Monday, June 4, 2012

ဒုက္ခာ မုစ္စန္တု



သြော်   လောက   လောက . . .

အပူသည် လူလည်လုပ်တဲ့ ဒီလောက
သဘောမကျတာတွေပေါတာ ဘာဆန်းလဲ။

အဟုတ်မကြံ ဟန်လုပ်
အဆန်ပြုတ်နေတဲ့ ခေတ်ကိုး။

လုပ်သမျှမဖြစ်လို့ ငြီးကာမှိုင်
စိတ်မခိုင်လို့ သတ်ပြီးသေ
အခက်ကြီးပွေနေတဲ့ ဒီခေတ်။

အင်း ဒီခေတ် ဒီခေတ်
ဒီစနစ်တွေ မပျောက်သရွေ့
ဒီတစ်ကွေ့မှာလဲ
ဒီအတိုင်းဘဲ သံသရာလည်ကြဦးမှာပေါ့။

မပြေးသော်လဲ ကံရာရှိ
ခံစရာရှိတော့ ခံပေရော။

စိတ်လဲ မမောနဲ့ စိတ်လဲ မစောနဲ့။

ဘ၀သံသရာတစ်ခါပတ်ရင်
ကိုယ်အထက်ကရောက်လိမ့်မယ်။

အဲဒီတော့မှ -  -   -   -  -  -
-  -   -  -  -  -  -  -  -  -  -
-  -  -  -  -  -  -  -  -  -  -
ဗြဟ္မစိုရ်တရား ကျင့်သုံးနိုင်အောင်သာ
ကြိုးစားကြပေတော့။

ကိုယ်အလှည့်တစ်ခါပြန် မခံရအောင်ပေါ့။

No comments:

Post a Comment