Thursday, July 5, 2012

တိက္ခတို့တော့ လွဲပြန်ပြီ



ကိုရင်တိက္ခရွာပြန်ရောက်နေသည်မှာ ၁ လပင်ပြည့်တော့မည်ဖြစ်၏။ ထို့ကြောင့်နောက်ရက်ဆို မြို့စာသင်တိုက်သို့ပြန်သွားရပါတော့မည်။မပြန်ခင် ဒီညတော့ ရွာထဲကိုလှည့်လည်နှုတ် ဆက်ရန် စဉ်းစားထား၏။      အရင်ကတည်းက          မိမိကို ပိုက်ဆံထောက်ပံ့ပေးနေသော   ဒကာကြီး
ဦးထွန်းတင် နှင့် ဒကာမကြီး ဒေါ်ရင်ရင်တို့ အိမ်ကို သွားရောက်နှုတ်ဆက်ဖို့စိတ်ကူးထား၏။

ညနေ ၅ နာရီလောက်တွင်  လာခဲ့မည်ဆိုတဲ့ အကြောင်းကိုလဲ   ကျောင်းသားတစ်ယောက်ကို
နေ့လည်ကတည်းကပြောထားခိုင်းလိုက်လေ၏။

ညနေ ၅ နာရီထိုးသောအခါ   ကျောင်းသားလေးကိုခေါ်၍   ဦးထွန်းတင်တို့ အိမ်ဘက်ကိုထွက်
လာခဲ့ပါသည်။ သိပ်တော့မဝေးပါ။  (၁၀) မိနစ်လောက်လမ်းလျှောက်လိုက်သောအခါ အိမ်းနား
သို့ရောက်လာပါတော့သည်။  ကိုရင်တိက္ခလာနေတာကို  လှမ်းမြင်နေရသည့်အတွက်   ဒကာ
တော်ဦးထွန်းတင်မှာ လှေခါးနားမှ ရပ်လျှက်စောင့်ကြိုနေလေ၏။

ကိုရင်တိက္ခတို့ ခြံဝင်းထဲသို့ရောက်သောအခါ  မထင်မှတ်ဘဲ အိမ်အောက်မှ ခွေးကထွက်လာ
ပြီး ဇွတ်အတင်းဟောင်ပါလေတော့၏။ ဦးထွန်းတင်လဲ သတိမထားမိလိုက်ပေ။

အမှတ်တမဲ့ဆိုတော့ ကိုရင်တိက္ခလဲ   ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ ကြံရာမရတော့သဖြင့် ဖိနပ်ဖြင့်ချွတ်ပေါက်လိုက်ပါသည်။ထိုအခါကျမှ ခွေးလဲ အိမ်အောက်ပြန်ဝင်ပြေးသွားတော့၏။

သို့သော် ကိုရင်တိက္ခပေါက်လိုက်သော   ဖိနပ်မှာ   မြေပေါ်တစ်ချက်ထောက်ပြီး  စောင့်ကြိုနေ
သော ဦးထွန်းတင်၏ ဗိုက်ကိုထိမှန်သွားပါသည်။

``အမလေး ဘုရား  ဘုရား ၊ လက်သံပြောင်လိုက်တာကိုရင်ရယ်´´ ဟုပြောပြီး ဗိုက်ကိုပွတ်ခါ ကိုရင်တိက္ခကို အိမ်ပေါ်ပင့်သွားလေ၏။

သတိလက်လွတ်ဖြစ်ပြီးခွေးကိုပစ်လိုက်တာဒကာကြီးထိမှန်သွားသည်အတွက်စိတ်ထဲမှာ တော့ အားနာသလို        ရှက်သလိုလိုဖြစ်သွားပါသည်။          သို့သော် ထပြန်ရန်လဲ အခက်သား။
ထိုင်လို့သာထိုင်နေရသည်   မျက်နှာပူလှသဖြင့် ကျောင်းကိုဘဲ ပြန်ချင်နေ၏။     ခဏနေတော့ ဒကာမကြီး ဒေါ်ရင်ရင်မှ      လက်ဖက်သုတ်လာကပ်ပါသည်။  စားချင်စိတ်လဲမရှိပေ။ ဘယ်လို
ပြန်ရရင်ကောင်းမလဲဟု စဉ်းစားနေစဉ်

``ကိုရင် လက်ဖက်ဘုဉ်းပေးဦးလေ´´ ဟု ဒကာမကြီးကပြောလိုက်သောအခါ-

``အင်း ပြည့်စုံပါပြီ ဒကာမကြီး´´ ဟုပြန်ဖြေပြီး   လက်သုတ်ပ၀ါဖြင့်    ပါးစပ်ကိုသုတ်လိုက်မိ                 ပါသည်။ အဲဒီတော့မှ ဒကာမကြီးက

``ဟောတော့ ကိုရင်ဘာမှမစားရသေးဘူးလေ၊ ဘာလို့ ပါးစပ်တွေသုတ်နေတာလဲ´´
   ဟုတ်ပါသည်။ ခုမှမိမိကိုယ်ကို ပြန်သတိထားမိလိုက်ပြီး

``အော် ဟုတ် ဟုတ်´´   ပြောပြောဆိုနှင့် ဒကာမကြီးကို     အရှက်ပြေပြုံးပြပြီး   လက်ဖက် တစ်ဇွန်းနှိုက်ပြီး စားရန်ဟန်ပြင်လိုက်ပါသည်။
ဘယ်အချိန်ကတည်းက       သတိထားနေသည်မပြောတတ်ပေ။  လင်မယားနှစ်ယောက်လုံး မိမိကိုကြည့်ပြီး တ၀ါးဝါးရယ်နေကြ၏။   ထိုအခါကျမှ ကိုယ့်ကိုယ်ကို ပြန်ကြည့်မိလိုက်ပါသည်။

သြော် လက်ဖက်ဇွန်းထဲမှာပါလာတာက လက်ဖက်သုပ်မဟုတ်ဘဲ၊     လက်ဘက်ရည်တွေဖြစ်
နေ၏။   သူတို့ကိုအရှက်ပြေပြုံးပြရင်   ဘယ်ကနေ    ဘယ်လိုလက်ဘက်ရည်တွေခပ်မိတယ် မသိပေ။နောက်တော့မှ ဒကာမကြီးက

``ကိုရင်ရယ် ရှက်မနေပါနဲ့ ၊ အေးအေးဆေးဆေးဘုဉ်းပေးစမ်းပါ၊ ကိုယ့်ဦးလေးအိမ်ဘဲ´´

စားလို့သာစားနေရသည် စိတ်ထဲကတော့ သိပ်မလုံချင်။  ဒါ့ကြောင့် စကားအနည်းငယ်ပြောပြီး
``ကဲ ဒကာကြီးတို့ ၊ ကိုရင်ကျောင်းပြန်တော့မယ်၊´´
``အော် ၊ တင်းပ တင်းပ´´
မပြန်ခင် အနည်းငယ်လေး ပြောလိုက်မိပါသေးသည်။

`` ဒကာကြီးတို့ အိမ်ကခွေးတွေကလဲ စပ်လိုက်တာ´´
ဒကာကြီးအနည်းငယ် ကြောင်ကြောင်တောင်တောင်ဖြစ်သွားပြီး
``ကိုရင် ဘယ်လို ဘယ်လို တပည့်တော်တို့အိမ်ကခွေးတွေက စပ်တယ် ဟုတ်လား´´
``သြော် လွဲပြန်ပြီ၊ လက်ဖက်သုပ်က   စပ်တယ်လို့ပြောတာ၊      နောက်ပြီးတော့ ခွေးကလဲ       ကိုက်တယ်လို့ပြောတာဗျို့´´

ထိုအခါကျမှ        လင်မယားနှစ်ယောက်လုံး       အားရပါးရ          ရယ်ကြပါတော့သည်။
``ဟား ဟား ဟား ဟား ဟား ……………………….´´

No comments:

Post a Comment