေမိတော့တယ်။
`` အေး ၊ မင်းတို့တွေ ဆရာနဲ့ဝေးတဲ့အခါ ဆရာ့တန်ဘိုး ဘာဆိုတာသိလိမ့်မယ်´´ တဲ့။

`` သြော် ဆရာ ဆရာ ၊ တပည့်မရှား ၊ တစ်ပြားမရှိ။ ပီတိကိုစား အားရှိ၏´´

Monday, May 21, 2012

ကြောက်တတ်သူများမဖတ်ရ


``ည ၁၂ နာရီကျော်ကျော်လောက်မှာပေါ့ ၊ ငါလဲကုဋီတက်ချင်တာနဲ့ထလာတာ။   ဘယ်သူ့
   ကိုမှနှိုးမရလို့ တစ်ပါးတည်း ကြောက်ကြောက်နဲ့ထွက်လာတာ . . . . . ´´

ဘေးပတ်ပတ်လည်မှကိုရင်များ ကျောင်းသားေးလများက ဒီနေ့မှ မြို့ကပြန်ရောက်လာသော  ကိုရင်တိက္ခ ပြောသမျှကို နားထောင်နေကြလေ၏။

`` အဲလို ထွက်လာတော့ ကိုရင်ကြီး ဘာတွေ့လိုက်လဲ ´´   ဘေးက   ကိုရင်လေးတစ်ပါးက      မေးလိုက်သောအခါ -  -  -  -  -

``အေး   ပြောတော့ပြောချင်တယ်၊ မင်းတို့ကြောက်တတ်လား´´
``ဟာ  ပြောစမ်းပါ ကိုရင်ကြီးကလဲ ၊   တပည့်တော်တို့   ဘုန်းဘုန်းဆီမှာ  သိမ်ဝင်ထားတဲ့
   ပုတီးရှိပါတယ်´´

တစ်ခဏမျှ တိတ်ဆိတ်သွားလေ၏။   နားထောင်သူများကလည်း ကိုရင်ကြီးပြောမဲ့စကားကို
နားစွင့်နေကြ၏။

`` ဒီအပင်ဘဲကွ´´

မာန်ပါပါပြောလိုက်သော စကားကြောင့် တစ်ချို့ကျောင်းသားလေးများ အနည်းငယ်လန့်သွား
ပြီး ကိုရင်တိက္ခအနားကို တဖြည်းဖြည်းတိုးကပ်လာကြလေ၏။

ဒီအပင်ဆိုသည်မှာ တစ်ခြားမဟုတ် ၀ိုင်းဖွဲ့ စကားပြောနေသောနေရာအနီးရှိ သီးပင်းကြီးဖြစ်
ပါသည်။     ရှေးရှေးသော ကျောင်းသားကြီးများအစဉ်အဆက်စကားအရဆိုရင် ဒီသစ်ပင်မှာ
အရင်ပျံလွန်တော်မူသွားတဲ့ ဘုန်းကြီးက သရဲတစ်ကောင်ကို     မွေးထားသည်ဟုဆိုသူကဆို
ကုမ္ဘာန်တစ်ကောင်ရှိတယ်လို့ပြောသူကပြောနေကြလေ၏။

ထို့ကြောင့် သီးပင်မှ သီးသီး ကြွေကျသံကြားသော်လည်း       တစ်ချို့ကျောင်းသားလေးများ
ကိုရင်လေးများ တစ်ယောက်ထဲသွားမကောက်ရဲကြပါ။

အရင်တစ်ခါ  ကျောင်းသားသစ်လေးနှစ်ယောက်ရောက်လာခါစကဖြစ်၏။ သီးပင်က `ဘုတ်´
ဟု သီးသီးကြွေကျသံကြားသောအခါ နှစ်ယောက်သားပြေးကောက်ကြပါသည် ။    ဘာမှရှာ
မတွေ့သဖြင့် သရဲခြောက်သည် မှတ်ထင်နေကြ၏။ ထိုအဖြစ်မျိုးကို ၄ ယောက် ၅ ယောက်
လောက်ကြုံဘူးထားသဖြင့် သရဲရှိသည်ဟု ပြောစမှတ်ပြုလာခြင်းဖြစ်ပါသည်။

ကိုရင်တိက္ခက ` ဒီအပင်ဘဲ´   ဟုပြောလိုက်သောအခါ     သိချင်လို့သာနားထောင်နေကြ
ရသည် စိတ်ကတော့ ကြောက်နေသူတွေကများနေ၏။

`` ငါလဲ တစ်ယောက်ထဲဆိုတော့ ကြောက်ကြောက်နဲ့သွားရတာပေါ့ ၊     ဒီသီးပင်နားကိုလဲ
    ရောက်ရော -  - -  - - - - ´´
    စကားကိုဆက်မပြောသေးဘဲ သက်ပြင်းချလိုက်ပါသည်။

`` ဟင်း . . . . . . . .. ´´
ပြီးမှ   `` သစ်ပင်ပေါ်ကနေ အောက်ကိုဇောက်ထိုးကြီးဆင်းလာတာ ´´    ပြောလက်စပင်
မဆုံးသေးခင် သီးသီး တစ်လုံးကြွေကျလာလေ၏။

``ဘုတ်´´
``အမလေး  သရဲဗျ´´ ဟု အမလေး   တ.ကာ      ကိုရင်ကျောင်းသားတွေအားလုံးထပြေး
   ကြလေတော့၏။

သူတို့အားလုံးထပြေးသွားသောအခါ ကိုရင်တိက္ခတစ်ပါးတည်း ပြုံးလျှက်ကျန်နေခဲ့လေ၏။

`` သြော်  ၊  တော်တော်လဲကြောက်တတ်တဲ့ကောင်တွေဘဲ ။ သစ်ပင်ပေါ်ကဇောက်ထိုး
    ဆင်းလာတာ သရဲမဟုတ်ဘူး ` ပုတ်သင်ညို ´ဆိုတာတောင်ပြောချိန်မရလိုက်ဘူး´´

Wednesday, May 16, 2012

အလျှောက်ကောင်းလို့သာ


`` ခွဲခွာရတော့မှာမို့ အသဲလေးများ ဆတ်ဆတ်တုန်   .    .   .   . ´´

နွေရာသီ ကျောင်းပိတ်ရက်မို့  စာသင်သားသံဃာများလဲ မိမိနေရပ်သို့ ပြန်ကြသဖြင့်   ကိုရင် တိက္ခ နောက် တစ်ပတ်အတွင်း ပြန်ရတော့မည့် အဖြစ်ကိုတွေးပြီး ပျော်ချင်ပါသည်။ သို့သော်
မိမိစိတ်ဝင်စားနေသော သဇင်နှင်းနဲ့ ခဏတာ ခွဲခွာရမည်ကို စိတ်ထဲမှာသိနေသဖြင့် နှုတ်ဖျား
တွင် ပေါ်လာသောသီချင်းလေးကိုဘဲ တိုးညှင်းစွာ ငြီးညူလိုက်ခြင်းဖြစ်ပါသည်။

သို့သော် မိမိနောက်မှာ ဆရာတော်ရောက်နေသည်ကိုပင် သတိမထားမိဘဲ ကိုယ့်စိတ်ကူးနဲ့
ကို ကြားဖူးတဲ့သီချင်းလေး တစ်ပိုဒ်စ နှစ်ပိုဒ်စလေးကိုဘဲ ထပ်တလဲလဲ ရေရွတ်နေမိလေ၏။

`` ခွဲခွာရတော့မှာမို့  အသဲလေးများ ဆတ်ဆတ်တုန် .  .  .  .  .  .  .  .´´

`` ဟေ့ ကိုရင် ´´
`` အမလေး တုန် တုန် တုန် တုန် တုန် ´´

အမှတ်တမဲ့ ကြားလိုက်သဖြင့် လန့်သွားလေသည်။    ပြီးမှ နောက်လှည့်ကြည့်လိုက်မိသည်။
ရင်ထဲတွင် တဒိတ် ဒိတ် နှင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားခါ ခေါင်းကိုသာ  ဟိုပွတ်သည်
ပွတ်လုပ်နေရတော့လေ၏။

`` အံမယ်  မင်းက သီချင်းတွေ ဘာတွေဆိုလို့ပါလားကွ    ဟေ´´

   မတတ်နိုင်တော့ပါ။ ဆရာတော်ကို ခပ်တည်တည်နဲ့ လိမ်ရပါတောမယ်။

``မဟုတ်ပါဘူးဘုရား ။ တပည့်တော်သီချင်းဆိုတာ မဟုတ်ပါဘူးဘုရား´´
``ဟေ  ငါကိုယ်တိုင် ကြားပါတယ်ကွ။ ဘာတဲ့  အသဲဘာဖြစ်တယ်ဆိုလား ´´

``အော်  အဲဒါ  အဲဒါ ။ အော်  တပည့်တော်ရွာမှာ တရားဟောဖို့ လေ့ကျင့်နေတာပါဘုရား´´
``ဟေ  ဘယ်လိုကွ ၊ တရားဟောဖို့ဟုတ်လား  ၊ ကဲ ဘာတရားလဲ ပြောစမ်း´´

``ဟိုဟာလေဘုရား  ၊  ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော ဆိုတာပါဘုရား´´
``ဟ    ဟေ့ကောင်ရ ၊ ဘာဆိုင်လို့လဲဟ´´

``ချစ်တဲ့လူတွေနဲ့ လမ်းခွဲရတဲအခါ တစ်ချို့ကငိုတတ်ကြတယ်ဘုရား၊ အဲဒီအချိန်မှာ သူတို့
    ရင်ထဲမှာ ပူလောင်ပြီး အသဲတွေ နှလုံးသားတွေ ဆွေ့ဆွေ့ခုန် ဆက်ဆက်တုန်နေမယ်
    လို့ထင်လို့ပါဘုရား။ အဲဒါကလဲ ဒုက္ခပါဘဲဘုရား။ ´´

ထိုအခါ ဆရာတော်က မေးကိုပွတ်ကာ ပွတ်ကာဖြင့် ခေါင်းကိုညိတ်လျှက်
`` အေး  ၊ မင်းပြောတာလဲ ဟုတ်တော့ ဟုတ်တာဘဲကွ´´
    ဟုပြောပြီး ကျောင်းပေါ်သို့ပြန်တက်သွားလေတော့၏။

ထိုအခါမှသာ ကိုရင်တိက္ခခမျာ `` ဟင်း´´ ခနဲသက်ပြင်းချနိုင်ပါတော့သည်။

သြော် သဇင်နှင်း  သဇင်နှင်း ဟိုအရင်တစ်ခါလဲ အိပ်မက်ထဲလိုက်ဒုက္ခပေးလို့       ဦးနန္ဒဖင်ကို
နမ်းမိပြီး အီးရှူလိုက်ရတယ်။ ခုလဲ တော်သေးတယ် ဒဏ်ပေးခံရတော့မလို့ အလျှောက်ကောင်း
လို့ သာ အထောင်းသက်သာသွားတယ်။ အဲလိုမှမဟုတ်ရင် အရင်တစ်ခါ  ဒဏ်ထမ်းထာသည်
ကိုမျက်စိထဲမြင်ယောင်ပြီး ကြက်သီးထမိပါတော့သည်။

Thursday, May 10, 2012

သာသနာပြု သြ၀ါဒ အပိုင်း ( ၃ )


ဦးဇင်းတို့  ကို်ယ်ကအလုပ်တစ်ခုလုပ်တဲ့အခါမှာ  ပထမဦးတည်တဲ့စိတ်ထားဟာ အစပိုင်းက တော့ သာသနာတော်အတွက်လိုလို    အများကျိုးတွက်လိုလို ဖြစ်တတ်ပေမဲ့ နောက်ပိုင်းမှာတော့ သာသနာတော်ကို အသုံးချလိုတဲ့စိတ်ဟာ ဘယ်ကနေ ဘယ်လိုဖြစ်လာတယ်မသိဘူး ပေါ်လာတတ်တယ်နော်။

အေး  လူဆိုတာ အတ္တသမားဆိုတော့ အဲဒါလေးကို မကောင်းတဲ့စိတ် အတ္တကြီးတဲ့စိတ် ကိုယ် ကျိုးကြည့်တဲ့စိတ်လို့ နာမည်တပ်ရင်တယ်မကြိုက်ချင်ဘူး။ သာသနာအတွက်လုပ်နေတာဘဲ ဒီလောက်တော့ ခံစားခွင့်ရှိရမှာပေါ့ ဆိုပြီး မသိမသာလေးလမ်းကြောင်းလွဲသွားအောင် တွန်းပို့ ပေးတတ်တယ်ဘုရား။ တကယ်လို့များ ကိုယ်လုပ်တဲ့လုပ်ငန်းလေးတွေက အထိုက်လျှောက်အောင်မြင်နေပြီဆိုလို့က တော့ ဘယ်ဘုရား ဘယ်နတ်သိကြားက လာတားလို့မှ လက်မခံတော့ဘူး။ ငါလုပ်တာကမှန် တယ်ဆိုပြီး ခေါင်းမာနေတောတာဘဲဘုရား။ နဂိုရှိရင်းစွဲ အတ္တလေးပေါ်ကို မာနဖြစ်စေတဲ့ အရာတွေကပံပိုးပေးလိုက်တာ သတိမထားတဲ့ သူအတွက်ကတော့ ဘာတဲ့ ဦးဇင်းတို့ပြောနေတဲ့ အဆင်းကို   ဘီးတပ်ပေးလိုက်တာဘဲတဲ့ ဟုတ်လား။

အေးကွယ် လူတိုင်းက ဘုရားမဖြစ်ခင်တော့ ဘယ်ပြည့်စုံဦးမလဲ ဒီလိုလဲ ပြောတတ်ကြတယ်နော်။ တစ်ချို့လူတွေကလေ။ ဘုရားဖြစ်မှ ပြည့်စုံတော့မယ် မဖြစ်ခင်တော့ မိုက်လိုက်ဦးမယ် ဒီလိုများ ဖြစ်ကုန်ရင်တော့ ဒုက္ခဘဲနော်။ ဘုရားမဖြစ်ဘဲ နိဗ္ဗာန်ရောက်တဲ့လူတွေ အများကြီးပါဘုရား။ ဘုရားမဖြစ်ဘဲ အများအကျိုးလုပ်ဆောင်ပေးနေတဲ့ သူတော်ကောင်းတွေ အများကြီးရှိပါတယ် ဘုရား။    တပည့်တော်များ ဆိုလိုတာက သာသနာအတွက်လုပ်တယ်ဆိုရင် လုပ်နေတဲ့အချိန်လေးအတွင်းမှာ ဒီလောက်လေးတော့   ငါခံစားခွင့်ရထိုက်တယ်ဆိုပြီး  ဘုန်းရှိန်သာယာနေမှာကိုမလိုလားလို့  ပြောတဲ့စကားပါဘုရား။

အေးလေ  တကယ်တော့လဲ ကိုယ့်သဒ္ဓါတရားနဲ့ကိုယ် လုပ်နေတာဆိုတော့လဲ တပည့်တော်က  ထိခိုက်သွားမှာ စိုးရိမ်လို့ပြောမိတာပါဘုရား။ လူတွေရဲ့သဘောကလေ။  ဖြစ်တတ်ပုံကိုပြောပါတယ်။    ငါဒီလောက်ကောင်းတာတွေလုပ်နေတာတောင်မှ အကောင်းမမြင်ဘူး ဆိုပြီးတော့ ပတ်ဝန်းကျင်ကို ရွဲ့ပြီးလုပ်တတ်တဲ့အကျင့်ရှိတာကိုးဘုရား။ ဘာပဲဖြစ်ဖြစ်ဘုရား သူတော်ကောင်းအသွင်ဆောင်ထားပြီးရင် သူတော်ကောင်းအကျင့်တွေကိုယ့်သန္တာန်မှာ ကိန်းလာအောင် ကိုယ်နှလုံးသားမှာ ဓမ္မအရောင်တွေလွှမ်းနေအောင် ကြိုးစားကြပါဘုရား။

ကိုင်း   ဒီနေ့တော့ ဒီလောက်ပါဘဲဘုရား။ အားလုံးသာဓုခေါ်ကြ ။

သာဓု  သာဓု  သာဓု။

Saturday, May 5, 2012

သာသနာပြု သြ၀ါဒ အပိုင်း (၂ )


သာသနာမှာ   ဦးဆောင်နေတဲ့     ရဟန်းတော် သံဃာတော်တွေဟာ     တည်တံမှုရှိရမယ်။
ခိုင်မာတဲ့   ဆုံးဖြတ်ချက်ရှိရမယ်။        မိမိတို့ရဲ့ဆုံးဖြတ်ချက်ဟာ        ပေါ်လစီကိုလိုက်ပြီး
ပြောင်းလဲလို့မရဘူး။

အေး နောက်တစ်ခုက ဓမ္မရဲ့ သဘောတရားဟာ အေးချမ်းတဲ့အသွင်ကိုဆောင်တယ်။ ဓမ္မကိန်း
အောင်းနေတဲ့ နှလုံးသားတိုင်းကလဲ အေးချမ်းတဲ့ လက္ခဏာတော့ရှိရမယ်။ မိမိက ဓမ္မကိုဖြန့်ဝေ
နေပြီးတော့ ကိုယ်အမူအရာ နှုတ်အမူအရာ ကြမ်းတမ်းနေရင်လဲ သိပ်တော့မဟန်သေးဘူး။

ဓမ္မနဲ့ ထုံးမွှမ်းထားတဲ့ နှလုံးသားဟာ   အလိုဆိုးကို ဆန့်ကျင့်နေရမယ်။    အလိုဆိုးနောက်ကို
တကောက်ကောက်လိုက်နေပြီဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့ လုပ်ရပ်တွေက တဖြည်းဖြည်းချင်းသိပ်ကို
အကျည်းတန်လာမယ်။

ဒါဟာ ဘုန်းကြီးဖြစ်ဖြစ် လူဖြစ်ဖြစ် ဒီအတိုင်းဘဲ။    ပရမတ္ထသဘောကို ဦးဇင်းတို့ နားလည်ပါ
တယ်။   ဟုတ်ကဲ့လား။   အေးကွဲ့   ဘုရားတရားတော်တွေကို သင်ယူထားပါလျှက်နဲ့ ဘုရား
ပြောတာကို မကြားရင် မသိရင် မမြင်နိုင်ရင် ဦးဇင်းတို့လောက် ဘ၀ကံဆိုးတဲ့လူမရှိတော့ဘူး။

တို့များရဲ့ဆရာသမားများက ပြောခဲ့ဘူးတယ်။ ခုချိန်ထိ မှတ်မိနေသေးတယ်။  ဘာတဲ့  ဦးဇင်း
တို့တဲ့ ။    သာသနာဆိုတာ  သာသာလေးနဲ့ နာတာနော်တဲ့။ သိပ်ကောင်းလိုက်တဲ့ စကားဘဲ
အရှင်ဘုရားတို့။   စားဝတ်နေရေး အတွက် ဘာမှ မပူရ   နေရေးထိုင်ရေးအတွက် ဘာမှမပူရ
ဒီတော့ နေသာထိုင်သာရှိတယ်ပေါ့။ တစ်နည်းပြောရရင် အနေချောင်တယ်ပေါ့ဘုရား။

အေး  ဘာမှမလုပ်ပါဘဲနဲ့   အဲလိုများနေလို့ကတော့      တစ်သံသရာလုံးနာပြီသာမှတ်တော့
ကိုယ်တော်တို့ရေ။ ဘယ်တော့မှ နာလန်ထူမှာမဟုတ်တော့ဘူး။ ဟုတ်ကဲ့လား။

ဘာမှ နားမလည်တဲ့ ဒကာ ဒကာမတွေက  သာသနာကို အနေချောင်တာတစ်ခုဘဲ သူတို့က
သိတယ်။   အဲဒါက အချောင်နေတဲ့လူတွေရှိနေလို့ဘုရား။       သာသနာ့ဝန်ထမ်း မဟုတ်ဘဲ
ရဟန်းပညာရှိ သူတော်ကောင်းကြီးတွေထမ်းထားတဲ့   သာသနာတော်ပေါ်မှာ အချောင်လိုက်
ပြီးတက်စီးနေတဲ့   `` သာသနာ့ဝန်စီးတွေ´´   ရှိနေလို့       ယနေ့ခေတ်သာသနာတော်ကို
တော်တော်များများက အထင်သေးချင်ကြတယ်။

အဲဒါမျိုးတွေကို  အရှင်ဘုရားတို့ တပည့်တော်တို့က ကာကွယ်ရမယ်   စောင့်ရှောက်ရမယ်။
ဦးဇင်းတို့တွေဟာရှေ့လျှောက် သာသနာ့ခေါင်းဆောင်တွေ ဖြစ်လာကြမယ်။ အဲဒီအခါကျရင်
ဓမ္မကို တန်ဘိုးထားတဲ့ နှလုံးသား    ဘုရားကို ကြည်ညိုတဲ့စိတ်နဲ့ဘဲ   အလုပ်လုပ်ကြပါလို့
တိုက်တွန်းချင်တယ်ဘုရား။     ကုန်ကုန်ပြောမယ်ဘုရား    ဘယ်သူ့မျက်နှာကိုမှ မကြည့်နဲ့
ဘုရားမျက်နှာကိုဘဲ သေသေချာချာ ကြည့်ကြပါဘုရား။

ဒီခေတ်မှာက ဘယ်လိုလူတွေ သာသနာဝင်လာကြတာလဲလို့ဆိုရင် ဥပမာပြောကြပါစို့ဘုရား။
တပည့်တော် ကိုရင်ဝတ်ခဲ့တာ ဘုရားကိုကြည့်ညိုလို့လဲမဟုတ်ဘူး ၊ တရားတွေနာပြီး သံဝေဂ
တွေရလို့လဲမဟုတ်ဘူး။ ကလေးဘ၀မှာကတည်းက ပျော်နေလို့ မထွက်ဘဲနေခဲ့တာ။

နောက်တော့မှ စာပေတွေသင်ပြီး   ဘုရားကို ကြည်ညိုလာတယ်   ကိုယ်ရနေ  ရောက်နေတဲ့
နေရာဟာ  တကယ်မြင့်မြတ်ပါလားလို့သိလာတယ်။     မြင့်မြတ်တဲ့နေရာကိုရောက်လာပြီးမှ
ယုတ်ညံ့တဲ့အလုပ်တွေ  လုပ်တာမကောင်းပါဘူးလို့   ကိုယ့်ကိုယ်ကို   ထိမ်းသိမ်းပြီးနေလာခဲ့
တာ ခုချိန်ထိဘဲဘုရား။ တပည့်တော်လဲ ပုထုဇဉ်လေ ကိလေသာတန်းလန်းကြီးနဲ့ပါဘုရား။

ဒါပေမဲ့ အသက်အရွယ်   ဂုဏ်သိက္ခာအရ  စိတ်ထဲမှာပေါ်လာတဲ့ စိတ်ယုတ်မာတွေ   မေတ္တာ
နဲ့တစ်မျိုး သမထနဲ့ တစ်ဖုံ နည်းမျိုးစုံနဲ့ ဖိနှိပ်နေရဆဲပါဘဲ ဦးဇင်းတို့ရေ။

ဦးဇင်းတို့ရေ  ဘုရားရှင်က ဒီသာသနာတော်ကို လွယ်လွယ်လေးနဲ့များထူထောင်ထားတယ်
မထင်လိုက်ကြနဲ့။ သူ့ခမျာ  လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ပြီးတော့ သေချာ
ထူထောင်ထားခဲ့တာနော်။ အရှင်ဘုရားတို့ တပည့်တော်တို့က   သူများဆောက်ပြီးသားအိမ်
ပေါ်မှာ အသားလေးတက်နေရလို့ လွယ်တယ်ထင်နေတာ။   အေး  အဲလို နေပြန်တော့လဲဘဲ
ကိုယ်နေတဲ့အိမ်ကိုတောင် သန့်ရှင်းရကောင်းမှန်းမသိဘဲ    ကိုယ်လက်မှာ တစ်ခုခုပေကျံလာ
ပြီဆိုလို့ရင် ဟိုနံရံလေးသုတ်လိုက် ဒီတိုင်လေးသုတ်လိုက်နဲ့     အဲလိုဖျက်ဆီးတဲ့အဖြစ်မျိုးကို
တော့ ဘယ်သောအခါမှ မလုပ်ကြပါနဲ့လို့ တပည့်တော် မေတ္တာရပ်ခံလိုပါတယ်ဘုရား။

ဒါဟာ တကယ်ကို ဘုရားကို ကြည်ညိုလွန်းလို့ပါဘုရား။

ဘုရားကိုတကယ်ကြည်ညိုတဲ့လူတွေဟာ ဘုရားသာသနာ အလွန်သေးသိမ်သွားမှာ ဘာသာ
ခြားတွေ အထင်သေးသွားမှာ အလွန်စိုးရိမ်ကြတယ်။ ဦးဇင်းတို့မှာ အဲလိုစိတ်မျိုးဘယ်နှစ်ကြိမ်
လောက်များ ဖြစ်ဘူးကြလဲ။ အရှင်ဘုရားတို့ ဒီဘ၀ ဒီကိုယ်စံ နောက်ဘ၀ နောက်ကိုယ်ခံလိမ်
ဆိုပြီး ၀ိနည်းကို လက်တစ်လုံးခြားမလုပ်ကြပါနဲ့ဘုရား။

ဘုရားကို တကယ်ကြည်ညိုရင် အရှင်ဘုရားတို့သာသနာပြုလုပ်ငန်းဟာ ဧကန်မုချ အောင်မြင်
လိမ့်မယ်ဆို ယုံကြည်ကြပါလို့ ပြောရင် ဒီနေ့အတွက် နိဂုံးချုပ်လိုက်ပါတယ်ဘုရား။
´´  သာဓု  ၊   သာဓု   ၊   သာဓု ´´